
မနေ့ညကတော့ မန်ယူအသင်းဟာ အဝေးကွင်းမှာ ဘရိုက်တန်ကို ၄-၀ ဆိုတဲ့ရလဒ်နဲ့
အရှက်တကွဲရှုံးနိမ့်ခဲ့ပါတယ်။မန်ယူအသင်းဟာ ပြိုင်ဖက်အသင်းရဲ့ physicalကို မယှဥ်နိုင်ပဲ
အဖက်ဖက်ကရှုံးနိမ့်ကာ ဒီပွဲကို အပြတ်အသတ်ရှုံးနိမ့်သွားတာဖြစ်ပါတယ်။
မန်အသင်းရဲ့ အားနည်းချက်ကို ဘရိုက်တန်က ကောင်းကောင်းအသုံးချပြီး ဂိုးတွေတသီရီးသွင်းကာ
မန်ယူအသင်းရဲ့ ဒီရာသီအတွက် ဂိုးပြတ်ရှုံးပွဲနောက်တစ်ခုကို ဖန်တီးပေးခဲ့ပါတယ်။
မန်ယူအသင်းကတော့ ခုရှုံးပွဲကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ကို သေချာလွဲချော်ပြီဖြစ်ပြီး
နောက်ရာသီမှာ ယူရိုပါလိဂ်သာ ကန်ရဖို့ အခြေအနေဖြစ်နေပါတယ်။ ရော်နယ်ဒိုအနေနဲ့
ပရော်ဖက်ရှင်နယ် ကစားသမားသက်တမ်းတစ်လျောက် ပထမဆုံးအကြိမ်
ချန်ပီယံလိဂ်မကစားရမယ့် ဘောလုံးရာသီတစ်ခုကို မန်ယူအသင်းနဲ့အတူ ဖြတ်သန်းမှာလားဆိုတာ
စောင့်ကြည့်ရတော့မှာပါ။ချန်ပီယံလိဂ်ဘုရင်ကြီး ရော်နယ်ဒိုအနေနဲ့ ဒီနှစ်သာ ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ရင်
သူ့ရဲ့ အသက်အရွယ်အရ နောက်နှစ်နောက်နှစ်တွေမှာ မြက်ခင်းစိမ်းတွေကို စွန့်ခွာရတော့ ဖြစ်လို့
လာမယ့်ရာသီသစ်မှာ အသင်းပြောင်းမလား ဆက်နေမလားဆိုတာ စောင့်ကြည့်ရဦးမှာပါ။
ရော်နယ်ဒိုလို့ ပြောလိုက်တာနဲ့ ရှုံးတာကို အရမ်းမုန်းတဲ့ကစားသမား ၊အောင်မြင်ချင်စိတ်များတဲ့ကစားသမား
အသင်းကို အကောင်းဆုံးဦးဆောင်နိုင်တဲ့ ကစားသမားဆိုတဲ့ ဂုဏ်ပုဒ်တွေကို တန်းမြင်မိမှာပါ။
ဒါပေမယ့် ဘရိုက်တန်အသင်းရဲ့ ၃ဂိုးမြောက်ကို ခွင့်ပြုပေးရချိန်မှာတော့ ရော်မယ်ဒိုဟာ
မန်ယူအသင်းကို လက်မြှောက်အရှုံးပေးလိုက်ပြီး ပြုံးပြုံးကြီးသာ ကြည့်နေပါတော့တယ်။
မန်ယူကို ရောက်လာတဲ့ တစ်နှစ်အတွင်းမှာ ရော်နယ်ဒိုရဲ့ စိတ်ဓာတ်ကို မန်ယူအသင်းက ဖျက်စီးပေးလိုက်သလားတောင် အောက်မေ့ရပါတယ်။
ရော်နယ်ဒိုလို ကစားသမားမျိုးက ကိုယ်အသင်းကို သူများက ဂိုးသွင်းသွားချိန်မှာ ပြုံးနေဖို့ဆိုတာ
တော်တော်ကို မယုံနိုင်စရာကောင်းတဲ့ ကိစ္စတစ်ခုပါ။ခုတော့ ဓာတ်ပုံတွေနဲ့အတူ သက်သေအဖြစ်မြင်ရပါပြီ
နောက်နှစ်မှာတော့ ရော်နယ်ဒိုဟာ အသင်းသစ်ရှာဖွေတာက သူ့အတွက်အကောင်းဆုံးဖြစ်ပါလိမ့်မယ်။
HH