ရော်နယ်ဒိုကို ခေါ်ယူခဲ့တဲ့ အကြောင်းရင်းကို ပြောပြခဲ့တဲ့ ရွိုင်ကိန်း

ယူနိုက်တက် အသင်းရဲ့ ဂန္တဝင် ကွင်းလယ် ကစားသမား ကိန်းက ဆိုးရှား သည် တိုက်စစ် ကစားသမားတွေရဲ့ စွမ်းဆောင်ရည်တွေအပေါ် ပျော်ရွှင် ကျေနပ်မှု မရှိတဲ့အတွက် ရော်နယ်ဒို ကို ခေါ်ယူခဲ့တာ ဖြစ််နိုင်ကြောင်း သူ့ရဲ့ ထင်မြင် ယူဆချက်တွေကို ဖွင့်ပြောလိုက်တာ တွေ့ရဘာတယ် ။ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် ရက်ဖို့ ၊ …

Read More

အပြောင်းရွေ့ကာလ ပြီးဆုံးတော့မှာပေမယ့် လိုအပ်နေတဲ့ ကွင်းလယ်အဖြတ်အတွက် သွေးအေးနေတဲ့ ယူနိုက်တက်

ယနေ့ဩဂုတ်လ31ရက်နေ့ဟာ Deadline Dayလို့ အများကခေါ်ကြတဲ့ ရာသီကြို အပြောင်းအရွေ့ နောက်ဆုံးနေ့လို့ ပြောလို့ရပါတယ်။ ဒီအပြောင်းအရွေ့မှာ အားလုံးစိတ်ကျေနပ်စရာ တွေရှိခဲ့ပေမယ့် အပြည့်အ၀တော့မဟုတ်ခဲ့ပါဘူး။ ယူနိုက်တက်ရဲ့ ပွဲစဉ်တိုင်းမှာ ပရိတ်သတ်တွေမြင့်တွေ့ရလေ့ရှ်ိတဲ့ အမှားအများဆုံးက ကွင်းလယ်အဖြတ်နေရာပါ။ ဒီနေရာမှာ ဖရတ်၊ တော်မီနေး၊ မာတစ်တို့လို့ ကစားသမားတွေနဲ့ဘဲ ယခုရာသီကို ဖြတ်သန်းမယ်ဆိုရင် အဆင်မပြေလှပါဘူး။ ဝုဗ်နဲ့ပွဲစဉ်မှာ ဖရတ်ရဲ့ အမှားတစ်ချို့က နောက်တန်းကို အလှုပ်ရှုပ်စေခဲ့တာ …

Read More

ပရိတ်သတ်တွေရဲ့အချစ်ကို တော်ကီလှလှလေးတွေနဲ့ သိမ်းပိုက်ခဲ့ပြီး ကျွန်တော်က ဆာအဲလက်စ်အပိုင်ပါဆိုတဲ့ ရော်နယ်ဒို

ကျွန်တော်ဘယ်လိုလူလဲ လူတိုင်းသိပါတယ်။ ကျွန်တော်ရဲ့ မန်ယူအသင်းအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာတွေက ဘယ်တော့မှ ကုန်ဆုံးသွားမှာ မဟုတ်ဘူး ဆိုတာလည်း သိကြမှာပါ။ ကျွန်တော် မန်ယူအသင်းနဲ့အတူ ဖြတ်သန်းခဲ့တဲ့ နှစ်တွေတုန်းက လုံးဝကို အံဩစရာကောင်းနေပြီး သမိုင်းဝင် ရွှေရောင် မှတ်တမ်းတွေကိုလည်း အတူတူရေးထိုးနိုင်ခဲ့ကြပါတယ်။ ကျွန်တော့်ရဲ့ အခုခံစားနေရတဲ့ ခံစားချက်ကို ဘယ်ကဘယ်လိုစပြောကမလဲ​တောင် မသိပါဘူး။ ကျွန်တော် အိုးထရက်ဖို့ဒ်မှာ ပြန်လည်ကစားတော့မယ်လို့ တစ်ကမ္ဘာလုံးကို ကြေညာလိုက်ပါတယ်။ …

Read More

သရဲနီပြန်ဖြစ်ရတာ ဘယ်လောက်ထိကျေနပ်နေလဲပြောပြီး ပရိတ်သတ်တွေရဲ့ အချစ်ကို သိမ်းပိုက်သွားတဲ့ ရော်နယ်ဒို

