သူ့ရဲ့ Idolကဘယ်သူလဲဆိုတာ ပြောပြလာတဲ့ ခရစ္စတီယာနိုရော်နယ်ဒို

ဘရာဇီးဂန္ထဝင်တွေဖြစ်ကြတဲ့ ရော်နယ်ဒင်ဟိုနဲ့ ရော်နယ်ဒိုကြီးတို့ဟာသူ့ရဲ့ Idol တွေဖြစ်ကြောင်း စီရော်နယ်ဒိုက ဖွင့်ဟလိုက်ပါတယ်။

ဒါပေမဲ့ သူတို့နှစ်ယောက်ထက် သူက တစ်ဦးချင်းအောင်မြင်မှုတွေပိုရခဲ့ကြောင်း စီရော်နယ်ဒိုက

နောက်ပြောင်ခဲ့ပါတယ်။အဲဒီ်မန်ယူစူပါစတားဟာ ဘရာဇီး version ESPN ရုပ်သံနဲ့ အင်တာဗျူးခဲ့တာဖြစ်ပြီး

သူငယ်စဉ်က လေးစားအားကျခဲ့ရတဲ့ ဆမ်ဘာဂန္ထဝင်နှစ်ယောက်ကို ဖွင့်ပြောခဲ့တာပါ။

ရော်နယ်ဒင်ဟိုနဲ့ ရော်နယ်ဒိုကြီးတို့ဟာ ၂၀၀၂ ကမ္ဘာ့ဖလားမှာ အတူတကွဗိုလ်စွဲခဲ့ကြပြီး

သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားတွေထဲက နှစ်ယောက်လို့ သတ်မှတ်ခံထားရတာပါ။”ကျွန်တော်က နှိုင်းယှဉ်မှုတွေကို မကြိုက်ပါဘူး။ သူတို့နှစ်ယောက်ဟာ

သူတို့သမိုင်းမှာ အကောင်းဆုံးတွေချန်ထားနိုင်ခဲ့တာလို့ ပြောရတာကို ပိုကြိုက်ပါတယ်။

အချက်အလက်တွေအရတော့ ကျွန်တော်က သူတို့နှစ်ယောက်ထက် တစ်ဦးချင်းအောင်မြင်မှုတွေပိုရခဲ့တာပေါ့ဗျာ။

ဒါပေမဲ့ နှစ်ယောက်စလုံးက ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲခဲ့ကြတာပါ။သူတို့နှစ်ယောက်ကစားတာကိုကြည့်ရင်း ကျွန်တော်ကြီးပြင်းလာခဲ့တာပါ။

သူတို့နှစ်ယောက်မှာ ဘယ်သူက အကောင်းဆုံးလဲဆိုတာ အရေးမကြီးပါဘူး။

သူတို့ဟာ Idol တွေဖြစ်ပြီး ဘောလုံးမှာ လှပတဲ့သမိုင်းကြောင်းချန်ခဲ့တာလို့ပြောရတာကို ပိုကြိုက်ပါတယ်”လို့ ၃၆ နှစ်အရွယ် စီရော်နယ်ဒိုက ဖြေခဲ့တာပါ။

စီရော်နယ်ဒိုဟာ ပေါ်တူဂီနဲ့အတူ ကမ္ဘာ့ဖလားဗိုလ်မစွဲဖူးသေးဘဲ ၂၀၂၂ ကမ္ဘာ့ဖလားက

သူ့ရဲ့နောက်ဆုံးအခွင့်အရေးဖြစ်နိုင်ပေမယ့် ပေါ်တူဂီဟာ အဲဒီအတွက် ခြေစစ်ပွဲမအောင်သေးပါဘူး။

အဲဒီ Ballon d’Or ၅ ဆုရှင်ဟာ နိုင်ငံအသင်းရဲ့ကပ္ပတိန်အဖြစ်နဲ့တော့ ယူရို ၂၀၁၆ မှာ ဗိုလ်စွဲခဲ့ပါတယ်။

သူဟာ ၂၀၁၉ က ပထမဆုံးအကြိမ်နေးရှင်းလိဂ်မှာ ဗိုလ်စွဲခဲ့သလို နိုင်ငံအသင်းဘောလုံးသမိုင်းမှာဂိုးသွင်းအများဆုံးအဖြစ်လည်း စံချိန်တင်ထားပါတယ်။

ခရက် ဒစ်

Leave a Reply

Your email address will not be published.