Home Sport ဂိုးမိုးရွာပြီး အနိုင်ရခဲ့တဲ့ ပွဲမှာ အကောင်းဆုံးခြေစွမ်းပြခဲ့ကြတဲ့ အဘိုးကြီး ၃ ယောက်နဲ့ ညံ့မြဲညံဆဲ ကစားသမားတစ်ယောက် (ပွဲပြီးသုံးသပ်ချက်)

ဂိုးမိုးရွာပြီး အနိုင်ရခဲ့တဲ့ ပွဲမှာ အကောင်းဆုံးခြေစွမ်းပြခဲ့ကြတဲ့ အဘိုးကြီး ၃ ယောက်နဲ့ ညံ့မြဲညံဆဲ ကစားသမားတစ်ယောက် (ပွဲပြီးသုံးသပ်ချက်)

0
ဂိုးမိုးရွာပြီး အနိုင်ရခဲ့တဲ့ ပွဲမှာ အကောင်းဆုံးခြေစွမ်းပြခဲ့ကြတဲ့ အဘိုးကြီး ၃ ယောက်နဲ့ ညံ့မြဲညံဆဲ ကစားသမားတစ်ယောက် (ပွဲပြီးသုံးသပ်ချက်)
data-language="en"

ရလဒ်တွေ ဆိုးရွားပြီး နိုင်ပွဲပျောက်ဆုံးနေတဲ့ မန်ယူအနေနဲ့ အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ နိုင်ပွဲပြန်ရှာတွေ့ခဲ့ပါတယ်။

data-language="en"

မန်ယူဟာ ဒီပွဲမှာ ၄-၂-၃-၁ ကစားကွက်ကို ခင်းကျင်းခဲ့ပြီး တိုက်စစ်မှာ စီရော်နယ်ဒိုကို အထောင်ထားကာ

ဖာနန်ဒက်စ်၊ မာတာ၊ အီလန်ဂါတို့ တိုက်စစ်အတွဲနဲ့ ပွဲထွက်လာခဲ့ပြီး မာတစ်၊ တွမ်မီနေးတို့ကွင်းလယ်ကို အသုံးပြုခဲ့ပါတယ်။

data-language="en"

နောက်တန်းမှာတော့ တဲလက်စ်၊ ဗာရန်း၊ လင်ဒီလော့ဖ်၊ ဒါလော့တို့ကို ကစားစေခဲ့ပါတယ်။ ဘရန်ဖို့ဒ်က

သူတို့ရဲ့ ကစားပုံအတိုင်း ၅-၃-၂ ကို အသုံးပြုခဲ့ကာ တိုနေး၊ အဲရစ်ဆင်၊ နော်ဂတ်၊ ဂျန်ဆန်တို့ စုဖွဲ့မှုနဲ့

data-language="en"

မန်ယူကို ရင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲစဉ်ကတော့ ဒီရာသီ မန်ယူရဲ့ အကောင်းဆုံးပွဲတွေထဲက တစ်ပွဲဖြစ်ခဲ့ပါတယ်။

အထူးသဖြင့် အဘိုးကြီးတွေ ခြေစွမ်းပြခဲ့တဲ့ပွဲလို့ ဆိုရမှာဖြစ်ပြီး မာတစ်၊ မာတာ၊ စီရော်နယ်ဒိုတို့က

ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားတွေ ဖြစ်ခဲ့ပါတယ်။ ပွဲအစကတည်းက မန်ယူတို့ တိုက်စစ်ဆင်ကစားခဲ့ပြီး

ပွဲချိန် ၉မိနစ်မှာတင် ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။ ဒီဂိုးကတော့ ဒါလော့ရဲ့ Long Pass ကို

အီလန်ဂါက ပါးပါးနပ်နပ် ဖြတ်တင်ပေးရာမှာတော့ ဖာနန်ဒက်စ်က အကော်ငးဆုံး အဆုံးသတ်ခဲ့တာပါ။

