
ရော်နယ်ဒို ဟာလက်ရှိမန်ယူအသင်းရဲပထိပ်တန်းဂိုးသွင်းရှင်ဖြစ်ပြီး ဒုတိယဂိုးသွင်းအများဆုံးကစားသမား
ဖာနန်ဒတ်ထက် ၂ဆလောက်များပါတယ်။မန်ယူအသင်းဟာ လက်ရှိမှာ ချန်ပီယံလိဂ်ဝင်ခွင့်ကို
စွန့်လွှတ်လိုက်ရပြီဖြစ်ပြီး ယူရိုပါလိဂ်ဝင်ခွင့်အတွက်တောင်ဝက်ဟမ်းနဲ့အပြိုင်အဆိုင်ဖြစ်နေတာဖြစ်ပါတယ်။
လီဗာပူးကတော့ ကာရာဘောင်ဖလားရယူပြီးဖြစ်သလို ဖလား၄လုံးရရှိဖို့ အခြေအနေကောင်းနေပြီး
ချန်ပီယံလိဂ်ဖိုင်နယ်၊FA cupဖိုင်နယ် နဲ့ ပရီးမီးယားလိဂ်မှာ မန်စီးတီးအောက် တစ်မှတ်အကွာနဲ့ အဆင့် ၂နေရာမှာရပ်တည်နေတာပါ။
အသင်းနှစ်သင်းကြားမှာ အခြေအနေတွေက မိုးနဲ့မြေလိုကွာနေပေမယ့် လီဗာပအသင်းရဲ့ ဂိုးသွင်းအများဆုံး
ကစားသမား ဆာလတ်ဟာ ၂၂ဂိုးထိသွင်းယူပြီး ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းအများဆုံးဖြစ်ပေမယ့်
ရော်နယ်ဒိုကလည်း ၁၈ဂိုးနဲ့ အဆင့် ၃နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။
ရွိုင်ကိန်းကတော့ မန်ယူလို ဖန်တီးမှုကောင်းကောင်းမရတဲ့ အသင်းမှာ ကစားရင်
ဆာလတ်ဟာ ရော်နယ်ဒိုလို ၁၈ဂိုးသွင်းနိုင်ပါ့မလားဆိုတာ သံသယဝင်နေတာဖြစ်ပါတယ်။
ဆာလတ်ဟာလက်ရှိ၂၀၂၂မှာတော့ ခြေစွမ်းပျောက်နေတာဖြစ်ပြီး နောက်ဆုံး၁၂ပွဲဆက်တိုက်
ဂိုးပေါက်ပျောက်နေတာဖြစ်ပါတယ်။ရော်နယ်ဒိုကတော့ နောက်ဆုံး၄ပွဲဆက်တိုက် ဂိုးသွင်းယူထားပြီး Hat-trickတစ်ကြိမ်ပါဝင်ပါတယ်။
“အကယ်၍ ရော်နယ်ဒိုကို လီဗာပူးလ်အသင်းမှာကစားခိုင်းမယ်ဆိုရင် သူက ဆာလာထက်
ပိုများတဲ့ သွင်းဂိုးတွေကို သွင်းယူပြပါလိမ့်မယ်၊ဒါပေမယ့် ဆာလာကို လက်ရှိမန်ယူအသင်းမှာ
ကစားခိုင်းကြည့်မယ်ဆိုရင် သူရော်နယ်ဒိုလိုမျိုး(18)ဂိုးသွင်းယူနိုင်မယ်လို့ ခင်ဗျားထင်လား?
ကျွန်တော်ကတော့ မထင်ပါဘူးဗျာ၊ရုန်းကန်နေရတဲ့ အသင်းတစ်ခုအတွက် ရော်နယ်ဒိုလို
စွမ်းဆောင်ပေးနိုင်ဖို့ဆိုတာ တကယ်ကိုမလွယ်တဲ့ အလုပ်တစ်ခုပါ”လို့ ပြောခဲ့ပါတယ်။
ရော်နယ်ဒိုကတော့ အသက်၃၇နှစ်နဲ့ ပရီးမီးယားလိဂ်မှာ ၁၈ဂိုးထိသွင်းထားပြီး ဘယ်သူမှလိုက်မမှီနိုင်တဲ့ စံချိန်တစ်ခုကိုတင်ထားတာဖြစ်ပါတယ်။
ပရိတ်သတ်ကြီးကတော့ ဆာလတ်သာ မန်ယူမှာ ကစားရင် ရော်နယ်ဒိုလောပ်ဂိုးသွင်းနိုင်မယ်လို့ ထင်လား။ဘယ်လိုထင်လဲ မှတ်ချက်ပေးခဲ့ပါ့ဦး
HH