Home Sport ပရီးမီးယားလိဂ်အကောင်းဆုံးဆုကို နှစ်ကြိမ်မြောက်ရပြီးနောက် သူ့ရဲ့အနာဂတ်နဲ့အတူ အောင်ပွဲကို အမြဲဆာလောင်တယ်လို့ ကြုံးဝါးခဲ့တဲ့ ရော်နယ်ဒို

ပရီးမီးယားလိဂ်အကောင်းဆုံးဆုကို နှစ်ကြိမ်မြောက်ရပြီးနောက် သူ့ရဲ့အနာဂတ်နဲ့အတူ အောင်ပွဲကို အမြဲဆာလောင်တယ်လို့ ကြုံးဝါးခဲ့တဲ့ ရော်နယ်ဒို

0
ပရီးမီးယားလိဂ်အကောင်းဆုံးဆုကို နှစ်ကြိမ်မြောက်ရပြီးနောက် သူ့ရဲ့အနာဂတ်နဲ့အတူ အောင်ပွဲကို အမြဲဆာလောင်တယ်လို့ ကြုံးဝါးခဲ့တဲ့ ရော်နယ်ဒို
data-language="en"

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဓိကတိုက်စစ်မှူးဖြစ်သူ ခရစ္စတီယာနို ရိုနယ်ဒိုဟာ

data-language="en"

ဒီရာသီမှာ သူ့ရဲ့ ဒုတိယအကြိမ်မြောက် ပရီးမီးယားလိဂ်ရဲ့ တစ်လတာအကောင်းဆုံးသမားဆုကို

ထပ်မံဆွတ်ခူးနိုင်ခဲ့ပြီးတဲ့နောက် နိုင်ပွဲတွေနဲ့ အောင်မြင်မှုတွေအတွက် သူ့ရဲ့ ဆာလောင်မှုဟာ

data-language="en"

ဘယ်တော့မှ ပျောက်ကွယ်သွားမာ မဟုတ်ဘူးလို့ ပြောဆိုကြုံးဝါးလိုက်ပါတယ်။

ပေါ်တူဂီကြယ်ပွင့်ဟာ အင်မတန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်မျိုး ပြသနိုင်ခဲ့ပြီးတဲ့နောက်

data-language="en"

ဧပြီလအတွက် အကောင်းဆုံးဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ရိုနယ်ဒိုဟာ ပြီးခဲ့တဲ့လအတွင်းမှာ

လေးပွဲကစားခဲ့ပြီး ငါးဂိုးသွင်းယူခဲ့ကာ၊ သူ့ရဲ့ သွင်းဂိုးတွေနဲ့ အသင်းအတွက် စုစုပေါင်း

လေးမှတ်ရရှိအောင် ကူညီပေးခဲ့ပါတယ်။ ရိုနယ်ဒိုဟာ သူ့ရဲ့ ဟတ်ထရစ်သွင်းဂိုးနဲ့

အိုးထရက်ဖို့ဒ်မှာ နောဝစ်ရှ်အသင်းကို ၃-၁ နဲ့ အနိုင်ရစေခဲ့သလို၊ ချယ်လ်ဆီးအသင်းနဲ့ ၁-၁

သရေကျခဲ့တဲ့ ပွဲမှာလည်း ချေပဂိုးသွင်းယူခဲ့ပြီး သရေတစ်မှတ်ယူပေးခဲ့ပါတယ်။ ဒါ့အပြင်

အာဆင်နယ်အသင်းကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ အဝေးကွင်းပွဲမှာလည်း မန်ယူအသင်းအတွက်

တစ်ဂိုးသွင်းယူခဲ့ပါတယ်။ ရိုနယ်ဒိုဟာ ဒီရာသီ သူ့ရဲ့ ဒုတိယအကြိမ်မြောက် ရဖို့အတွက်

မန်ချက်စတာစီးတီးရဲ့ ကစားသမားနှစ်ဦးဖြစ်တဲ့ ကယ်ဗင် ဒီဘရိုင်းနဲ့ ဂါဘရီရယ် ဂျီးဆပ်တို့ကို

ကျော်ဖြတ်ခဲ့ရတာလည်း ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ ရိုနယ်ဒိုဟာ သူ့ရဲ့ အင်စတာဂရမ်ကနေတဆင့်

လက်ကျန် ကစားသမားဘဝမှာ နောက်ထပ်အောင်မြင်မှုတွေရဖို့ ကြိုးစားသွားအုန်းမာ‌ဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ “ ဒီ‌ဆုဟာ ကျွန်တော့်ရဲ့ ”

“ ဒုတိယအကြိမ်မြောက် ပရီးမီးယားလိဂ်တစ်လတာ အကောင်းဆုံးကစားသမားဆုဖြစ်တယ်၊

ကစားသမားဘဝမှာဆိုရင်တော့ ခြောက်ကြိမ်မြောက်ပေါ့။ ကျွန်တော့်ရဲ့ ကစားသမားဘဝ

အစောပိုင်းတုန်းကလို ဒီနေ့မှာ ဆုရတဲ့အတွက် ပျော်ပါတယ်၊ ကျွန်တော့်ရဲ့ နိုင်ပွဲတွေနဲ့

အောင်မြင်မှုတွေအတွက် ဆာလောင်တဲ့ စိတ်ကတော့ ဘယ်တော့မှ ပျောက်ကွယ်သွားမာ ”

“ မဟုတ်ပါဘူး။ ဒီဟာကို လက်တွေ့ဖြစ်လာအောင် လုပ်ပေးခဲ့ကြတဲ့လူတွေအားလုံးကို

ကျေးဇူးတင်ပါတယ် ” လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။ အဆိုပါဆုကြောင့် ရိုနယ်ဒိုဟာ မန်ယူကစားသမားတွေထဲမှာ

ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးဆုကို အများဆုံး ရယူထားနိုင်တဲ့ ကစားသမားဖြစ်လာခဲ့သလို၊

ပရီးမီးယားလိဂ်သမိုင်းမှာလည်း ရိုနယ်ဒိုရဲ့ အထက်မှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းနဲ့

မန်စီးတီးတိုက်စစ်မှူးဟောင်း ဆာဂျီယို အဂူရိုတို့က ခုနှစ်ကြိမ်စီနဲ့သာ ရပ်တည်ထားတာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ နည်းပြသစ်တန်ဟန်သာသူ့ကိုအလိုရှိရင် မန်ယူမှာ ဆက်နေမယ်လို့ အသင်းဖော်တွေကို အသိပေးခဲ့ကြောင်းသိရပါတယ်။

crd

data-language="en"

LEAVE A REPLY

Please enter your comment!
Please enter your name here