Home Sport ဖိအားဒဏ်ကိုမခံနိုင်ပဲ အမှားတွေလုပ်ကာ ညံ့ဖျင်းလွန်းတဲ့ ကစားသမား ၅ဦးကြောင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ မန်ယူ (ပွဲပြီးသုံးသပ်ချက်)

ဖိအားဒဏ်ကိုမခံနိုင်ပဲ အမှားတွေလုပ်ကာ ညံ့ဖျင်းလွန်းတဲ့ ကစားသမား ၅ဦးကြောင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ မန်ယူ (ပွဲပြီးသုံးသပ်ချက်)

0
ဖိအားဒဏ်ကိုမခံနိုင်ပဲ အမှားတွေလုပ်ကာ ညံ့ဖျင်းလွန်းတဲ့ ကစားသမား ၅ဦးကြောင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ မန်ယူ (ပွဲပြီးသုံးသပ်ချက်)
data-language="en"

မန်ချက်စတာယူနိုက်တက်ရဲ့ မဟာအရှက်တော် ဗြန်းဗြန်းကွဲခန်းတွေ့မြင်ခဲ့ရပြီး စိတ်ဓာတ်ပျက်ပြားခဲ့တဲ့

data-language="en"

ကစားသမားတွေနဲ့ စုဖွဲ့ထားတဲ့အသင်းဆီက ဘာမှမျှော်လင့်လို့ မရခဲ့ပါဘူး။ မန်ယူဟာ ၄၂-၃-၁ ကစားကွက်ကို

ခင်းကျင်းခဲ့ပြီး စီရော်နယ်ဒိုကို အထောင်ထားကာ ဖာနန်ဒက်စ်၊ မာတာ၊ အီလန်ဂါတို့ကို တိုက်စစ်မှာ တွဲပေးခဲ့ပါတယ်။

data-language="en"

ကွင်းလယ်မှာ မာတစ်နဲ့ တွမ်မီနေးတို့ကို ခင်းကျင်းခဲ့ပြီး နောက်တန်းမှာ တဲလက်စ်၊ ဗာရန်း၊ လင်ဒီလော့ဖ်၊

ဒါလော့တို့ကို ကစားစေခဲ့ပါတယ်။ ဘရိုက်တန်ကတော့ ၃-၄-၂-၁ ကစားကွက်ကို အသုံးပြုခဲ့ကာ ဝဲလ်ဘတ်၊အက်လီစတာ၊ မတ်ချ်၊

data-language="en"

ဘစ်ဆိုမာ၊ ထရက်ဆော့၊ ကိုင်စီဒို၊ ကူကူရယ်လာတို့လို အမာခံ ကစားသမားတွေနဲ့ပဲ မန်ယူကို ရင်ဆိုင်ခဲ့ပါတယ်။

နောက်ပိုင်းပွဲတွေမှာ ပုံစံကောင်းရနေတဲ့ ဘရိုက်တန်ဟာ ဒီပွဲမှာမန်ယူကို Physical ပိုင်းအားပြုပြီး

မာမာထန်ထန် တုံ့ပြန်သွားခဲ့ပါတယ်။ ဘရိုက်တန်ရဲ့ မာမာထန်ထန်နဲ့ ကြံ့ခိုင်မှုပိုင်း အားပြုတဲ့

ကစားကွက်အောက်မှာမန်ယူ ရုန်းကန်ခဲ့ရပြီး ပွဲအစကတည်းက ကစားကွက်တည်မရခဲ့တာ ပွဲပြီးတဲ့အထိပါပဲ။

မက်ဂွဲရားမပါပေမဲ့လည်း မန်ယူနောက်တန်းက ပျာယာခတ်နေဆဲဖြစ်ပြီး ဒါလော့၊ တဲလက်စ်တို့က

အတက်အဆင်း မမှန်ခဲ့ကာ ဗာရန်းကိုယ်တိုင်က အမှားမှားအယွင်းအယွင်းဖြစ်ခဲ့ပါတယ်။

ဘရိုက်တန်ကတော့ မန်ယူကိုတွန်းတွန်းတိုက်တိုက်နဲ့ ဖိအားပေးပြီး ၁၅ မိနစ်မှာကိုင်စီဒိုက

မန်ယူနောက်တန်း ရှုပ်ယှက်ခတ်နေတဲ့ကြားကနေ အဝေးကနေ အခွင့်ကောင်းယူကာ ပိတ်သွင်းယူခဲ့တာပါ။

ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက်မှာလည်း မန်ယူရဲ့ ကစားပုံက တက်မလာခဲ့ဘဲ ဒုံရင်းက

ဒုံရင်းဖြစ်နေခဲ့ပါတယ်။ ကွင်းလယ်မှာ တွမ်မီနေးက ကြောင်ပျောက်နေပြီး အဘိုးကြီးမာတစ် ခံပေလို့သာ

ဒီထက်ပိုပြီးရုပ်ပျက်ဆင်းပျက်မဖြစ်ခဲ့တာပါ။ မန်ယူတိုက်စစ်မှာလည်း အီလန်ဂါနဲ့ စီရော်နယ်ဒိုတို့ကိုသာ အားကိုးခဲ့ရပြီး ဖာနန်ဒက်စ် ဘယ်ရောက်နေမှန်းတောင် မသိခဲ့ပါဘူး။

မန်ယူတိုက်စစ်ဆင်မှုတချို့ ကောင်းမွန်ခဲ့ပေမဲ့လည်း ဘရိုက်တန်နောက်တန်းက အမှားအယွင်းမရှိခဲ့ကာ

တည်တည်ငြိမ်ငြိမ်နဲ့ တုံ့ပြန်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ မန်ယူရဲ့ ကစားပုံက

စိတ်ဆင်းရဲစရာအကောင်းဆုံးနဲ့ဘယ်လိုမှကို ကြည့်ချင်စိတ် မရှိတော့ပါဘူး။ မန်ယူကစားသမားတွေ

ကွင်းထဲကို ဘောလုံးကန်ဖို့ ဝင်လာတာ ဟုတ်ရဲ့လားလို့တောင် မေးယူရမဲ့ အခြေအနေပါ။

ဒုတိယပိုင်း စစချင်း ခဏအကြာမှာပဲ ဟာကွက်တွေများလွန်းတဲ့ မန်ယူနောက်တန်းရဲ့ အမှားကို

အသုံးချပြီး လူကပ်ခံထားရခြင်း မရှိတဲ့ ကူကူရယ်လာက အပိုင်ကန်သွင်းယူခဲ့ပြီး ဒုတိယမြောက်

ဦးဆောင်ဂိုးသွင်းပေးခဲ့ပါတယ်။ အဲဒီနောက် မန်ယူတို့ ပုံစံက ပိုဆိုးသထက် ပိုဆိုးလာခဲ့ပြီး ဘရိုက်တန်ကပဲ ပွဲကိုစိတ်ကြိုက် စိုးမိုးတဲ့ ပုံစံဖြစ်သွားပါတယ်။

၅၇ မိနစ်မှာ ဂရော့ခ်နဲ့ မိနစ် ၆၀ မှာ ထရက်ဆော့တို့က ဘရိုက်တန်အတွက ်နောက်ထပ်ဂိုးတွေ

သွင်းယူပေးခဲ့ကြပါတ်ယ။ ဒီပွဲမှာ မန်ယူနောက်တန်းက တော်တော်လေး စိတ်ပျက်စရာကောင်းလွန်းခဲ့ပြီး

ဂိုးတွေကိုလွယ်လွယ်လေး ခွင့်ပြုခဲ့ပါတယ်။ အထူးသဖြင့် ဒါလော့၊ တဲလက်စ်တို့က တိုက်စစ်လည်း

မဟုတ်၊ ခံစစ်လည်း မနိုင်နဲ့ သူတို့ရဲ့ နေရာလွတ်တွေကို ဘရိုက်တန်က ထိထိမိမိ အသုံးချသွားခဲ့တာပါ။

အားနည်းနေတဲ့ ခံစစ်ပိုင်းကို ပြုပြင်ဖို့အတွက် ရန်နစ်က မာတာကိုထုတ်ပြီး ဒဏ်ရာက

ပြန်သက်သာလာတဲ့ ဇာတ်လိုက်ကျော်ဂေါင်းကြီးမက်ဂွဲရားကို လူစားလဲခဲ့ပါတယ်။ ဘရိုက်တန်တို့

ဂိုးရနိုင်တဲ့ အခွင့်အရေးတွေထပ်ရခဲ့ပေမဲ့ မက်ဂွဲရားဝင်လာပြီးနောက်ပိုင်း မန်ယူဂိုးပေးခဲ့ရခြင်း မရှိတော့ဘဲ ၄ ဂိုးတည်းနဲ့သာ ရှုံးခဲ့ပါတယ်။

crd

data-language="en"

LEAVE A REPLY

Please enter your comment!
Please enter your name here