
မားကပ်ရက်ဖို့ဒ်ဟာ ဒီရာသီမှာ ခြေစွမ်းပျောက်နေပြီး ပွဲထွက်ခွင့်ပါပျောက်ဆုံးကာ လူငယ်
ကစားသမား အီလန်ဂါကို နေရာဖယ်ပေးလိုက်ရပါတယ်။ရက်ဖို့ဒ်ဟာ ပခုံးဒဏ်ရာ
ခွဲစိတ်ဖို့ ရာသီအစမှာ ၃လလောက်အနားယူခဲ့ပြီး လက်ရှိအချိန်မှာတော့ ရုန်းကန်နေရတာဖြစ်ပါတယ်။
တိုက်စစ်မှုး မားကပ်ရက်ရှ်ဖို့ဒ်ဟာ ရာသီကုန်မှာ အသင်းသစ်ကို ပြောင်းရွေ့ဖို့ထက်
ယူနိုက်တက်အသင်းမှာသာ ကစားဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။ နည်းပြသစ် တန်ဟန့်ခ်လက်ထက်မှာ
ပုံမှန်ပွဲထွက်ခွင့် ရရှိနိုင်ခြင်းပေါ် မူတည်ပြီး ပြောင်းရွေ့သင့်လားဆိုတာ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။
အဂ်လန်အသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဝင်ရောက်ကစားခွင့် ရရှိဖို့အတွက်
ဦးစားပေးဖြစ်ပြီး၊ ယူနိုက်တက်အသင်းမှာ ပွဲထွက်ကစားချိန်နဲ့ပတ်သက်ပြီး နည်းပြသစ်နဲ့
ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ လို့ နာမည်ကျော်သတင်းထောက် ရိုမန်နိုထံကနေ သိရပါတယ်။
ရက်ရှ်ဖို့ဒ်ကိုတော့ PSG အသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့က စိတ်ဝင်စားနေပြီး၊
ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်အသင်းလည်း အပါအဝင် ဖြစ်ပါတယ်။
ရက်ဖို့ဒ်ကတော့ သရဲနီစိတ်ဓာတ်အပြည်နဲ့ မန်ယူအသင်းမှာ ပွဲထွက်ခွင့်ရဖို့ အဆုံးထိတိုက်ပွဲဝင်သွားမယ်လို့ အသိပေးလိုက်ပါပြီ။
crd