Home Sport မန်ယူကစားသမားတွေက နည်း​ပြစကားနားမထောင်တာ ရန်းနစ်က ဒီလိုတွေလုပ်နေလို့ ဝေဖန်တိုက်ခိုက်လိုက်တဲ့ ဂရေမီဆောင်းနက်

မန်ယူကစားသမားတွေက နည်း​ပြစကားနားမထောင်တာ ရန်းနစ်က ဒီလိုတွေလုပ်နေလို့ ဝေဖန်တိုက်ခိုက်လိုက်တဲ့ ဂရေမီဆောင်းနက်

0
မန်ယူကစားသမားတွေက နည်း​ပြစကားနားမထောင်တာ ရန်းနစ်က ဒီလိုတွေလုပ်နေလို့ ဝေဖန်တိုက်ခိုက်လိုက်တဲ့ ဂရေမီဆောင်းနက်
data-language="en"

မန်ချက်စတာ ယူနိုက်တက်တို့ မနေ့ညက ဘရိုက်တန် အသင်းကို 4 – 0 ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်

data-language="en"

ရှုံးနိမ့်ခဲ့တဲ့နောက် လီဗာပူး အသင်းရဲ့ ကွင်းလယ်လူဟောင်း ဂရေမီ ဆောင်းနက်စ် က ရန်းဂနစ်ကို

ယာယီ နည်းပြအဖြစ် ခန့်အပ်ခဲ့တဲ့ ယူနိုက်တက် အသင််းရဲ့ ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်ခဲ့လိုက်ပါတယ် ။

data-language="en"

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အဆိုပါ ရှုံးပွဲကြောင့် နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ်

အဝေးကွင်း ပွဲစဥ် 5 ပွဲဆက် ရှုံးနိမ့်တဲ့ မှတ်တမ်းဆိုး ပိုင်ဆိုင်ခဲ့ရပါတယ် ။ ဒီပွဲမှာတော့ ယူနိုက်တက်တို့

data-language="en"

ပွဲချိန် 15 မိနစ်မှာ 1 ဂိုး ပေးခဲ့ရပြီး ဒုတိယပိုင်း 15 မိနစ် အတွင်း 3 ဂိုး အထိ ပေးခဲ့ရပါတယ် ။

ဒီရှုံးပွဲကြောင့် ယူနိုက်တက်တို့ ဒီရာသီ ချန်ပီယံလိဂ် ဝင်ခွင့် မရတော့မှာ သေချာသွားခဲ့ပြီး အမြင့်ဆုံး

အဆင့် 6 နေရာကိုပဲ မျှော်လင့်လို့ ရနိုင်ပါတော့မယ် ။ ဖြစ်စဥ်တွေကို ပြန်ခြုံကြည့်လိုက်မယ်ဆိုရင်

မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ရန်းဂနစ် ရောက်လာတာ ဘာမှ ထူးခြားမသွားဘူးဆိုတာ မြင်တွေ့ရပါလိမ့်မယ် ။

ဒါ့ကြောင့်လည်း သတင်း သုံးသပ်သူ အချို့နဲ့ ပရိသတ် အချို့က အသင်း အပေါ် ရန်းဂနစ်

ထိန်းချုပ်နိုင်စွမ်း မရှိဘူးလို့ ပြီးခဲ့တဲ့ရက်ပိုင်းက ဝေဖန်ခဲ့ကြတာပဲ ဖြစ်ပါတယ် ။ အခုတော့ ဂရေမီ

ဆောင်းနက်စ် ကလည်း ရန်းဂနစ် ရဲ့ နည်းပြဘဝအပေါ် မှတ်ချက်ပေးရင် ယူနိုက်တက်ရဲ့ ဆုံးဖြတ််ချက်ကို မေးခွန်းထုတ်ခဲ့လိုက်ပါတယ် ။

” ဆာ အဲလက်စ် ဖာဂူဆန် ထွက်ခွာသွားတဲ့နောက် မန်ချက််စတာ ယူနိုက်တက် အသင်းတို့ အချိန် 10 နှစ်

ယူခဲ့ပြီးပါပြီ ။ အဲ့ဒီနောက် ယူနိုက်တက် အသင်းဟာ ရီစရာကောင််းလောက်တဲ့ ၊ သနားစရာကောင်းတဲ့

ဆုံးဖြတ်ချက်တွေချည်း ချမှတ်ခဲ့ပါတယ် ။ ကျွန်တော်ကတော့ ရန်းဂနစ် နဲ့ တစ်ခါမှ မတွေ့ဖူးသေးပါဘူး ”

