Home Sport အသင်းကထွက်ဖို့နာမည်ကြီးနေတဲ့ ရက်ဖို့ဒ်နဲ့ရော်နယ်ဒိုတို့ရဲ့ အနာဂတ်ကို ဆုံးဖြတ်ပေးလိုက်တဲ့ တန်ဟန်

အသင်းကထွက်ဖို့နာမည်ကြီးနေတဲ့ ရက်ဖို့ဒ်နဲ့ရော်နယ်ဒိုတို့ရဲ့ အနာဂတ်ကို ဆုံးဖြတ်ပေးလိုက်တဲ့ တန်ဟန်

0
အသင်းကထွက်ဖို့နာမည်ကြီးနေတဲ့ ရက်ဖို့ဒ်နဲ့ရော်နယ်ဒိုတို့ရဲ့ အနာဂတ်ကို ဆုံးဖြတ်ပေးလိုက်တဲ့ တန်ဟန်
data-language="en"

နည်းပြသစ် Erik ten Hag သည် Cristiano Ronaldo အား အသင်းတွင် ဆက်ထိန်းထားလိုပြီး

data-language="en"

မထိန်းထားလျှင် ရူးမိုက်ရာကျမည် ဟု ယုံကြည်ထားသည်။ ယခုရာသီ ၃၇ ပွဲတွင် ၂၄ ဂိုးသွင်းယူထားသော

Ronaldo အနေဖြင့်လည်း နောက်ရာသီ ပွဲတိုင်း ပွဲထွက်ကစားခွင့်ရရန် မမျှော်လင့်ထားသင့်ပဲ

data-language="en"

ထိုသို့ ဆောင်ရွက်ရခြင်းမှာလည်း ကစားသော ပွဲစဉ်တိုင်းတွင် အကောင်းဆုံး ခြေစွမ်းပြနိုင်ရန် အတွက်ဖြစ်သည်။

Ronaldo သည် Erik ten Hag အသင်းကို ရောက်လာသောအခါ ပထမဆုံး စကားပြောမည့်သူဖြစ်သည်။

data-language="en"

လာမည့်ရာသီမှာ Ronaldo ၏ ဥရောပ အသင်းကြီးများတွင် နောက်ဆုံးရာသီဖြစ်လာနိုင်ပြီး

နှစ် ၂၀ အတွင်း ပထမဆုံး UCL မကစားရသော ရာသီကို ဖြတ်သန်းရမည်ဖြစ်သည်။ သို့သော်

Ronaldo အနေဖြင့် ထိုအနေအထားကို နားလည်ပြီး United အား ကျရှုံးနေသော အနေအထားဖြင့် မစွန့်ခွါလိုပေ။

Erik ten Hag အနေဖြင့် လာမည့်နွေရာသီတွင် တိုက်စစ်မှူးနှင့် ဗဟိုခံစစ်စသည့် အဓိက

ကစားသမား ၃ ဦး ခေါ်ယူလိုပြီး ကွင်းလယ်ပိုင်းလည်း အားဖြည့်မည်ဖြစ်သည်။ United အနေဖြင့်

ဖန်တီးမှုအပိုင်းတွင် Bruno Fernandes တစ်ဦးတည်းကိုသာ အလွန်အမင်းအားကိုးနေခဲ့ရပြီး

၂၀၂၆ ထိ သက်တမ်းတိုးထားသော Fernandes ကိုလည်း ten Hag အနေဖြင့် လွန်စွာ သဘောကျသူဖြစ်သည်။

ယခုနွေတွင် Edinson Cavani, Paul Pogba, Jesse Lingard, Juan Mata တို့ စာချုပ်ကုန်မည့်အပြင်

Nemanja Matic မှာလည်း ထွက်မည်ဟု ကြေညာထားသည်။ Anthony Martial မှာလည်း Sevilla မှ

အငှါးဖြင့် ပြန်လာသောအခါ အသင်းသို့ ပြန်မလာတော့ဟု မျှော်လင့်ထားသည်။ အထွက်

စာရင်းများပြားမှုကြောင့် လစာတော်တော်များများ လျော့ကျသွားမည်ဖြစ်သည်။

Erik ten Hag အနေဖြင့် Marcus Rashford ၏ အနာဂတ်ကိုလည်း သေချာအောင် ဆွေးနွေးမည်ဖြစ်သည်။

ကစားသမား၏ ဆန္ဒမှာ အသင်းတွင် ဆက်ရှိရန်ဖြစ်သော်လည်း ကစားသမား၏

အေးဂျင့်များမှ အနာဂတ်ကို စဉ်းစားနေကြောင်း အချက်ပြမှုများရှိသည်။ တစ်ချိန်တည်းမှာတွင်

United ထိပ်တန်းအရာရှိများတွင် Rashford အနေဖြင့် နေရာသစ်တွင် ပြန်လည်

စတင်ပါက အားလုံးအတွက် အကောင်းဆုံးဖြစ်မည်ဟု ယူဆသူများရှိသည်။Rashford ၏

ယခု စာချုပ်သည် ၂၀၂၃ တွင် ကုန်ဆုံးမည်ဖြစ်ပြီး တစ်နှစ် တိုးခွင့်ပါဝင်သည်။ နွေရာသီတွင်စာချုပ်သစ်

ဆွေးနွေးရန် မူလက စီစဉ်ထားသော်လည်း ယခုအခါ Erik ten Hag နှင့် ဆွေးနွေးပြီးသည်အထိ ဆိုင်းငံ့ထားမည်ဖြစ်သည်။

crd

data-language="en"

LEAVE A REPLY

Please enter your comment!
Please enter your name here