
ဂျိုတာဟာ လက်ရှိလီဗာပူးအသင်းရဲ့ အဓိက တိုက်စစ်မှူးဖြစ်သလို လီဗာပူးအတွက် ဆာလတ်၊မာနေးတို့လို
ဂိုးတွေ များစွာသွင်းယူပေးနိုင်တဲ့ တိုက်စစ်မှူးကောင်းတစ်ဦးဖြစ်ပါတယ်။
ဂျိုတာဟာ ပေါ်တူသားတစ်ဦးဖြစ်ပြီး ရော်နယ်ဒိုနဲ့ တွဲကစားနေရတာဖြစ်ပါတယ်။
သူဟာ လီဗာပူးမှာကစားပြီး ဖန်တီးမှုတွေအများအပြားရခါ ရာသီလယ်လောက်မှာ ရော်နယ်ဒိုထက်
လိဂ်ဂိုးပိုများခဲ့ပေမယ့် ရာသီပိတ်ခါနီးမှာတော့ ရော်နယ်ဒိုက ဟတ်ထရစ်နှစ်ကြိမ်နဲ့ ပွဲတိုင်းနီးပါး
ဂိုးသွင်းကာ သူ့ကို ကျော်တက်သွားပြီး ပရီးမီးယားလိဂ်ရဲ့ တတိယမြောက်ဂိုးသွင်းအများဆုံးကစားသမား
ဖြစ်ခဲ့ပါတယ်။ဂျိုတာကတော့ ပရီးမီးယားလိဂ် ၉ဂိုးနဲ့သာကျေနပ်ခဲ့ရပါတယ်။ဂျိုတာအနေနဲ့
ရော်နယ်ဒိုလို အသက်၃၇နှစ်အရွယ် ကစားသမားတစ်ယောက်ဟာ မန်ယူလိုရုန်းကန်နေရတဲ့
အသင်းမှာ အခုလိုဂိုးတွေအများကြီးသွင်းသွားတာနဲ့ပတ်သတ်ပြီး အံဩသင့်ကာ
ရော်နယ်ဒိုဟာ ဘာလို့ အကောင်းဆုံးကစားသမားဖြစ်နေလဲဆိုတာ သဘောပေါက်သွားပါတယ်။
“ဒီရာသီမှာ ရော်နယါဒိုထက် ကျနော်က လိဂ်ဂိုးပိုသွင်းနိုင်ပြီထင်ခဲ့တာ၊ ရာသီကုန်ခါနီးမှာ သူ့ကို အားလုံးက
မယှဉ်နိုင်တာဘာလို့လဲဆိုတာကို သက်သေထပ်ပြသွားတယ်၊ ဒီဘဲက တကယ့် ဂုတ်ကြီးဗျ”လို့ ဝန်ခံပြောကြားသွားခဲ့ပါတယ်။
ရော်နယ်ဒိုကတော့ လက်ရှိမန်ယူအသင်းရဲ့ အဓိကဂိုးသွင်းသမားဖြစ်နေပေမယ့် အသင်းကတော့
ချန်ပီယံလိဂ်ဝင်ခွင့်ကို လွဲချော်ကာ ယူရိုပါလိဂ်ဝင်ခွင့်တောင်မသေချာပဲ ကွန်းဖရန့်လိဂ်မှာကန်ရဖို့ နီးစပ်နေပါတယ်။
HH