
မန်ယူအသင်းဟာ ချန်ပီယံဘိဂ်ဝင်ခွင့်မရတော့တာကြောင့် ချန်ပီယံလိဂ်ဘုရင်ကြီး ရော်နယ်ဒို
အနေနဲ့ မန်ယူမှာ ဆက်နေပါ့မလားဆိုတဲ့ မေးခွန်းဟာ ပရိတ်သတ်တွေအသိချင်ဆုံးမေးခွန်းဖြစ်နေပါတယ်။
ရော်နယ်ဒိုကတော့ နောက်ရာသီမှာ နည်းပြသစ်တန်ဟန်နဲ့အတူ မန်ယူအတွက် ဖလားတွေ
ဆွတ်ခူးပေးဖို့ ကြိုးစားမယ်လို့ ပြောဆိုလိုက်ရင်း တန်ဟန်ကို အချိန်ပေးဖို့ လိုတယ်လို့မန်ယူကို သတိပေး ပြောကြားသွားပါတယ်။
“ကျွန်တော်တို့အားလုံးဟာ တန်ဟန် မန်နေဂျာသစ်ဖြစ်လာမှာကို ပျော်ရွှင်နေပြီး စိတ်လှုပ်ရှားနေကြပါတယ်။
ကစားသမားတစ်ယောက်အနေနဲ့ရော ပရိတ်သတ်တစ်ယောက်အနေနဲ့ရောပေါ့။တန်ဟန်နဲ့အတူ
နောက်နှစ်မှာ မန်ယူအသင်းအတွက် ဖလားတွေဆွန်ခူးနိုင်မယ်လို့ ယုံကြည်ပါတယ်။
တန်ဟန်ဟာ အေဂျက်နဲ့အတူ ကောင်းမွန်စွာလုပ်ပြနိုင်တာကို ကျွန်တော်တို့ သိထားပါတယ်။
သူကအတွေ့အကြုံများတဲ့ နည်းပြဖြစ်ပေမယ့် ကျွန်တော်တို့အနေနဲ့သူ့ကို အချိန်နည်းနည်းပေးဖို့တော့လိုပါတယ်။
သူအနေနဲ့ ပြောင်းလဲသင့်တာတွေပြောင်းလဲတာ အောင်မြင်ခဲ့ ရင် မန်ယူအသင်းဟာ အောင်မြင်လာပါလိမ့်မယ်။
ဒါကြောင့် သူကောင်းကောင်းလုပ်နိုင်ပါစေလို့ ကျွန်တော်အနေနဲ့ ဆန္ဒပြုပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။
တန်ဟန်ဟာ ဒီနွေမှာ အကြံပေးအရာရှိရန်းနစ်နဲ့အတူ မန်ယူအသင်းလူစာရင်းကို မြေလှန်ပစ်ဖို့
ကြိုးစားမှာဖြစ်ပြီး အပျင်းထူပြီး မကြိုးစားတဲ့ ကောင်တွေကို အသင်းကနေ ရောင်းထုတ်ဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်။
HH