မန်ယူအသင်းဟာ ဒီနေ့မှာ ရော်နယ်ဒိုကို ခေါ်ယူနိုင်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။ ရော်နယ်ဒိုကို ၂နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး တစ်နှစ်သက်တမ်းတိုးခွင့်လည်း ပါရှိခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ဂျုဗပ်တပ်အသင်းကထွက်ခွာနီးမှာ မန်စီးတီးနဲ့ နာမည်ကြီးခဲ့ပေမယ့် ရော်နယ်ဒိုဂျူဗင်တပ်ကထွက်ခွာဖို့ လေယာဥ်ပေါ်ရောက်ချိန်မှာတော့ မန်ယူအသင်းက ကြားဖြတ်ခေါ်ယူခေါ်ယူခဲ့တာဖြစ်ပါတယ်။ မန်ယူဟာ ရော်နယ်ဒိုအတွက် ဂျူဗင်တပ်ကို ပြောင်းရွေ့ကြေး ၁၅သန်းနဲ့ အပိုဆုကြေး ၈သန်းပေးရမှာဖြစ်ပါတယ်။ ၁၅သန်းကတော့ ၅နှစ်အရစ်ကျနဲ့ပေးမယ်လို့သိရပါတယ်။ ရော်နယ်ဒိုကို ဒီစျေးနဲ့ရခဲ့တာက​တော့ တန်လွန်းမကတန်ပါတယ်။ …

Read More

ကာဗာနီနဲ့ ရော်နယ်ဒိုတို့ကြောင့် မန်ယူအသင်းက အလျင်အမြန်ရောင်းချခြင်းခံခဲ့ရတဲ့ ဂျိမ်းစ်

ရော်နယ်ဒိုအတွက် နံပတ် ၇ ဆိုတာ CR7လို့ အမည်တွင်တဲ့အထိ ဝတ်ဆင်ခဲ့တဲ့ နံပတ် တစ်ခုဖြစ်ပါတယ်။ ရီးရဲမှာ ၉နှစ် နဲ့ ဂျူဗီမှာ ၃နှစ် ၊မန်ယူမှာ ၆နှစ်အထိ ဝတ်ဆင်ခဲ့တာကြောင့် နံပတ် ၇ဟာ ရော်နယ်ဒိုအတွက်ပဲ ဖြစ်သင့်တာပါ။ လက်ရှိမှာတော့ မန်ယူအသင်းမှာ ကာဗာနီက နံပတ်၇ ဝတ်ဆင်ထားတာကြောင့် ရော်နယ်ဒိုအတွက် နံပတ်၇ ရဖို့ အခက်အခဲဖြစ်နေပါတယ်။ …

Read More

ဘရူနို အဲဗက်စ်အတွက် အေးဂျင့်တောင်လုပ်ပေးခဲ့တဲ့ ရော်နယ်ဒို

ပေါ်တူဂီ ဂန္ဓဝင်ကစားသမားရော်နယ်ဒိုရဲ့ ပေါ်ထွက်လာတဲ့အသံဖိုင်အရ သူအသင်းပြောင်းတော့မယ့်အကြောင်းပြောပြီး ပေါ်တူဂီလက်ရွေးစင်အသင်း​က ဘရူနိုအဲဗ်အကြောင်းလည်း ပြောကြားခဲ့ပါတယ်။ မန်ယူအသင်းဟာ ရော်နယ်ဒိုအိုးထရက်ဖို့ဒ်ကို ပြန်လာဖို့ သောကြာနေ့မှာ အလျင်အမြန်လှုပ်ရှားပြီး တရားဝင်ကြေညာခဲ့ပါတယ်။ သူရဲ့အပြောင်းအရွေ့မတိုင်ခင်မှာ ရော်နယ်ဒိုဟာ သူရဲ့သူငယ်ချင်းဖြစ်သူနဲ့ ဆွေးနွေးတိုင်ပင်ခဲ့ပါတယ်။ ဒီအသံဖိုင်ကိုတော့ Futmaisဆိုတဲ့ Twitterကနေတင်ခဲ့တာဖြစ်ပါတယ်။ ထွက်ပေါ်လာတဲ့အသံဖိုင်အရ ရော်နယ်ဒိုက စပို့တင်းနဲ့ ပေါ်တူဂီအသင်းဖော် Palhinhasကို အခုလိုပြောခဲ့ပါတယ်။”ဘာလဲ Palhinhas။ ငါရဲ့ အခြေအနေက ဒီနေ့နေ့လည်၊ည၊ဒါမှမဟုတ် …

Read More

သူရဲ့နောက်မှာ ဆက်ခံတဲ့ မန်ယူကျောနံပတ်၇အကုန်လုံးရဲ့ ဂိုးစုစုပေါင်းထက် ၃၆၈ဂိုးများနေတဲ့ ရော်နယ်ဒို

ယူနိုက်တက်အသင်းဟာ ခရစ္စတီယာနို ရော်နယ်ဒို ထွက်သွားကတည်းက ကျောနံပါတ် ၇ အိပ်မက်ဆိုး စတင်ခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ယူနိုက်တက်မှာ ကြီးကျယ်တဲ့ အချက်အလက်တွေ ပိုင်ဆိုင်ခဲ့ပြီး နောက်ပိုင်း ၁၂နှစ်ကြာ သူ့နေရာ ဆက်ခံသူတွေကတော့ တစ်ဦးမှ အဆိုပါ အချက်အလက်တွေကို လိုက်မီခြင်း မရှိပဲ ပေါ်တူဂီသားဟာ အဆိုပါ ကစားသမားတွ သွင်းဂိုးစုစုပေါင်းထက် ၃၆၈ဂိုးထက် ပိုသွင်းထားခဲ့ပါတယ်။   ၃၆နှစ်သားဟာ …

