Home Sport ဂိုးတွေဆက်တိုက်သွင်းနေပေမယ့် မန်ယူအတွက် ရော်နယ်ဒိုက ဘယ်လိုပြဿနာကောင်မျိုးလဲဆိုတာ ရှင်းပြလာတဲ့ ကာရေဂါ

ဂိုးတွေဆက်တိုက်သွင်းနေပေမယ့် မန်ယူအတွက် ရော်နယ်ဒိုက ဘယ်လိုပြဿနာကောင်မျိုးလဲဆိုတာ ရှင်းပြလာတဲ့ ကာရေဂါ

0
ဂိုးတွေဆက်တိုက်သွင်းနေပေမယ့် မန်ယူအတွက် ရော်နယ်ဒိုက ဘယ်လိုပြဿနာကောင်မျိုးလဲဆိုတာ ရှင်းပြလာတဲ့ ကာရေဂါ
data-language="en"

ပြီးခဲ့တဲ့နွေရာသီမှာ ရော်နယ်ဒိုကို ယူနိုက်တက်တို့ ခေါ်ယူလိုက်ခြင်းက အသင်းကို သေးသိမ်သွားစေတယ်လို့

data-language="en"

လီဗာပူး ဂန္တဝင်ဟောင်း ကာရေဂါက ထပ်မံ ဝေဖန်လာပြန်ပါတယ်။ ရော်နယ်ဒိုဟာ မနေ့က

ဘရန့်ဖို့ဒ်နဲ့ပွဲမှာ အသင်းအတွက် တဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ဒီပွဲအပြီးမှာ ရော်နယ်ဒိုက ယူနိုက်တက်မှာ

data-language="en"

ဆက်ရှိဖို့ ပြောသွားခဲ့ပြီး ကာရေဂါကတော့ ဆက်တိုက်ကို ဝေဖန်ခဲ့သလိုမျိုး အခုတခါမှာလည်း

ရော်နယ်ဒိုကို ထပ်မံဝေဖန်ခဲ့တာပါ။ ကာရေဂါက “ကျနော့်အတွက်က ရော်နယ်ဒိုကို ယူနိုက်တက်က

data-language="en"

ဝယ်လိုက်တဲ့အပေါ် အမြဲတမ်း ပြဿနာဖြစ်နေတုန်းပါ”“ကမ္ဘာ့ထိပ်တန်းအသင်းတွေထဲက

တသင်းအနေနဲ့ အသက် (၃၇) နှစ်အရွယ်လို ကစားသမားမျိုးကို မဝယ်ယူသင့်ပါဘူး။ သူတို့အတွက်

အခြားလုပ်စရာတွေအများရှိပါတယ်။ ဒါပေမယ့် အခုတော့ ပြဿနာပေါင်းများစွာ တက်နေပါပြီ”

“ကွင်းလယ်ကစားသမားတယောက်၊ ဗဟိုနောက်ခံလူတယောက် ခေါ်သင့်တာပါ။ တိုက်စစ်မှူးတွေ

ခေါ်မယ်ဆိုပါစို့။ သူတို့က ရော်နယ်ဒိုအတွက် အရံလား။ ခင်ဗျားက မန်နေဂျာတယောက်ဆိုရင်

ခင်ဗျားအသင်းမှာ ဘယ်သူ့ကို မလိုအပ်ဘူးလဲ စဥ်းစားရမှာပါ”“ယူနိုက်တက်မှာ အခြားပြဿနာတွေ

အများကြီးရှိပါတယ်။ လီဗာပူးက ဆွာရက်ဇ်ကို ပြန်ခေါ်နိုင်လား။ ကျနော်ကတော့ ခေါ်မယ်

မထင်ပါဘူး။ ယူနိုက်တက်က ဟာလန်းကို ခေါ်သင့်တာပါ။ အခု မန်စီးတီးက ခေါ်ပါတော့မယ်”

“ယူနိုက်တက်တို့ ရော်နယ်ဒိုကိုခေါ်လိုက်တာက အသင်းငယ်လေးတသင်းလိုပါပဲ။ ရွန်နီး အဲဗာတန်ကို

ပြန်သွားသလိုပေါ့။ ဒါက ပရိသတ်တွေကို အားပေးရုံသပ်သပ်ပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။

crd

data-language="en"

LEAVE A REPLY

Please enter your comment!
Please enter your name here