
မန်ယူဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုက ၎င်းအား ဝေဖန်နေသူများကို ရည်ညွှန်းကာ
ဝေဖန်သံများကြောင့် မိမိ၏ကစားသမားဘဝ အဆုံးသတ်သွားမည်မဟုတ်ကြောင်း
ဘရန့်ဖို့ဒ်နှင့်ပွဲအပြီးတွင် ကင်မရာကို ကြည့်ကာ အော်ဟစ်ခဲ့ကြောင်း သိရသည်။
မေလ (၂) ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် မန်ယူ (၃-၀) ဘရန့်ဖို့ဒ်ပွဲတွင် စီရော်နယ်လ်ဒိုသည်
ပွဲချိန် (၆၁) မိနစ်တွင် မန်ယူအသင်းအတွက် ဒုတိယဂိုးကို ပယ်နယ်တီမှတစ်ဆင့်
သွင်းယူခဲ့သည်။ယင်းနောက်ပွဲအပြီးတွင် စီရော်နယ်လ်ဒိုသည် ကင်မရာကို စိုက်ကြည့်ကာ သူ၏ကစားသမားဘဝ
မပြီးဆုံးသေးကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။စီရော်နယ်လ်ဒိုသည် ယခုရာသီ ပရီးမီးယားလိဂ်
(၁၈) ဂိုးအထိ သွင်းယူထားသော်လည်း ယခုရာသီ မန်ယူအသင်း ကျဆုံးခြင်းမှာ အသက် (၃၇)
နှစ်ကျော်ပြီဖြစ်သည့် စီရော်နယ်လ်ဒိုကို ခေါ်ယူခဲ့ခြင်းကြောင့်ဖြစ်သည်ဟု ဝေဖန်မှုများ ထွက်ပေါ်နေသည်။
ထို့ကြောင့် ယခုရာသီကုန်တွင် စီရော်နယ်လ်ဒိုအနေဖြင့် ရီးယဲလ်အသင်းသို့
ပြန်လည်ပြောင်းရွှေ့ဖွယ်ရှိနေသည်ဟု သတင်းများထွက်လျက်ရှိသည်။
ရော်နယ်ဒိုဟာ မန်ယူအသင်းရဲ့ တစ်လတာအကောင်းဆုံးဆုကို ၄လအထိရရှိထားတာဖြစ်ပါတယ်။
crd