
ဒီရာသီပရီးမီးယားလိဂ်မှာ ဂိုးအများဆုံးသွင်းပြီး ခြေစွမ်းပြထားကြတဲ့ ဆာလတ်၊ဆွန်ဟောင်မင်နဲ့
ရော်နယ်ဒိုတို့မှာ စပါးအသင်းနည်းပြကွန်တီကတော့ ရုန်းကန်နေရတဲ့ မန်ယူအသင်းမှာ
၁၈ဂိုးထိသွင်းယူထားနိုင်တဲ့ ရော်နယ်ဒိုဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားလို့
ပြောလိုက်ပါတယ်။ကွန်တီဟာ ဆိုးလ်ရှားနေရာ အစားဝင်ဖို့နာမည်ကြီးခဲ့ပေမယ့် စပါးအသင်းက
လက်ဦးမှုယူပြီး ခေါ်သွားခဲ့တာကြောင့် ရန်းနစ်ကိုသာ မန်ယူအသင်းက ခန့်အပ်ခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာတော့ စပါးအသင်းနဲ့အတူ မန်ယူကို ကျော်တက်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက်
အာဆင်နယ်နဲ့ယှဥ်ပြိုင်နေတာဖြစ်ပါတယ်။ရော်နယ်ဒိုဟာ ကွန်တီရဲ့စပါးအသင်းကိုလည်း
ဟတ်ထရစ်သွင်းယူပြီး မန်ယူအသင်းအတွက် နိုင်ပွဲရရှိအောင် စွမ်းဆောင်ပြထားပါတယ်။
“ဒီနှစ်ဘောလုံးရာသီရဲ့ ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားကတော့ ရော်နယ်ဒိုပဲဖြစ်ပါတယ်”လို့ ချီးကျူးလိုက်ပါတယ်။
ရော်နယ်ဒိုကတော့ တပ်ပျက်နေတဲ့ မန်ယူအသင်းမှာတောင် ဂိုးတွေဒိုင်ခံသွင်းနေပြီး ဖန်တီးမှု
နည်းနည်းပဲရပေမယ့် ရတဲ့အခွင့်အရေးတွေကို အကောင်းဆုံးအသုံးချခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။
ပရီးမီးယားလိဂ်မှာလည်း ၁၈ဂိုးအထိသွင်းယူထားပြီး ပရီးမီးယားလိဂ်ရဲ့တတိယဂိုးသွင်းအများဆုံးကစားသမားဖြစ်ပါတယ်။
HH