Read More

ရော်နယ်ဒိုကို အိမ်ပြန်လာမှာကို အမြဲတမ်းစောင့်နေခဲ့တယ်ဆိုတဲ့ဆိုးလ်ရှား

ဒီနှစ်နွေရာသီမှာ အံဩစရာအကောင်းဆုံး အပြောင်းအရွေ့နှစ်ခုထဲက တစ်ခုဖြစ်ခဲ့တဲ့ ရော်နယ်ဒိုကတော့ ဂျူဗင်တပ်ကနေထွက်ခွာပြီး သူ စတင်တောက်ပရာ မန်ချက်စတာမြေကို ပြန်လာခဲ့ပါပြီ။ မန်စီးတီးနဲ့ သတင်းတွေကြီးခဲ့တဲ့ ရော်နယ်ဒိုကို မန်ယူဂန္ဓဝင်တွေ ဘယ်လောက်ထိဝိုင်းပြောခဲ့ကြလဲဆိုတာ နေ့ချင်းပဲ မန်စီးတီးကနေ မန်ယူဖြစ်သွားတဲ့ အထိပါ့ပဲ။ ဂျူဗင်မြေက ထွက်လာတဲ့အထိ မန်စီးတီးဖြစ်ပေမယ့် လေယာဥ်ပေါ်ရောက်ပြီး သိပ်မကြာခင်မှာပဲ မန်ယူဖြစ်သွားတာပါ။ လက်ရှိမှာတော့ ရော်နယ်ဒိုဟာ မန်ယူအသင်းနဲ့ ဆေးစစ်မှုပြီးခဲ့ပြီး ၂၀၂၄အထိ …

Read More

ရော်နယ်ဒိုရောက်ရှိလာပြီး ဂရင်းဝုဒ်ရဲ့ ပွဲဆက်ဂိုးသွင်းမှုကြောင့် ကြည့်ကောင်းမယ် မန်ယူတိုက်စစ်

  မန်ချက်စတာ ယူနိုက်တက်နဲ့ ဝုဗ်ပွပွဲမှာ အနိုင် သွင်းဂိုးကို တိုက်စစ်မှူးလေး မေဆွန် ဂရင်းဝုဒ် ကပဲ သွင်းယူပေးသွားခဲ့ ပါတယ် ။ဂရင်းဝုဒ်ဟာ ယခုပြိုင်ပွဲအပြီးမှာ ပရီးမီးယားလိဂ်သွင်းဂိုး ၂၀ ပြည့်မြောက်ခဲ့ပါပြီ။.ယခင်တုန်းကတော့ ပရီးမီးယားလိဂ် ပြိုင်ပွဲကြီး အတွင်း ဆယ်ကျော်သက် ကစားသမား ဘဝမှာ လိဂ်ဂိုး 20+ သွင်းယူထားနိုင် ခဲ့တဲ့ ကစားသမား 3 ဦးသာ …

Read More

ရော်နယ်ဒို ရောက်လာတာ ပရီးမီးယားလိဂ်အတွက် ကောင်းပါတယ်ဆိုတဲ့ ဂွာဒီဒိုလာ

ရော်နယ်ဒိုဟာ ဂျူဗင်တပ်ကထွက်ခွာတော့မယ့် အချိန်မှာ မန်စီးတီးကို ရောက်ရှိတော့မယ်လို့ သတင်းတွေ ကြီးခဲ့ပေမယ့် နောက်ဆုံးမှာတော့ မန်ယူအသင်းကို ရောက်ရှိသွားခဲ့ပါတယ်။ မန်စီးတီးဟာ ရော်နယ်ဒိုရဲ့ အေးဂျင့်ဖြစ်သူနဲ့ တော်တော်ကြာ ဆွေးနွေးခဲ့ပေမယ့် ရော်နယ်ဒို အပြောင်းအရွေ့ကို မန်ယူဝင်ရောက်လာချိန်မှာတော့ ချက်ချင်းတန်းနောက်ဆုတ်သွားပြီး ရော်နယ်ဒိုကလည်း မန်ယူအသင်းကမ်းလှမ်းတာနဲ့ တပြိုင်နက် မန်စီးဘက်က ကမ်းလှမ်းမှုတွေအကုန်လုံးကို ငြင်းပယ်ကာ သူရဲ့ကစားသမားဘဝ စတင်တောက်ပရာ မန်ယူကိုပဲ လာခဲ့ပါတယ်။ မန်စီးတီးဟာ …

Read More