Home Sport မန်ယူမှာဆက်နေသင့်လားလို့ အကြံတောင်းခဲ့တဲ့ ရော်နယ်ဒိုကို ပြတ်ပြတ်သားသားဖြေပေးလိုက်တဲ့ ဖာဂူဆန်

မန်ယူမှာဆက်နေသင့်လားလို့ အကြံတောင်းခဲ့တဲ့ ရော်နယ်ဒိုကို ပြတ်ပြတ်သားသားဖြေပေးလိုက်တဲ့ ဖာဂူဆန်

0
မန်ယူမှာဆက်နေသင့်လားလို့ အကြံတောင်းခဲ့တဲ့ ရော်နယ်ဒိုကို ပြတ်ပြတ်သားသားဖြေပေးလိုက်တဲ့ ဖာဂူဆန်
data-language="en"

မန်ယူနိုက်တက်ရဲ့ ပေါ်တူဂီစတား ခရစ်စတီယာနိုရော်နယ်ဒိုဟာ သူ့ရဲ့အိုးထရက်ဖို့ဒ်အနာဂတ်အတွက်

data-language="en"

တချိန်က ဘော့စ်ဟောင်းလဲဖြစ်ပြီး သူ့ရဲ့ခေါင်းကိုင်ဖခင်လိုဖြစ်နေခဲ့သူ ဆာအဲလက်စ်

ဖာဂူဆန်နဲ့သီးသန့်တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ အင်္ဂလိပ်မီဒီယာတွေက ဖွင့်ချလိုက်ပါတယ်။

data-language="en"

အင်္ဂလန်ကိုတကျော့ပြန်လာခဲ့သူ ရော်နယ်ဒိုနဲ့ ယူနိုက်တက်ဂန္ထဝင်ဖာဂူဆန်တို့ဟာ အမြဲမပြတ်

အဆက်အသွယ်ရှိနေခဲ့ကြသူတွေဖြစ်ပေမဲ့လဲ ဒီတခါလူချင်းတွေ့ဆုံမှုကတော့ ချက်ရှိုင်းယားက၃၇နှစ်သားရဲ့စံအိမ်မှာဖြစ်ပြီး ဒါဟာ

data-language="en"

မန်ချက်စတာမှာသူဆက်ရှိသင့် မရှိသင့်အတွက်အဓိကဆွေးနွေးခဲ့ကြတဲ့ တွေ့ဆုံမှုဖြစ်တယ်လို့ Mirrorကဆိုပါတယ်။

ရော်နယ်ဒိုဟာ သူ့ရဲ့စံအိမ်နဲ့မလှမ်းမကမ်းမှာရှိတဲ့ ဖာဂူဆန်ရဲ့အိမ်ကို မကြာခဏသွားရောက်လည်ပတ်လေ့ရှိသူဖြစ်တယ်လို့

သိရပြီး ဘော့စ်ကသူ့ဆီလာတာကတော့ ထူးခြားနေတယ်လို့လဲ အဆိုပါသတင်းမှာဖော်ပြထားပါတယ်။

၃၇နှစ်သားရဲ့ တူရင်စွန့်ခွာမှုမှာ မန်စီးတီးဆီအရင်ရောက်ဖို့ ပိုမိုနီးစပ်ခဲ့ပေမဲ့ ဆာအဲလက်စ်ဖာဂူဆန်ရဲ့

ပါဝင်ပတ်သတ်ခဲ့မှုကြောင့်သာ ယူနိုက်တက်ထံကို ပေါင်၁၂.၉သန်းနဲ့ ရောက်ရှိလာခဲ့တာလို့ဆိုပါတယ်။

ဆာအဲလက်စ်ဖာဂူဆန်နဲ့နီးစပ်တဲ့ ရပ်ဝန်းရဲ့သတင်းတွေကိုကိုးကားပြီး ကြေးမုံကဆိုထားရာမှာ

စကော့တလန်သားဘော့စ်ဟောင်းက ယခုနှစ်ရာသီအပြီးမှာလဲ မန်ချက်စတာမှာသာဆက်လက်နေထိုင်ပြီး

သူ့ရဲ့ဘောလုံးအမွေအနှစ်ကိုနောက်တကြိမ်ချန်ထားရစ်ခဲ့ဖို့ ဖြောင်းဖြခဲ့တယ်လို့သိရပါတယ်။

ရော်နယ်ဒိုဟာ အသက်၃၇နှစ်အရွယ်ရှိနေပြီဖြစ်ပေမဲ့လဲ ယူနိုက်တက်ရဲ့ဂိုးသွင်းဘုရင်နေရာမှာရှိနေဆဲဖြစ်ပြီး

ယခုနှစ်ရာသီမှာ တော့တင်ဟမ်နဲ့နောဝှစ်နှစ်ပွဲက ဟက်ထရစ်အပါအဝင် သွင်းဂိုး၂၄ဂိုးအထိသွင်းယူပေးထားခဲ့သူဖြစ်ပါတယ်။