” သူ့ကို တွေ့ချင်မှလည်း တွေ့ဖြစ်နိုင်သလို တွေ့ကောင်းလည်း တွေ့ဖြစ်ပါလိမ့်မယ် ။ အဲ့ဒီအခါကျရင်တော့

သူနဲ့ ဘောလုံး အကြောင်းတွေ ပြောဖြစ်မှာပါ ။ ဒါပေမဲ့ မန်ချက််စတာ ယူနိုက်တက်မှာ ထိုင်နေတဲ့ ဥာဏ်ကြီးရှင်တွေက ‘ အိုလီကို ထုတ်လိုက်မယ် ၊

ပြီးရင် လိုကိုမိုးတစ် မော်စကို အသင်းမှာ ရှိနေသူကို အကြံပေးအဖြစ် ခန့်မယ်လို့ တွေးခဲ့ကြပါတယ် ”

” သူက ယူနိုက်တက် အသင်းရဲ့ နည်းပြသစ်ဖြစ်ကြောင်း ကျွန်တော့်ကို လာပြောသူ ရှိခဲ့ချိန်မှာ

ကျွန်တော်လည်း သူ့ရဲ့ CV ကို ကြည့်ခဲ့ပါတယ် ။ အဲ့ဒီအချိန် သူ့ရဲ့ CV မှာ မန်ချက်စတာ ယူနိုက်တက်

အသင်းရဲ့ နည်းပြ ရာထူးကို ရသင့်ရထိုက်တဲ့ ဘယ်လို အချက်အလက်မျိုးကိုမှ မတွေ့ခဲ့ရပါဘူး ”

” သူတို့ ခေါ်ခဲ့တဲ့ ကစားသမားတွေ ၊ သူတို့ အသင်းမှာ ရှိနေကြတဲ့ ကစားသမားတွေနဲ့ စာချုပ်သက်တမ်း

တိုးမြှင့်ရမယ့် ကစားသမားတွေကို ကြည့်ကြည့်လိုက်ပါ၊ သူတို့တွေဟာ ဘယ်သူ့ဆီကနေ

ဘောလုံးနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက်် ရယူရမလဲဆိုတာ မသိပဲ ဖြစ်နေကြပါလိမ့်မယ် ”

” မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ 10 နှစ် ဆက်တိုက် ဆုံးဖြတ်ချက်တွေ

မှားယွင်းခဲ့တာပါ ။ သူတို့ဟာ ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားကြပါတယ် ။ ခမ်းနားတဲ့

ကစားသမားတွေကို မပိုင်ဆိုင်ထားကြပေမဲ့ ကစားသမားကောင်းတွေတော့ ပိုင်ဆိုင်ထားခဲ့ကြပါတယ် ”

” သူတို့ဟာ လိုက်မီဖို့ ကြိုးစားနေတဲ့ မန်စီးတီး ၊ လီဗာပူး အသင်းတွေရဲ့ မိုင်ပေါင်းများစွာအဝေးကို ရောက်ရှိနေကြပါပြီ ။ လက်ရှိ

မန်ချက်စတာယူနိုက်တက် အသင်းကို ကြည့်လိုက်ရင် ကစားသမားတွေဟာ နည်းပြ စကားကို နားမထောင်ကြဘူးလို့ ထင်မိပါတယ် ”

” မန်နေဂျာ စကားပြောတဲ့ပုံကို ကြည့်မိတဲ့ အခါတိုင်းမှာ ကျွန်တော့်ရဲ့ ကစားသမားဘဝကို ပြန်ပြီး

အမှတ်ရမိပါတယ်် ။ သူသာ ကျွန်တော် အသက် 22, 23 မှာ ဒီလို ပုံစံမျိုးနဲ့ စကားတွေပြောရင် ကျွန်တော့်ဆီက နာခံမှုတွေကို ရနိုင်မှာ မဟုတ််ပါဘူး ”

” ဖာဂီ ဆိုရင်တော့ နားထောင်မှာပါ ။ ဒါပေမဲ့ သူကတော့ ကျွန်တော့်ဆီက အဲ့တာကို ရမှာ မဟုတ်ပါဘူး ။

ဒီမန်ချက်စတာ ယူနိုက်တက် ကစားသမားတွေဟာ သူ့စကားကိုနားမထောင်ခဲ့ကြတာ

အတော်လေး ကြာခဲ့ပြီလို့ ကျွန်တော် ထင်မိပါတယ် ” လို့ ဆောင်းနက်စ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

crd:Sports_Myanmar

data-language="en"

LEAVE A REPLY

Please enter your comment!
Please enter your name here