
မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှုး ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ အနာဂတ်နဲ့
ပတ်သက်ပြီး နည်းပြရန်းနစ်ခ်ကိုယ်တိုင် မှတ်ချက်ပေး အတည်ပြုသွားခဲ့ပါတယ်။ “ရော်နယ်လ်ဒို
ယူနိုက်တက်ကနေ ထွက်သွားမယ်ဆိုတဲ့ ကောလဟလတွေက တော်တော်ရီစရာကောင်းပါတယ်။
သေချာတာတစ်ခုကတော့ လာမယ့်ရာသီမှာ ရော်နယ်လ်ဒိုရဲ့ အရေးပါမှုကို ယူနိုက်တက်မှာ
မြင်ကြရဦးမှာပါ”လာမယ့်စျေးကွက်မှာ ယူနိုက်တက်အသင်းဘက်က မည်သည့်တိုက်စစ်
ကစားသမားကိုမဆို ခေါ်ယူပါကလည်း ရော်နယ်လ်ဒိုအနေနဲ့ အဓိက တိုက်စစ်မှုးအဖြစ် ဆက်ရှိနေမယ်လို့ သိရပါတယ်။
ရော်နယ်ဒိုဟာ လက်ရှိမန်ယူအသင်းရဲ့ အဓိကဂိုးသွင်းစက်တစ်ဦးဖြစ်ပြီး အသင်းအတွက်
ပြိုင်ပွဲစုံ၂၄ဂိုးအထိသွင်းယူပေးထားပါတယ်။ပရီးမီးယားလိဂ်မှာလည်း တတိယမြောက်ဂိုးသွင်း
အများဆုံးကစားသမား ဒီနှစ်မှာ ရုန်းကန်နေရတဲ့ မန်ယူအသင်းကို အကောင်းဆုံးရုန်းကန်ပေးနေတဲ့
၃၇နှစ်သားကြီးဖြစ်ပါတယ်။ရန်းနစ်ဟာ သက်ကြီးကစားသမားတွေကို သဘေမကျပေမယ့်
ရော်နယ်ဒိုရဲ့ လုပ်အားနဲ့ဂိုးသွင်းနှုန်းကိုတော့ သဘောမကျပဲ မနေနိုင်ကြောင်းကိုဝန်ခံထားတာဖြစ်ပါတယ်။
နောက်ရာသီမှာ နည်းပြသစ်တန်ဟန်ဟာ တိုက်စစ်မှူးအသစ်တစ်ယောက်ဝယ်ယူမှာဖြစ်ပေမယ့်
ရော်နယ်ဒိုကလည်း အဓိကတိုက်စစ်မှူးဖြစ်နေဦးမယ်ဆိုတာ သေချာပြီလို့ အတည်ပြုခဲ့ပါတယ်။
ရော်နယ်ဒိုဟာ နောက်ရာသီမှာ မန်ယူအသင်းနဲ့အတူ ဘယ်လိုအောင်မြင်မှုတွေရရှိသွာားမလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ။
ချန်ပီယံလိဂ်ဝင်ခွင့်မရတဲ့ မန်ယူအသင်းမှာ ချန်ပီယံလိဂ်ဘုရင်ကြီး ရော်နယ်ဒိုကို မြင်ရတာကတော့ သိပ်မလိုက်ဖက်ဘူးထင်ပါတယ်။
HH