
မန်စီးတီးအသင်းရဲ့ကစားသမား ကန်ဆယ်လိုဟာ ရော်နယ်ဒိုကို မန်စီးတီးအသင်းထံ
လာကစားဖို့ ဖိတ်ခေါ်လိုက်ပါတယ်။မန်ယူလို ရုန်းကန်နေရတဲ့အသင်းမှာတောင် ၂၄ဂိုးထိ
သွင်းထားနိုင်တဲ့ ရော်နယ်ဒိုကို မန်စီးတီးကို ရောက်လာရင် တစ်ရာသီ ဂိုး(၅၀)လောက် အသာအယာ
သွင်းနိုင်တယ်လို့ ဆိုလိုက်တဲ့ မန်စီးတီးကစားသမား ဂျာအို ကန်ဆယ်လိုကပြောလိုက်ပါတယ်။
Joāo Cancelo ” ရော်နယ်လ်ဒိုကို မန်စီးတီးအသင်းဆီလာဖို့ ကျွန်တော် တောင်းဆိုပါတယ်။
သူသာ မန်စီးတီးကို လာမယ်ဆိုရင် တစ်ရာသီ အနည်းဆုံး ဂိုး(၅၀)လောက် သွင်းနိုင်မှာ
သေချာပါတယ်။ ဘာလို့လည်းဆိုတော့ သူ့ဆီမှာ အဲ့လိုစွမ်းဆောင်နိုင်မယ့် အစွမ်းရှိနေလို့ပါ။
ရော်နယ်လ်ဒိုက ကမ္ဘာပေါ်မှာ သူမတူတဲ့ အကောင်းဆုံးကစားသမား တစ်ယောက်ပါ ”
ကန်ဆယ်လိုနဲ့ ရော်နယ်လ်ဒိုတို့ဟာ ဂျုဗင်တပ်အသင်းမှာ အတူတွဲကစားခဲ့ကြသလို၊
ပေါ်တူဂီလက်ရွေးစင်အသင်းမှာလည်း ကစားဖော်တွေ ဖြစ်ကြပါတယ်။
လက်ရှိမှာတော့ မန်စီးတီးအသင်းဟာ ဒေါ့မွန်အသင်းရဲ့ လူငယ်တိုက်စစ်မှူး ဂိုးသွင်းစက်
ဟာလန်းကို ခေါ်ယူခဲ့ပြီး တိုက်စစ်မှူးစစ်စစ်မရှိပဲ အရေးနဲ့အကြောင်းနဲ့ဆို ဂိုးရဖို့ခက်နေတဲ့
ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားနေပါတယ်။ရော်နယ်ဒိုဟာလည်း မန်စီးတီးကို ရောက်မယ်လို့
သတင်းတွေ ထွက်ပြီးမှ ဖာဂူဆန်ရဲ့ စကားတစ်ခွန်းနဲ့အတူ မန်ယူကို ရောက်ရှိသွားတာဖြစ်ပါတယ်။
crd