ကလပ်မှာမကြာခဏ ပါဝင်ထားနိုင်ခဲ့ခြင်းမရှိပေမဲ့လဲ သူ့ရဲ့ပွဲအရေအတွက်နဲ့ သွင်းဂိုးအချိုးက

မြင့်မားနေဆဲဖြစ်ပြီး ကစားချိန် ၁၁၉မိနစ်တိုင်းမှာ တဂိုးနှုန်းပါဝင်ပတ်သတ်ထားနိုင်သူဖြစ်ပါတယ်။

ဘလွန်းဒီအော၅ဆုရှင် ပေါ်တူဂီစတားဟာ ယူနိုက်တက်တို့နဲ့ နောက်ထပ်စာချုပ်သက်တမ်းတနှစ်

ကျန်ရှိနေသေးပြီး အသင်းဘက်က အလိုရှိရင်တနှစ်သက်တမ်းတိုးခွင့်လဲအဆိုပါစာချုပ်မှာပါရှိပါတယ်။

ဒါပေမဲ့လဲ ချန်ပီယံလိဂ်ရဲ့သမိုင်းတလျှောက် သွင်းဂိုး၊ဖန်တီးမှု ဘုရင်စာရင်းအားလုံးမှာထိပ်ဆုံးမှာ

ရပ်တည်နေခဲ့သူ ရော်နယ်ဒိုနဲ့ယူနိုက်တက်ကြားမှာ ချန်ပီယံလိဂ်ကစားခွင့်ရခြင်း၊မရခြင်းဆိုတဲ့အပေါ်မူတည်ပြီး

အသင်းကထွက်ခွာခွင့်ဆိုတဲ့ စာပိုဒ်နဲ့ပတ်သတ်လို့တော့ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

ယူနိုက်တက်တို့ရဲ့ယခုနှစ်ရာသီကျရံှုးမှုနဲ့ပတ်သတ်လို့ နှစ်ဦးကြားအမြင်ခြင်းဖလှယ်ခဲ့ကြပြီး

သူ့ရဲ့အခန်းကဏ္ဍနဲ့ပတ်သတ်လို့လဲဆွေးနွေးခဲ့ကြရာမှာ ဆာအဲလက်စ်က အနည်းဆုံး

နောက်ထပ်တရာသီ အင်္ဂလန်မှာဆက်ရှိနေပေးဖို့ ဖြောင်းဖြအကြံပေးခဲ့တယ်လို့သိရပါတယ်။

ဒါပေမဲ့ ဆာအဲလက်စ်ရဲ့ ဖြောင်းဖြမှုက အရာထင်ပါ့မလားဆိုတာကတော့ မနေ့ကဘရိုက်တန်ကို

၄-ဝနဲ့အရေးနိမ့်ခဲ့တဲ့ပွဲမှာ ပေါ်တူဂီစတားရဲ့အပြုအမူတခုကြောင့် မေးခွန်းထုတ်စရာဖြစ်ခဲ့ရပါတယ်။

အေးမက်ဇ်ကွင်းထဲမှာ ၃ဂိုးမြောက်ဂိုးကိုဘရိုက်တန်တို့သွင်းယူသွားခြင်းကို ခွင့်ပြုလိုက်ရပြီးနောက်

ခရစ်စတီယာနိုက စိတ်ပျက်ရမဲ့အစား ကိုယ့်အသင်းကိုယ်လှောင်ပြောင်ရီမောနေခဲ့တာကြောင့်ဖြစ်ပါတယ်။

ဒါဟာ အသင်းရဲ့အရည်အသွေးအပေါ် ရော်နယ်ဒိုရဲ့ခံစားမှုကို ဖော်ပြနေခဲ့ပြီး ဂိုးသွင်းဖို့ရုန်းကန်နေရတဲ့

တခြားသောပွဲစဉ်တွေမှာ သူလုပ်နေကျအမူအရာဖြစ်တဲ့ ငါ့ကိုအခွင့်အရေးလေး တကြိမ်ပဲပေးလိုက်ကြစမ်းပါဆိုတဲ့

လက်ညှိုးတချောင်းထောင်ပြီး ပေါက်ကွဲလေ့ရှိတဲ့ အမူအရာကိုတောင်ဘရိုက်တန်နဲ့ပွဲမှာမတွေ့ရတော့ပါဘူး။

ယူနိုက်တက်တို့ဘက်ကတော့ အိုင်းယက်စ်နဲ့အတူ ချန်ပီယံလိဂ်မှာ စွဲမက်ဖွယ်ကစားဟန်နဲ့

အထင်ကြီးအောင်လုပ်ပြနိုင်ခဲ့သူ နည်းပြတမ်ဟက်ကို နောက်ရာသီအတွက်ခေါ်ယူထားနိုင်ခဲ့ပြီ

ဖြစ်တာကြောင့် ပေါ်တူဂီစတားကို ဆက်လက်ထိန်းထားနိုင်မယ်လို့ယုံကြည်နေတယ်လို့သိရပါတယ်။

crd

data-language="en"

LEAVE A REPLY

Please enter your comment!
Please enter your name here