Home Sport ဖာဂူဆန်ထွက်သွားပြီးနောက် မန်ယူအသင်းလုပ်ခဲ့တဲ့ အကြီးမားဆုံးအမှားကို ထောက်ပြဝေဖန်လိုက်တဲ့ ဖီးလ်နဗီးလ်

ဖာဂူဆန်ထွက်သွားပြီးနောက် မန်ယူအသင်းလုပ်ခဲ့တဲ့ အကြီးမားဆုံးအမှားကို ထောက်ပြဝေဖန်လိုက်တဲ့ ဖီးလ်နဗီးလ်

0
ဖာဂူဆန်ထွက်သွားပြီးနောက် မန်ယူအသင်းလုပ်ခဲ့တဲ့ အကြီးမားဆုံးအမှားကို ထောက်ပြဝေဖန်လိုက်တဲ့ ဖီးလ်နဗီးလ်
data-language="en"

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နောက်ခံလူဟောင််း တစ်ဦးဖြစ်တဲ့ ဖီးလ် နဗီးလ် က

data-language="en"

ဆာ အဲလက်စ် ဖာဂူဆန်် ထွက်ခွာသွားတဲ့နောက် အသင်းဖက်မှ ကျူးလွန် ခဲ့တဲ့ အကြီး

မားဆုံး အမှားက ဘာလဲဆိုတာကို ထုတ်ဖော် ပြောကြား သွားခဲ့လိုက်ပါတယ် ။

data-language="en"

ဖီးလ် နဗီးလ် ဆိုတာ မန်ချက်စတာ ယူနိုက်တက် အသင််းရဲ့ နာမည်ကျော် Class 92 အဖွဲ့ဝင် ကစားသမား တစ်ဦး ဖြစ်ပြီး 2005 ခုနှစ်မှာတော့

မန်ချက်စတာ မှ ထွက်ခွာပြီး အဲဗာတန် အသင်းဆီ ပြောင်းရွှေ့ ကစားခဲ့သူ တစ်ဦးပဲ ဖြစ်ခဲ့ရပါတယ် ။

data-language="en"

အဲ့ဒီနောက် သူဟာ အဲဗာတန် နည်းပြ ဖြစ်သူ ဒေးဗစ် မိုယက်စ် ရဲ့ နည်းပြ အဖွဲ့ဝင် တစ်ဦး အဖြစ်

တာဝန် ထမ်းဆောင်ရင်း အိုးလ် ထရပ်ဖို့ဒ် ဆီကို ပြန်လာခဲ့ ပါတယ် ။ ဒါပေမဲ့ ဒေးဗစ် မိုယက်စ်

ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကို တစ်နှစ် ပြည့်အောင်တောင် ကိုင်ခွင့် မရခဲ့ပါဘူး ။

အခုတော့ ဒေးဗစ် မိုယက်စ် နဲ့အတူ လက်တွဲ အလုပ်လုပ််ခဲ့တဲ့ လက်ရှိ အင်တာ မီယာမီ

အသင်း နည်းပြ ဖီးလ် နဗီးလ် က Sky Sport နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး အစီအစဥ်မှာ စကော့တလန်သားကို

အချိန်မပေးပဲ ထုတ်ခဲ့တာက ယူနိုက်တက်ရဲ့ အကြီးမားဆုံး အမှားပဲလို့ ပြောခဲ့လိုက်ပါတယ် ။

” အခုနေ နောက်ပြန် လှည့်ကြည့်လိုက်မယ်ဆိုရင် မိုယက်စ် ကို အချိန်မပေးခဲ့တာက အကြီးမားဆုံး အမှားပဲလို့ ပြောရပါလိမ့်မယ် ။

မိုယက်စ်ဟာ အချိန် မပေးခံရခြင်း ၊ ထောက်ခံမှု မရခြင်း ၊ နည်းပြတိုင်း ရရှိလေ့ ရှိတတ်ကြတဲ့ ဘဏ္ဍရေး အထောက်အပံ့မရခြင်းတွေကို ကြုံခဲ့ရပါတယ် ”

” ကျွန်တော်တို့ အသင်းကနေ ထွက်ခွာခဲ့ကြချိန်မှာ နောက််ထပ် တစ်ရာသီ အသင်းမှာ ဆက်ရှိဖို့ပဲ လိုအပ်ခဲ့ကြပါတယ် ။

ကျွန်တော်တို့ နောက်တစ်ရာသီ အသင်းကို ကိုင်တွယ််ဖို့ အတွက် တကယ်ပဲ ထိုက်တန်ကြတယ်လို့ ထင်ခဲ့တယ်လေ ”

” တကယ့် ခမ်းနားတဲ့ နည်းပြတွေ အသင်းမှာ ထူးခြားမှု မလုပ်နိုင်ခဲ့ကြတဲ့ မန်ချက်စတာ

ယူနိုက်တက်လို အသင်းမျိုးမှာ အချိန် 10 လပဲ ရရှိခဲ့ကြတယ်ဆိုတာက တကယ်ပဲ မလုံလောက်ဘူးလေ ။

တကယ်တော့ မိုယက်စ် ဆီမှာ အသင််းကို နောက်တစ်ဆင့် ဆွဲခေါ်ဖို့ မယုံကြည်နိုင်ဖွယ် ပလန် တစ်ခု ရှိခဲ့ပါတယ် ”

” ကျွန်တော့် အတွက်တော့ မန်ချက်စတာ ယူနိုက်တက် အသင်းမှ ဆာ အဲလက်စ် ဖာဂူဆန် ထွက်ခွာသွားတဲ့နောက်် မိုယက်စ် ကို

အချိန် မပေးခဲ့ခြင်းက သူတို့တွေ ကျူးလွန််ခဲ့ကြတဲ့ အကြီးမားဆုံး အမှားပဲဲ ဖြစ်တယ်လို့ အခုထိ တွေးတော့ ယုံကြည်မိနေဆဲပါပဲ ”

” အခုတော့ သူဟာ ဝက်စ်ဟမ်း အသင်းမှာ သက်သေပြနေခဲ့ပါပြီ ။ သူသာ အချိန်ရနိုင်မယ်ဆိုရင်

အရည်အသွေးကောင်းတဲ့ အသင်းကို တည်ဆောက်ပြီး အောင်မြင်မှုတွေ ယူနိုင်တယ်ဆိုတာ

သက်သေပြထားနိုင်ခဲ့ပါတယ် ” လို့ ဖီးလ် နဗီးလ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

crd:Sports_Myanmar

data-language="en"

LEAVE A REPLY

Please enter your comment!
Please enter your name here