ဗန်ဒီဘိခ် ဝင်လာပြီးမှ ဗီလာအသင်းကို ထိန်းချုပ်နိုင်ခဲ့လို့ ပွဲထွက်ကစားသမားအဖြစ်အသုံးပြုဖို့ ရန်းနစ်ကို ဝိုင်းဝန်းတောင်းဆို

ဗီလာကို ၁-၀ နဲ့အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲမှာ ဗန်ဒီဘိခ် ဝင်လာပြီးမှ ပြိုင်ဘက်ကိုထိန်းချုပ်နိုင်ခဲ့တယ်လို့

မန်ယူနည်းပြ ရန်းနစ်ခ်က ဝန်ခံလိုက်တာကြောင့် လာမယ့်ပွဲတွေမှာသူ့ကိုဦးစားပေးစာရင်းကနေ

ထည့်သွင်းကစားဖို့ ပရိသတ်တွေကတောင်းဆိုနေကြပါတယ်။

၂၀၂၀ နွေရာသီက အေဂျက်ဇ်ကနေပေါင်သန်း ၄၀ နဲ့ပြောင်းလာတဲ့ ဗန်ဒီဘိခ်ဟာ မန်ယူအသင်းမှာအရန်အဖြစ်သာရှိနေသူအဖြစ် လူသိများတဲ့သူပါ။

ဒါပေမယ့် ဗီလာနဲ့အက်ဖ်အေဖလားပွဲမှာ ၇၂ မိနစ်မှာ ကာဗာနီအစားလူစားဝင်ကစားခဲ့သူဖြစ်ပါတယ်။

အဲဒီအချိန်မှာ မန်ယူက ၁-၀ နဲ့နိုင်နေပေမယ့် ပြိုင်ဘက်ကဖိအားပေးနေတာကြောင့် ရုန်းကန်နေရတဲ့အချိန်ဖြစ်ပါတယ်။

ဒါပေမယ့်သူဝင်လာပြီးနောက်မှာတော့ မန်ယူဟာကစားပုံပြန်လည်ကောင်းမွန်ခဲ့ပြီး

ဖိအားတွေအောက်ကနေရုန်းထွက်နိုင်ခဲ့ကာ ပွဲကိုလည်းပြန်ပြီးထိန်းချုပ်လာနိုင်ခဲ့တာပါ။

ဒါကြောင့်လည်းမန်ယူပရိသတ်တွေက အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ အဲဒီနယ်သာလန်သားကို

ဘာကြောင့်ပွဲထွက်လူစာရင်းကနေပိုပြီးမသုံးရသလဲဆိုတာကို မေးခွန်းထုတ်လာကြတာပါ။

ဒီပွဲအပြီးမှာ ရန်းနစ်ခ်က” ဒွန်နီ(ဗန်ဒီဘိခ်)ဝင်လာပြီးနောက် ကွင်းလယ်စိန်ပွင့်ပုံစံပြောင်းလိုက်တဲ့အခိုက်အတန့်ကစပြီး

ကျွန်တော်တို့ဟာပွဲကိုထိန်းချုပ်နိုင်ခဲ့သလို တန်ပြန်တိုက်စစ်တွေလည်းပြန်ဆင်နိုင်ခဲ့ပါတယ်” လို့ပြောသွားပါတယ်။

ဒါကြောင့်လည်း ပရိသတ်တစ်ဦးက ရန်းနစ်ခ်အနေနဲ့အဲဒီလိုသိနေရင် ဒွန်နီ ကိုဘာကြောင့်ပွဲထွက်ခွင့်ပိုမပေးရသလဲလို့ မေးခွန်းထုတ်ပါတယ်။

နောက်တစ်ယောက်ကလည်း” ဒီလိုစိတ်ကူးရှိမှတော့ ပေးကစားလိုက်တော့ပေါ့’ လို့ပြောခဲ့သလို နောက်တစ်ယောက်ကလည်း

‘ နောက်ပွဲမှာ ဗန်ဒီဘိခ်တစ်ယောက်ပွဲထွက်စာရင်းကနေမပါဘူးဆိုရင် ရန်းနစ်ခ်ထွက်ဖို့ဘဲတောင်းဆိုတော့မယ်။

ပွဲပြီးမှအခုလိုတွေပြောပြီး အရန်ခုံမှာဒီအတိုင်းထားလို့တော့မရဘူး” လို့ဆိုခဲ့ပါတယ်။

နောက်ထပ်တစ်ယောက်ကတော့” ဘယ်နည်းနဲ့မဆို ဗန်ဒီဘိခ်တစ်ယောက် နောက်တစ်ပွဲမှာလည်းအရန်ခုံမှာရှိနေဦးမှာဘဲ” လို့ပြောသွားပါတယ်။

တိုက်ဆိုင်တာကတော့ မန်ယူရဲ့လာမယ့်ပရီးမီးယားလိဂ်ပွဲစဥ်ဟာ ဗီလာနဲ့ဘဲဖြစ်ပြီး

အဝေးကွင်းကစားရမှာဖြစ်လို့ ဗန်ဒီဘိခ် တစ်ယောက်ပွဲထွက်လာမလားဆိုတာ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

ခရက် ဒစ်

Leave a Reply

Your email address will not be published.