
မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဟယ်ရီမက်ဂွိုင်းယားဟာဆယ်ကျော်
သက်ရွယ်ကတည်းကချစ်ကြိုက်လာခဲ့တဲ့ဖန်းဟော်ကင်နှင့်တရားဝင်လက်ထပ်လိုက်ပြီဖြစ်ပါတယ်။
၎င်းတို့စုံတွဲဟာပြီးခဲ့တဲ့ကြာသပတေးနေ့တုန်းကခရူဝီမှတ်ပုံတင်ရုံးတွင် လျို့ဝှက်စွာ
လက်ထပ်လိုက်ကြတာဖြစ်ပြီးနွေရာသီတွင်မှလက်ထပ်ပွဲကျင်းပသွားပါမယ်။
ယူနိုက်တက်နှင့်အင်္ဂလန်ဗဟိုနောက်ခံလူမက်ဂွိုင်းယားဟာအဖြူရောင်အင်္ကျီ၊
အနက်ရောင်ဘောင်းဘီဖြင့်ယင်းရုံးမှထွက်ခွာလာခဲ့တာတွေ့ရပါတယ်။
အသက်၂၉နှစ်ရှိဖန်းမှာလည်းအဖြူရောင်အိတ်၊နို့နှစ်ရောင်ဝမ်းဆက်ဖြင့်ထွက်ခွာ
လာခဲ့သလိုလက်သူကြွယ်တွင်ကြီးမားတဲ့လက်ထပ်လက်စွပ်ဝတ်ဆင်ထားတာတွေ့ရပါတယ်။
ဟယ်ရီမက်ဂွိုင်းယားဟာကြာသပတေးနေ့နံနက်ပိုင်းတုန်းကယူနိုက်တက်နှင့်
အတူလေ့ကျင့်ခန်းဆင်းပြီးနောက် ခရူဝီမှတ်ပုံတင်ရုံးသို့တန်းသွားကာလက်ထက်ခဲ့တာဖြစ်ပါတယ်။
ယင်းလက်ထပ်ပွဲသို့အနီးစပ်တဲ့မိသားစုဝင်များနှင့်သူငယ်ချင်းအချို့ကိုသာဖိတ်ကြားခဲ့ပါတယ်။
ဟယ်ရီမက်ဂွိုင်းယားတို့ဇနီးမောင်နှံဟာလာမယ့်နွေရာသီတွင် ပြပြင်သစ်နိုင်ငံတွင်
ကြီးကျယ်ခမ်းနားစွာမင်္ဂလာပွဲကျင်းပသွားပါမယ်။မက်ဂွိုင်းယားနှင့်ဖန်းတို့ဟာဆယ်ကျော်
သက်ရွယ်ကတည်းကချစ်ကြိုက်လာခဲ့တာဖြစ်ပြီးလက်တွဲလာခဲ့တာဆယ်စုနှစ်တစ်ခုကျော်ပြီဖြစ်ပါတယ်။
crd