
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်တန်းခံစစ်ကစားသမားဟောင်းဖြစ်သူ ရီရို ဖာဒီနန်က
လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက နည်းပြ ဟိုဆေးလ် မော်ရင်ဟို ပြောခဲ့တဲ့ စကားနဲ့ ပတ်သက်ပြီး
သူ့ဘက်က မှားခဲ့တာကြောင့် အခုချိန်မှာ ပြန်လည်တောင်းပန်လိုက်ပါတယ်။ နည်းပြ မော်ရင်ဟိုဟာ
မန်ယူအသင်းကို သူ ကိုင်တွယ်စဉ်အတွင်း ဝေဖန်မှုအတော်များများခံခဲ့ရပြီးမန်ယူအသင်းကနေ
ထုတ်ပယ်ခံရပြီးနောက်မှာ မော်ရင်ဟိုက သူ့ရဲ့ နည်းပြဘဝမှာ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ဖလားတွေ
အမြောက်အများ ရယူနိုင်ခဲ့ပေမယ့် မန်ယူအသင်းကို အဆင့်နှစ်နေရာနဲ့ ရာသီပိတ်သိမ်းနိုင်အောင်
လုပ်ခဲ့တာက သူ့အတွက် အကောင်းဆုံး အောင်မြင်မှုဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ နည်းပြရာထူးကနေ
ထုတ်ပယ်ခံခဲ့ရတဲ့ ၂၀၁၉ ခုနှစ်မှာ မော်ရင်ဟိုက“ မန်ယူနည်းပြအလုပ်ဟာ ကျွန်တော့်ရဲ့ နည်းပြဘဝမှာ
အကောင်းဆုံးအလုပ်ပါပဲ၊ ဘာဖြစ်လို့လဲဆိုတော့ ပရိသတ်တွေ သတိမထားမိကြတဲ့ နောက်ကွယ်က
အသင်းရဲ့ ပြဿနာတွေကြောင့်ပါ ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ အဆိုပါပြောဆိုမှုတွေဟာ မန်ယူအသင်း
ဘရိုက်တန်ကို ဂိုးပြတ်ရှုံးပြီးနောက်မှာ ပြန်ပေါ်လာခဲ့ပါတယ်။ ထိုအချိန်တုန်းက မော်ရင်ဟိုအနေနဲ့ မန်ယူအသင်းကို
အခုလိုမျိုးပြောခဲ့တာကြောင့် ဝေဖန်ခံခဲ့ရပြီး၊ ဝေဖန်ခဲ့ကြတဲ့သူတွေထဲမှာ ဖာဒီနန်လည်း အပါအဝင်ဖြစ်ပါတယ်။
ထို့အတွက်ကြောင့် ဖာဒီနန်က “ ဟိုဆေးလ် မော်ရင်ဟိုရဲ့ မှတ်ချက်က သွေးထွက်အောင် မှန်ခဲ့တယ်လို့ ကျွန်တော် ထင်တယ်။
ကျွန်တော့်အနေနဲ့လည်း သူ့ကို မြင်ခဲ့တဲ့အမြင်နဲ့ ဝေဖန်ခဲ့တာအတွက် တောင်းပန်ချင်ပါတယ်။ ဒါပေမယ့် ကစားသမားတွေကို
“ သူ ကိုင်တွယ်ခဲ့တဲ့ နည်းလမ်းအချို့နဲ့ သူကိုယ်တိုင် ပါဝင်ပတ်သက်နေတဲ့ အခြေအနေအချို့ကို
ကိုင်တွယ်ခဲ့တဲ့နေရာမှာ ချို့ယွင်းချက်ရှိခဲ့တယ်လို့ ထင်နေဆဲပါ။ ဒါပေမယ့် နောက်ကွယ်က
အကြောင်းအရာတွေကို ကြည့်လိုက်မယ်ဆိုရင်၊ ၂၀၁၉ ခုနှစ်မှာ သူ ပြောခဲ့တဲ့ ပရီးမီးယားလိဂ်မှာ
အဆင့်နှစ်ရတဲ့ ကိစ္စဟာ သွေးထွက်အောင်ကို မှန်ခဲ့ပါတယ်။ နောက်ကွယ်မှာ လွဲမှားနေတာတွေကို ”
“ ကျွန်တော်တို့ မြင်လာနိုင်နေပြီ၊ အဲ့ဒီအချိန်တုန်းက ဒါတွေကို ကျွန်တော်တို့ မသိခဲ့ကြဘူး။
ဟိုဆေးလ် မော်ရင်ဟိုကတော့ သိခဲ့တယ်။ သူက ကစားသမားအများအပြားကိ ရှင်းထုတ်ပြီး
ကစားသမားအချို့ကို ခေါ်ယူချင်ခဲ့တယ်၊ ဒါပေမယ့် ကစားသမားအချို့ကို မြင့်မားတဲ့လစာနဲ့ စာချုပ်ကြီးတွေ
ပေးပစ်ခဲ့ကြတယ်၊ အဲ့ဒီမှာ သူက ‘ ဝိုး၊ ဝိုး ဘာတွေဖြစ်ကုန်ကြတာလဲ ? ’ လို့ တွေးခဲ့လောက်တယ် ”
“ သူက တစ်ချို့ကစားသမားတွေရဲ့ လွဲမှားနေတာတွေ၊ အသင်းတည်ဆောက်ထားပုံက လွဲနေတာတွေကို မြင်ခဲ့တယ်။
သူက အဲ့ဒါတွေကို ပြောင်းလဲချင်ခဲ့တယ်၊ ဒါပေမယ့် သူ မတတ်နိုင်ခဲ့တာ ဖြစ်လောက်တယ် ” လို့ ပြောဆိုခဲ့ပါတယ်။
crd