Home Sport ချန်ပီယံလိဂ်ဝင်ခွင့်မရတဲ့ မန်ယူမှာ ရော်နယ်ဒိုဆက်နေသင့်လားဆိုတာ ပြတ်ပြတ်သားသား အကြံပေးလာတဲ့ ဘက်ခမ်း

ချန်ပီယံလိဂ်ဝင်ခွင့်မရတဲ့ မန်ယူမှာ ရော်နယ်ဒိုဆက်နေသင့်လားဆိုတာ ပြတ်ပြတ်သားသား အကြံပေးလာတဲ့ ဘက်ခမ်း

0
ချန်ပီယံလိဂ်ဝင်ခွင့်မရတဲ့ မန်ယူမှာ ရော်နယ်ဒိုဆက်နေသင့်လားဆိုတာ ပြတ်ပြတ်သားသား အကြံပေးလာတဲ့ ဘက်ခမ်း
data-language="en"

မန်ယူဟာ ဘရိုက်တန်ကိုအရှက်တကွဲရှုံးနိမ့်ခဲ့ပြီးနောက်မှာ​တော့ ချန်ပီယံလိဂ်ဝင်ခွင့်ကို လုံးဝမေ့လိုက်ရပါပြီ။

data-language="en"

ချန်ပီယံလိဂ်ဘုရင်ကြီးရော်နယ်ဒိုဟာ ကစားသမားဘဝတစ်လျောက် ချန်ပီယံလိဂ်ကို နှစ်တိုင်း

ကစားရတဲ့ကစားသမားဖြစ်ပြီး ချန်ပီယံလိဂ်ဖလားအများဆုံးရဖူးတဲ့ ကစားသမား၊ချန်ပီယံလိဂ်

data-language="en"

ဂိုးသွင်းအများဆုံးကစားသမား စတဲ့ စံချိန်များစွာကို သိမ်းပိုက်ထားနိုင်တဲ့ကစားသမားဖြစ်ပါတယ်။

ဒါကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်မရတဲ့ မန်ယူအသင်းမှာ ဆက်နေပါ့မလားဆိုတာ စောင့်ကြည့်ရတော့မှာပါ။

data-language="en"

သူ့ကို မန်ယူလာဖို့ ပြောခဲ့တဲ့ ဖာဂူဆန်ကလည်း နောက်နှစ်မှာ မန်ယူအသင်းမှာပဲ ဆက်နေဖို့

တိုက်တွန်းခဲ့သလို အခုလည်း ဘက်ခမ်းက ရော်နယ်ဒိုကို မန်ယူမှာပဲ ဆက်နေဖို့ ပြောလာခဲ့ပါတယ်။

Sky Sports နဲ့ အင်တာဗျူးမှာ ဘက်ဟမ်းက “ရိုနယ်ဒိုက မက်ဆီနဲ့အတူ ၁၅ နှစ်ကြာ ဘောလုံးလောကမှာ

အကောင်းဆုံးကစားသမားဖြစ်ခဲ့တယ်ဆိုတာ ရှင်းပါတယ်။ ယူနိုက်တက်အသင်းမှာ သူ့ကို ထပ်မံမြင်တွေ့ရဖို့

ကျွန်တော်မျှော်လင့်နေပြီး ဒါက သူ့အတွက်တင်မက ပရိတ်သတ်တွေအတွက်ပါ အရမ်းကို အရေးပါပြီး အဓိပ္ပါယ်ရှိပါတယ်။”

“ယူနိုက်တက်အသင်းကို ရိုနယ်ဒို ဘယ်လောက်ထိ ချစ်မြတ်နိုးတန်ဖိုးထားတယ်၊ သူ့အတွက်

ဘယ်လောက်ထိ အဓိပ္ပါယ်ရှိတယ်ဆိုတာကို ကျွန်တော်တို့ အားလုံးလည်း သိပါတယ်။ ရိုနယ်ဒိုက အခုထိ

အကောင်းဆုံးတွေကို လုပ်ပြနိုင်တုန်းပါပဲ။ ဂိုးတွေ သွင်းတယ်၊ ဖန်တီးတယ်..ဒါတွေက ရိုနယ်ဒို ပုံမှန်လုပ်နေကျ အလုပ်ပါ။”

“ဒီလိုအသက်အရွယ်မှာ အခုသူ လုပ်ပြနေတာတွေက တကယ့်ကို မယုံကြည်နိုင်စရာကောင်းပါတယ်။

သူ့ရဲ့ ဒီပုံစံကောင်းကို ဆက်လက်ထိန်းထားနိုင်ဖို့ ကျွန်တော် ဆန္ဒပြုပြီး ယူနိုက်တက်အသင်းမှာ

အနည်းဆုံး နောက်ထပ် ၁ နှစ် ၂ နှစ်လောက်ပဲ ဖြစ်ဖြစ် ဆက်နေပေးဖို့ ကျွန်တော် မျှော်လင့်ပါတယ်.

.”လို့ ဘက်ဟမ်းက ရိုနယ်ဒိုကို အသင်းမှာ ဆက်ရှိနေစေချင်ကြောင်း သူ့ရဲ့ ဆန္ဒကို ပြောပြသွားပါတယ်။

data-language="en"

LEAVE A REPLY

Please enter your comment!
Please enter your name here