Home Sport မန်စီးတီးတိုက်စစ်မှူးသစ်ဖြစ်လာတဲ့ ဟာလန်းရဲ့ ခြေစွမ်းနဲ့ပတ်သတ်ပြီး သတိပေးလိုက်တဲ့ ရော်နယ်ဒို

မန်စီးတီးတိုက်စစ်မှူးသစ်ဖြစ်လာတဲ့ ဟာလန်းရဲ့ ခြေစွမ်းနဲ့ပတ်သတ်ပြီး သတိပေးလိုက်တဲ့ ရော်နယ်ဒို

0
မန်စီးတီးတိုက်စစ်မှူးသစ်ဖြစ်လာတဲ့ ဟာလန်းရဲ့ ခြေစွမ်းနဲ့ပတ်သတ်ပြီး သတိပေးလိုက်တဲ့ ရော်နယ်ဒို
data-language="en"

မန်စီးတီးက ခေါ်ယူခဲ့တဲ့ ၂၁ နှစ်အရွယ်နော်ဝေတိုက်စစ်မှုးလေး ဟာလန်းရဲ့ဂိုးသွင်းနှုန်းတွေ​ကြောင့်

data-language="en"

လာမယ့်ရာသီကို မျှော်လင့်ပြီး မန်စီးတီးနဲ့ ဟာလန်းတို့ရဲ့ပေါင်းစပ်မှုကို မျှော်လင့်ပြောဆိုနေကြမှုများစွာ ရှိနေကြပေမယ့် သရဲနီတိုက်စစ်မှုူး

ရော်နယ်ဒိုကတော့ ဟာလန်းကို ကောက်ရိုးမီးလို ကျရှုံးသူမဖြစ်ဖို့ အရင်ကတည်းကသတိပေးထားသူဖြစ်နေပါတယ်။

data-language="en"

ဟာလန်းဟာ မိုလ်ဒီ၊ ဆဲလ်ဘတ်၊ ဒေါ့မွန် စတဲ့အသင်းတွေမှာ ဂိုးသွင်းနှုန်းကောင်းမွန်မှုနဲ့အတူ သူ့ရဲ့နာမည်ကို တည်ဆောက်ပြီး

ကမ္ဘာ့ဘောလုံးလောကမှာ နာမည်ကျော်လာသူပါ။ဟာလန်းကို အပြိုင်လိုက်ကြတဲ့ အသင်းတွေထဲကမှ

data-language="en"

မန်စီးတီးက ပေါင် ၅၁ သန်းတည်းနဲ့ဟာလန်းဟာ မန်စီးတီးကို ပြောင်းဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ

အချက်အလက်တွေသဘောတူညီထားပြီဖြစ်ပြီး အခုလာမယ့် စနေ/ တနင်္ဂနွေကျရင် မန်စီးတီးက

တရားဝင်သတင်းထုတ်ပြန်မယ်လို့လည်း သတင်းတွေက ဖော်ပြထားကြပါတယ်။ဟာလန်း

မန်စီးတီးကို ရောက်လာတာဟာ နဂိုကကောင်းပြီးသားဖြစ်တဲ့မန်စီးတီးအတွက် မြင်းကို

ဂျိုတပ်ပေးလိုက်သလို ဖြစ်နေတယ်လို့လည်းသုံးသပ်မှုတွေ ရှိပါတယ်။ ဒါပေမယ့် မန်စီးတီးမှာ ဟာလန်းအရင်ကလို

တွေ အရမ်းသွင်းပြီး ခြေစွမ်းပြနိုင်ပါ့မလားဆိုတာကတော့ စောင့်ကြည့်ဖို့လိုနေတာ အမှန်ပါ။

မန်ယူမှာ ထွန်းတောက်ပြီး ရီးရဲလ်မှာ လင်းလက်ကာဂျုဗင်တပ်စ်မှာ အရှိန်အဝါကြီးခဲ့တဲ့

ရော်နယ်ဒိုကတော့ ဟာလန်းရဲ့ထွန်းတောက်မှုတွေကို သတိပြုမိပေမယ့် သူ့လိုပဲ

လင်းလက်ကာအရှိန်အဝါကြီးသူဖြစ်လာပါ့မလားဆိုတာကိုတော့ သံသယဝင်နေပုံပါ။

ကစားသမား တစ်ဦးတည်းကို ကွက်ပြီး သူကတော့အကောင်းဆုံးပဲလို့ရွေးချယ်ဖို့က ခက်ခဲသွားပါပြီ။

ဒါပေမယ့် ဟာလန်း၊ ဘာပေးတို့လိုဒီနေ့ခေတ်လူငယ်ကစားသမား မျိုးဆက်သစ်တွေကိုကြည့်ရတာ

စိတ်လှုပ်ရှားစရာပါပဲ ” လို့ ရော်နယ်ဒိုက ၂၀၂၁ အတွင်းမှာဟာလန်းနဲ့ ပတ်သက်ပြီး ချီးကျူးခဲ့ပါတယ်။

။ဒါပေမယ့် ချီးကျူးရုံအပြင် ရာသီတိုင်းခြေစွမ်းပြနိုင်သူဖြစ်ဖို့နဲ့ ​ကောက်ရိုးမီးလိုကျရှုံးသူမဖြစ်ဖို့လိုတာကိုလည်း

ရော်နယ်ဒိုက အခုလို သတိပေးခဲ့ပါသေးတယ်။” တချို့ကစားသမားတွေက ၁ ရာသီ၊ ၂ ရာသီလောက်​ကောင်းတယ်။

တကယ့်ကို ကောင်းတဲ့ကစားသမားတွေကတော့ တစ်ရာသီပြီး တစ်ရာသီသူတို့ရဲ့ ခြေစွမ်း​ကောင်းတွေကို

ဆက်ထိန်းသွားနိုင်ကြတယ်။ဒီလိုလုပ်နိုင်ဖို့ကလည်း မလွယ်ပါဘူး။ တကယ့်ကို ခက်ခဲ့တဲ့

ကြိုးစားမှုတွေ၊ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ ပိုင်းဖြတ်မှုနဲ့ လုပ်ဆောင်မှုတွေလည်း လိုအပ်ပါတယ်” လို့

ရော်နယ်ဒိုက မှတ်ချက်ပေးခဲ့တာပါ။ ရော်နာ်ဒိုဟာ အသက် ၃၇ နှစ်ရှိပြီဖြစ်ပေမယ့်ပြင်းထန်တဲ့

ကြိုးစားအားထုတ်မှုတွေကို လျော့ချခြင်း မရှိသေးပါဘူး။မန်ယူကို တစ်ကျော့ပြန်ရောက်လာတဲ့

ပထမဆုံးရာသီမှာလည်း စုစုပေါင်း၂၄ ဂိုးနဲ့အတူ ပြိုင်ပွဲစုံ ဂိုးအများဆုံးသွင်းသူဖြစ်နေပါတယ်။

ဟာလန်းကိုလည်း မန်စီးတီးကို မပြောင်းခင်ကတည်းက တစ်ရာသီတည်းခြေစွမ်းပြတဲ့ ကောက်ရှိုးမီးလို

မဟုတ်ဘဲ သူ့လိုပဲ ရာသီတိုင်း ရာသီတိုင်း၊ဆက်တိုက် ခြေစွမ်းပြနိုင်တဲ့ ကစားသမားတစ်ဦးဖြစ်လာစေချင်လို့မှတ်ချက်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

crd

data-language="en"

LEAVE A REPLY

Please enter your comment!
Please enter your name here