Home Sport ရီးရဲမက်ဒရစ်ရဲ့ အံဩသင့်ဖွယ် comebackအပေါ် ရော်နယ်ဒိုရဲ့မှတ်ချက်ကို ပြန်ပြောပြလာတဲ့ ဂျော်ဂျီနာ

ရီးရဲမက်ဒရစ်ရဲ့ အံဩသင့်ဖွယ် comebackအပေါ် ရော်နယ်ဒိုရဲ့မှတ်ချက်ကို ပြန်ပြောပြလာတဲ့ ဂျော်ဂျီနာ

0
ရီးရဲမက်ဒရစ်ရဲ့ အံဩသင့်ဖွယ် comebackအပေါ် ရော်နယ်ဒိုရဲ့မှတ်ချက်ကို ပြန်ပြောပြလာတဲ့ ဂျော်ဂျီနာ
data-language="en"

ရော်နယ်ဒိုရဲ့ ချစ်သူ ဂျော်ဂျီနာရိုဒရီဂွက်ဇ်က ရီးရဲမက်ဒရစ်နဲ့မန်စီးတီးအသင်းရဲ့ ဒုတိယကျော့

data-language="en"

ပွဲစဥ်ကို ကြည့်ရှု့အားပေးနေတဲ့ အကြောင်းနဲ့ ရီးရဲမက်ဒရစ်ကို ရော်နယ်ဒိုဘယ်လောက်ယုံလဲဆိုတာ

ပြောခဲ့တဲ့ အကြောင်းကို ပြန်ပြောပြခဲ့ပါတယ်။ရီးရဲမက်ဒရစ်အသင်းဟာ အိမ်ကွင်းမှာ မန်စီးတီးကို

data-language="en"

ရင်ဆိုင်ရပေမယ့် မန်စီးတီးကပဲ တစ်ပွဲလုံးဖိကစားပြီး မိနစ်၇၀ ကျော်မှာ မာရက်က နောက်တစ်လုံး

သွင်းခဲ့တာကြောင့် ရီးရဲမက်ဒရစ်အနေနဲ့ ၃ ဂိုးပြန်သွင်းနိုင်မှသာ နောက်တစ်ဆင့်တက်ဖို့အခွင့်အရေးရတော့မှာဖြစ်ပါတယ်။

data-language="en"

၈၉မိနစ်ထိ ၀-၁ (နှစ်ကျော့ပေါင်း ၃-၅) နဲ့ ရှုံးနိမ့်နေပေမယ့် ရိုဒရီဂိုရဲ့ ၉၀နဲ့ ၉၁မှာ သွင်းခဲ့တဲ့ ဂိုးတွေကြောင့်

အချိန်ပိုကို ဆက်ကန်ခဲ့ရပြီး အချိန်ပိုမှာ ဘင်ဇီမားရဲ့ ပင်နယ်သီနဲ့အတူ ရီးရဲမက်ဒရစ်ဟာ ချန်ပီယံလိဂ် ဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

“ ကျွန်မ ခရစ်စတီယာနိုနဲ့အတူ ချန်ပီယံလိဂ် ဆီးမီးဖိုင်နယ် ပွဲစဉ်ဖြစ်တဲ့ ရီးရဲယ်အသင်းနဲ့

မန်ချက်စတာစီးတီးအသင်း ပွဲစဉ်ကြည့်နေချိန် ပွဲချိန်(၈၅)ကျော်လောက်မှာ ကျွန်တော်မသူ့ကို

ပြောလိုက်ပါတယ်။ ပွဲကပြီးသွားပါပြီ ခရစ်တီယာနို။ ရီးရဲယ်အသင်းအနေနဲ့ အနိုင်ရဖို့

မဖြစ်နိုင်တော့ဘူးလို့ ပြောလိုက်ပြီး အိပ်ရာဝင်ကြစို့ လို့ပြောလိုက်ပါတယ်။ ခရစ်တီယာနိုကပြန်ပြောပါတယ်။

ရီးရဲယ်အသင်းအတွက် ပွဲမပြီးသရွှေ့ ရှုံးနိမ့်သွားပြီလို့ ပြောလို့မရဘူးတဲ့။ ကျွန်မအဲ့ချိန်မှာသူပြောတာကိုကြားပြီး။

ရယ်မိသွားပါတယ်။ပြီးတော့ မင်းကအတော်ကို ယုံကြည်မှုရှိတာပဲလို့ သူ့ကိုပြန်ပြောလိုက်ပါတယ်။

အဲ့ဒါနဲ့ ကျွန်မတို့ ပွဲပြီးတဲ့အထိ ဆက်ကြည့်ခဲ့ကြပါတယ်။ ကျွန်မလုံးဝမယုံနိုင်ခဲ့ပါဘူး။ ရီးရဲယ်

အသင်းရဲ့ မယုံနိုင်စရာ ပြန်လည်အနိုင်ရခဲ့မှုပါပဲ “ လို့ ပြန်လည်ရင်ဖွင့်ခဲ့ပါတယ်။

ရော်နယ်ဒိုဟာ သူ့ရဲ့ရီးရဲမက်ဒရစ်အသင်းနဲ့အတူ ၉နှစ်ကြာဖြတ်သန်းခဲ့ပြီးနောက်မှာ

ရီးရဲမက်ဒရစ်ရဲ့ အဆုံးထိတိုက်ပွဲဝင်မယ်ဆိုတဲ့ စိတ်ဓာတ်ကို ယုံကြည်နေတာဖြစ်ပါတယ်။

HH

data-language="en"

LEAVE A REPLY

Please enter your comment!
Please enter your name here