Home Sport နောက်ဆုံးအိမ်ကွင်းပွဲစဥ်အပြီးမှာ သူ့ရင်ထဲက ခံစားချက်တွေကို ထုတ်ဖော်ပြောလာတဲ့ ရော်နယ်ဒို

နောက်ဆုံးအိမ်ကွင်းပွဲစဥ်အပြီးမှာ သူ့ရင်ထဲက ခံစားချက်တွေကို ထုတ်ဖော်ပြောလာတဲ့ ရော်နယ်ဒို

0
နောက်ဆုံးအိမ်ကွင်းပွဲစဥ်အပြီးမှာ သူ့ရင်ထဲက ခံစားချက်တွေကို ထုတ်ဖော်ပြောလာတဲ့ ရော်နယ်ဒို
data-language="en"

ခရစ္စတီယာနို ရော်နယ်ဒိုမှာ တခြားနေရာသွားဖို့ ဆန္ဒမရှိပါဘူး၊ ဒီရာသီ နောက်ဆုံး အိမ်ကွင်းပွဲစဥ် အပြီးမှာ ရော်နယ်ဒိုက အိုးထရတ်ဖို့ဒ်မှာ ခံစားချက်တွေ

data-language="en"

အပြည့် ဖြစ်နေခဲ့ပေမယ့် ဒါက သူ့အတွက် နှုတ်ဆက်ပွဲ မဟုတ်သေးပါဘူး၊ ရော်နယ်ဒိုက သူ့ရဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ စာချုပ်မှာ (၁) နှစ်သက်တမ််း ကျန်ရှိနေပါသေးတယ်။

တိုက်စစ်မှူးက ပျော်ရွှင်စရာမကောင်းတဲ့ ရှည်လျားတဲ့ ဘောလုံးရာသီ၊ ကျော်ဖြတ်ခဲ့ရတဲ့ ပရိသတ် တွေကို လက်ခုပ်တီးကာ ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။

data-language="en"

အဝေးကွင်းပွဲစဥ် (၂) ခု ကျန်သေးပေမယ့် ဒါက နောက်ဆုံး အိမ်ကွင်း ပွဲစဥ်ဖြစ်ပါတယ်၊ သူရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ ဝေဝါးနေတယ်ဆိုရင်ရော်နယ်ဒိုအနေနဲ့ ‌‌ပွဲသိမ်းခရာ အပြီးမှာ သူ့ရဲ့ ဆန္ဒတွေကို ရှင်းလင်ပြဖို့ ကြိုးစားခဲ့ပါလိမ့်မယ်။

ရော်နယ်ဒိုက- ခက်ခဲတဲ့ ဘောလုံးရာသီတစ်ခု ဖြတ်ကျော်ခဲ့ရတဲ့ အံ့သြဖွယ်ရာ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း ဆိုခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် ပိုကောင်းလာဖို့ပဲ အာရုံစိုက်ထားတယ်လို့ သိရပါတယ်။

data-language="en"

ရော်နယ်ဒိုက အဆိုပါ ပွဲစဥ်အပြီးမှာ သူ့ရဲ့ အင်စတာဂရမ် အကောင့်မှ တစ်ဆင့် ပွဲကြည့်စင်ပေါ်မှ ပရိသတ်တွေရဲ့ အံ့မခန်း အား‌ပေးမှုကို ထပ်မံမြင်တွေ့ခဲ့ရပါတယ်။

ခက်ခဲတဲ့ ဘောလုံးရာသီ ရင်ဆိုင်ခဲ့ရပေမယ့် ကျွန်တော်တို့ကို ဘယ်တော့မှ ပြစ်ပယ်မသွားတဲ့ အံ့မခန်း ပရိသတ်တွေရဲ့ ကျေးဇူးကြောင့် ကျွန်တော်တို့က

အိုးထရတ်ဖို့ဒ်ရာသီ နောက်ဆုံးပွဲစဥ်ကို အကောင်းဆုံး အသုံးချနိုင်ခဲ့တာ ဖြစ်ပါတယ်၊ ခင်ဗျားတို့ရဲ့ အားပေးမှုက ကျွန်တော်တို့အတွက် ကမ္ဘာပါ။

ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က မန်ချက်စတာ ယူနိုက်တက်ကို အောင်မြင်မှုတွေ ယူပေးနိုင်ဖို့အတွက်၊ ပြီးတော့ နေ့တိုင်း ပိုကောင်းလာဖို့ ဖြစ်ပါတယ်လို့ ရေးသားထားပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ( ၃-၀ ) ရလဒ်နဲ့ အနိုင်ရခဲ့သလို ရော်နယ်ဒိုကလည်း ဘရူနို ဖာနန်ဒက်စ်နဲ့ ရာဖေး ဗာရန်းရဲ့ သွင်းဂိုးတွေကြားမှာ ပင်နယ်တီကို အဆုံးသတ်နိုင်ခဲ့ပါတယ်။

ရော်နယ်ဒိုက ဒီရာသီမှာ (၂၄) ဂိုးအထိ သွင်းယူထားပြီ ဖြစ်သလို (၁၄၂) ဂိုးနဲ့ အသင်းရဲ့ သမိုင်းတစ်လျှောက် (၁၄) ဦးမြောက် သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်နေလျှက် ရှိပါတယ်။

data-language="en"

LEAVE A REPLY

Please enter your comment!
Please enter your name here