
စစ်တမ်း အချက်အလက်တွေ အရ ဒီရာသီ ပရီးမီးယားလိဂ်မှာ မန်ချက်စတာ ယူနိုက်တက်
အသင်းအတွက် နိုင်ပွဲရယူခဲ့ရာမှာ အဓိက အကျဆုံးသူ ဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်ဒို မဟုတ်ဘဲ
အသင်းခေါင်းဆောင် မက်ဂွိုင်းယားနဲ့ ကွင်းလယ်လူ ဖရက်ဒ်တို့ဖြစ်နေပါတယ်၊ မက်ဂွိုင်းယားဟာ
ဒီရာသီ တစ်လျှောက်လုံး ဆိုးရွားတဲ့ ခြေစွမ်းကိုသာ ပြသခဲ့ပြီး ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရသလို
ရန်းနစ် လက်ထက်မှာ ပုံစံကောင်းပြန်ရခဲ့တဲ့ ဖရက်ဒ်ကလည်း အဲဒီမတိုင်ခင်မှာ ပုံမှန် စွမ်းဆောင်ရည်သာ
ရှိခဲ့ပေမယ့် သူတို့ နှစ်ယောက်ဟာ အံ့အားသင့်စရာ ကောင်းအောင် မန်ချက်စတာ ယူနိုက်တက်
အသင်းရဲ့နိုင်ပွဲမှာ အရေးအပါဆုံး ကစားသမားတွေ ဖြစ်နေခဲ့ပါတယ်၊ ဒီရာသီ ပရီးမီးယားလိဂ်မှာ
မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် (၁၀)ပွဲအထက် ကစားခဲ့တဲ့ ကစားသမားတွေထဲမှာ
ဖရက်ဒ်နဲ့ မက်ဂွိုင်းယားဟာ လက်ရှိ အသင်းလူစာရင်းရဲ့ အကောင်းဆုံးသူတွေ ဖြစ်နေကြပါတယ်။
လက်ရှိ အသင်းလူစာရင်းရဲ့ အကောင်းဆုံးသူတွေ ဖြစ်နေကြပါတယ်။ ဖရက်ဒ်ဟာ သူပါဝင်ကစားခဲ့တဲ့
ပရီးမီးယားလိဂ် (၂၇)ပွဲမှာ (၁၄)ပွဲ အနိုင်ရခဲ့ပြီး အနိုင်ရ ရာခိုင်နှုန်း (၅၁.၉%)အထိ ရှိခဲ့သလို မက်ဂွိုင်းယားကလည်း
(၂၉)ပွဲ ကစားအပြီးမှာ (၁၅)ပွဲ အနိုင်ရခဲ့တာကြောင့် ရာခိုင်နှုန်း (၅၁.၇%)အထိ ရှိနေတာပဲ ဖြစ်ပါတယ်။
crd