ခြေစွမ်းကျဆင်းမှုတွေကြောင့် လီးဂျန့်ကြီးတွေရဲ့ အားပေးမှူကို အထူးတလည်ရရှိခဲ့တဲ့ ရက်ဖို့ဒ်

ပြီးခဲ့တဲ့ အက်စတွန်ဗီလာနဲ့ ပွဲစဉ်မှာ ယူနိုက်တက်ရဲ့ တိုက်စစ်မှူး ရက်ဖို့ဒ်ကတော့ ခြေစွမ်းသိသိသာသာ

ကျဆင်းခဲ့ပြီး ရသင့်တဲ့ အခွင့်အရေးတွေကိုလည်း ဖြုန်းတီးနေခဲ့ပါတယ်။

အဆိုပါပွဲစဉ်အတွင်းမှာ ရက်ဖို့ဒ်ကို ပရိတ်သတ်တွေက ” မကစားချင်ထွက်သွားတော့ ”

“မင်းက ချီးထုတ်ဘဲ ” ” အလကားကောင် ” စတဲ့ အသုံးအနှုန်းတွေနဲ့ အော်ဟစ် ပြောဆိုခံခဲ့ရပါတယ်။

အင်္ဂလန်သား ရက်ဖို့ဒ်ကို ပွဲအပြီးမှာလည်း ဆိုရှယ် မီဒီယာတွေ အပေါ်မှာ ပြောဆိုမှုတွေက တစ်ဖြေးဖြေးနဲ့ ပြင်းထန်လာခဲ့ပါတယ်။

ယူနိုက်တက်လို အသင်းကြီး တစ်သင်းရဲ့ ကစားသမား‌က ယခုလို လူမပေး၊ ခြေစွမ်းမပြဘဲ

စိတ်မပါလက်မပါနဲ့ ကစားနေတာက ပြောရင်လည်း ပြောချင်စရာပါ။

ယခုရာသီမှာ မြန်မာပရိတ်သတ်တော်တော်များများက ပရဟိတမင်းသားလို့

ပြောရလောက်အောင် ကွင်းပြင်ပ ကိစ္စတွေမှာ သတင်းတွေကြီးခဲ့ပေမယ့် ခြေစွမ်းပိုင်းက ဆိုးရွားနေခဲ့ပါတယ်။

ဒါပေမယ့် အင်္ဂလန်သား အကယ်ဒမီထွက် ဆိုတော့ ယူနိုက်တက်ဘုတ်အဖွဲ့နဲ့ လီးဂျန့်တွေအကြားမှာတော့ ချစ်ခင်မှုတွေ ရရှိထားပါတယ်။

ရက်ဖို့ဒ်အတွက် ဒေဗစ်ဘက်ခမ်း၊ အလန်ရှီယာ၊ ပေါ့အင့် တို့လို လီးဂျန့်ကြီးတွေထံမှ အားပေး စကားကို လက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။

ရက်ဖို့ဒ်ဘက်ကလည်း ဒီလို အင်္ဂလန် လီးဂျန့်ကြီးများနှင့် တွေ့ဆုံစကားပြောချင်နေပြီး

လက်ရှိအချိန်၌ သူ့အတွက်ခက်ခဲ သောအချိန်ကိုဖြတ်သန်းနေရခြင်းဖြစ်ကြောင်း လက်ခံ ထားတယ်လ်ို့ သိရပါတယ်။

ရက်ဖို့ဒ်တစ်ယောက် ခြေစွမ်းကောင်းတွေနဲ့အတူ သူ့အမှားတွေအတွက် ပြန်လည်ခြေပနိုင်ပြီး ‌

မြက်ခင်းစိမ်းပေါ်မှာ ပြန်လည်မြင်တွေ့ရမလားဆတာ စောင့်ကြည့်ရမှာပါ။

TSSoe

Leave a Reply

Your email address will not be published.