
ပရီးမီးယားလိဂ်ရဲ့ အင်အားကြီးအသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ မာရှယ်ကို အလိုက်ပေးပြီး
အင်တာမီလန် တိုက်စစ်မှူး မာတီနက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ဥရောပ အခြေစိုက် သတင်းဌာန အများစုက ဖော်ပြသွားကြပါတယ်။
ယခုနှစ် ဘောလုံးရာသီမှာ မန်နေဂျာ အပြောင်းအလဲတွေနဲ့ ရလဒ်တွေ ဆိုးဝါးခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ
လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ နည်းပြသစ် တန်ဟတ်နဲ့အတူ အသင်းကို အစအဆုံး ပြန်လည် မွမ်းမံ တည်ဆောက်ဖို့ စီစဉ်နေပြီး
သူတို့ရဲ့ အစီအစဉ်တွေထဲမှာ ထိပ်တန်း တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့လည်း ပါဝင်လာခဲ့ပါတယ်၊ မန်ချက်စတာ ယူနိုက်တက်ဟာ လက်ရှိအချိန်မှာ
ကာဗာနီ၊ ရော်နယ်ဒို၊ ရက်ဖို့ဒ်၊ မာရှယ်၊ စတဲ့ တိုက်စစ်မှူးတွေကို ပိုင်ဆိုင်ထားပေမယ့် ရော်နယ်ဒိုဟာ အသက်အရွယ်ကြောင့်
ပွဲတိုင်း ပါဝင် ကစားဖို့ မဖြစ်နိုင်တော့သလို ကာဗာနီကလည်း အသင်းကနေ ထွက်ခွာဖို့ ရှိနေပြီး ရက်ဖို့ဒ်နဲ့ မာရှယ်တို့ကလည်း
ခြေစွမ်းပိုင်း တည်ငြိမ်မှု အားနည်းနေကာ အသင်းနဲ့ အနာဂတ် မရေရာတာကြောင့် မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက
အသင်းရဲ့ တိုက်စစ်ပိုင်းကို အဓိကထား အင်အားဖြည့်တင်းဖို့ စီစဉ်နေတာပါ၊ နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့
သတင်းစုစည်း ဖော်ပြချက်တွေအရ မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက လက်ရှိမှာ စပိန်လာလီဂါကလပ် ဆီဗီးလားထံ
အငှားနဲ့ ပြောင်းရွှေ့ ကစားနေတဲ့ တိုက်စစ်မှူး အန်သိုနီ မာရှယ်ကို အလိုက်ပေးပြီး အင်တာမီလန် တိုက်စစ်မှူး မာတီနက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။
အသက် ၂၄နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်ဟာ အီတလီ စီးရီးအေရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက
တဦး အဖြစ် သတ်မှတ်ခံထားရသလို အင်တာမီလန်နဲ့ ၂၀၂၆ ခုနှစ်ထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးပေမယ့်
လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းပြောင်းဖို့ စဉ်းစားနေတဲ့ ထိပ်တန်း တိုက်စစ်မှူး တဦးလည်း ဖြစ်ပါတယ်။
ဒါကြောင့် မန်ချက်စတာ ယူနိုက်တက် တာဝန်ရှိသူတွေက မာတီနက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပြီး
မန်ချက်စတာ ယူနိုက်တက်ဟ မာတီနက်ဇ် အတွက် မာရှယ်နဲ့ ယူရို ၄၅သန်းအပါအဝင် ကမ်းလှမ်းဖို့ ရှိနေကြောင်း အီတလီ အခြေစိုက် သတင်းဌာနများမှ ဆိုပါတယ်။
crd