
မနေ့ညကတော့ မန်ယူအသင်းဟာ အိမ်ကွင်းမှာ ဘရန်းဖို့ဒ်ကို ၃-၀ ဆိုတဲ့ ရလဒ်နဲ့ အိမ်ကွင်းမှာ ဂိုးမိုးရွာခဲ့ပါတယ်။
မန်ယူအတွက် ဖာနန်ဒတ်၊ရော်နယ်ဒိုနဲ့ ဗာရိန်းတို့က သွင်းယူပေးခဲ့ပြီး အီလန်ဂါ နဲ့ ဒါးလော့ဒ်တို့က ဂိုးဖန်တီးပေးခဲဲကြပါတယ်။
ရော်နယ်ဒိုကတော့ မန်ယူအသင်းအတွက် အစွမ်းကုန်ပေးဆပ်ကြိုးစားရင် ပွဲတိုင်း ချီးကျူးမှုတွေရရှိနေတဲ့ ကစားသမားဖြစ်ပါတယ်။
ဒါပေမယ့် နောက်ရာသီမှာ မန်ယူအသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်မရတော့တာကြောင့် ချန်ပီယံလိဂ်ဘုရင်ကြီး
ရော်နယ်ဒိုဟာ မန်ယူအသင်းမှာ ဆက်နေပါ့ဦးမလားဆိုတာ မန်ယူပရိတ်သတ်တွေသိချင်နေတဲ့ အဖြေဖြစ်ပါတယ်။
မန်ယူအသင်းရဲ့ ဂန္ဓဝင်ခေါင်းဆောင်ကြီး ရွိုင်ကိန်းကတော့ ဘရန်းဖို့ဒ်နဲ့ ပွဲက ရော်နယ်ဒိုရဲ့ အပြုအမှုကို ကြည့်ရတာ အသင်းထွက်တော့မယ်ပုံစံပဲလို့ ပြောပြလာပါတယ်။
“ ခရစ်စတီယာနိုရော်နယ်ဒိုအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းမှာ နောက်တစ်ရာသီ
ဆက်ရှိနေဖို့ကို ကျွန်တော် စိတ်ကူးတောင် မယဉ်ကြည့်နိုင်ပါဘူး ““ ကျွန်တော်
ရော်နယ်ဒိုကို နောက်ရာသီလည်း အသင်းမှာ ဆက်ရှိနေဖို့ မျှော်လင့်မိပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုရဲ့
ကိုယ်ဟန်အမှုအရာကို ကြည့်ရတာကတော့ အသင်းကနေ ထွက်ခွါမယ့် ပုံစံမျိုးရှိပါတယ် “
“ ကျွန်တော် ဆုတောင်း ပေးပါတယ်။ ဒီရာသီ ရော်နယ်ဒိုရဲ့ ပွဲစဉ်တွေအားလုံးဟာ ယနေ့ညက ပွဲစဉ်လိုမျိူးပဲဖြစ်ဖို့ “လို ပြောလာပါတယ်။
ရော်နယ်ဒိုကတော့ ပွဲတိုင်းအကောင်းဆုံးပေးဆပ်နေတဲ့ ကစားသမားဖြစ်ပြီး မန်ယူအသင်းပရီးမီးယားလိဂ်သွင်းဂိုး ၁၈ဂိုးအထိ သွင်းယူပေးထားပြီး
မန်ယူအသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ တတိမြောက် ဂိုးသွင်းအများဆုံးကစားသမားဖြစ်ပါတယ်။
HH