အဲဒီနောက် မန်ယူကပဲ ပွဲကိုဖိအားပေးကစားနိုင်ခဲ့ပြီး အထူးသဖြင့် မာတာ၊ မာတစ်တို့လို

ဝါရင့်ကစားသမားကြီးတွေ ပါဝင်လာတဲ့ မန်ယူကွင်းလယ် ကစားပုံက အားရစရာကောင်းခဲ့ပါတယ်။

ပုံစံကောင်း ပြနေတဲ့ဘရန်ဖို့ဒ်ကတော့ အရင်ပွဲတွေကနဲ့ မတူဘဲ ဒီပွဲမှာ မန်ယူကို မယှဉ်နိုင်ခဲ့ဘဲ ရုန်းကန်ခဲ့ရပါတယ်။

ဂေါင်းကြီးမပါတဲ့ ဒီပွဲမှာ မန်ယူအတွက် မေတ္တာခံယူခဲ့တဲ့ ကစားသမားကတော့ ဒါလော့ပါ။

ဖာနန်ဒက်စ်ရဲ့သွင်းဂိုးအတွက် ပေးပို့ခဲ့တဲ့ အလုံးကလွဲရင် သူ့ဖြတ်တင်ဘောတွေက စိတ်ပျက်စရာ

ကောင်းခဲ့သလို ဒီဂီယာသတိထားရတဲ့ ကစားသမားလည်း ဖြစ်ခဲ့တာပါ။ ဂေါင်းကြီးနေရာကို ဆက်ခံသူပေါ့။

မန်ယူကပဲ ဖိအားပေး တိုက်စစ်ဆင်ကစားပြီး ပထမပိုင်းပြီးခါနီးမှာ စီရော်နယ်ဒိုက လှပတဲ့

ဂိုးတစ်ဂိုးသွင်းယူခဲ့ပေမဲ့ တိကျလွန်းတဲ့ VAR ကြောင့် ပယ်ဖျက်ခံလိုက်ရပါတယ်။ ဒုတိယပိုင်းမှာတော့

မန်ယူကကစားအားလျော့နည်းခဲ့ပြီး ဘရန်ဖို့ဒ်က ဖိအားပေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့

ဘရန်ဖို့ဒ် တိုက်စစ်က ထိရောက်မှု မရှိဘဲ မန်ယူနောက်တန်းကလည်း ပုံစံကောင်းပြနေခဲ့ပါတယ်။

ဒီလိုနဲ့ ၆၁ မိနစ်မှာတော့ မန်ယူ တိုက်စစ်ဆင်မှုပြုလုပ်ခဲ့ပြီး စီရော်နယ်ဒိုကို ဘရန်ဖို့ဒ်နောက်တန်းက

ဂိုးဧရိယာအတွင်း ဖြတ်ထုတ်ပုံကြမ်းခဲ့လို့ မန်ယူပင်နယ်တီ ကန်သွင်းခွင့်ရရှိခဲ့ရာမှာ စီရော်နယ်ဒိုကပဲကန်သွင်းယူခဲ့ပါတယ်။

နှစ်ဂိုးပြတ်အနိုင်ရရှိခဲ့ပြီးနောက် မန်ယူဟာ အေးအေးလူလူကစားခဲ့ပြီး တန်ပြန်တိုက်စစ်တွေကိုသာ ပိုမိုအားပြုခဲ့ပါတယ်။

၇၂ မိနစ်မှာတော့ မန်ယူ တတိယမြောက် ဦးဆောင်ဂိုးရရှိခဲ့ပြီး တဲလက်စ်ရဲ့ ထောင့်ကန်ဘော

ဖြတ်တင်ပေးပို့မှုကို ဗာရာနီက ဘရန်ဖို့ဒ်နောက်ခံလူတွေ တားထားတဲ့ကြားက မရမက ပိတ်သွင်းယူသွားခဲ့တာပါ။

အဲဒီနောက်ပိုင်း မန်ယူက အနိုင်ဂိုးတွေကို ထိန်းချုပ်သွားခဲ့ပြီး အိုးထရက်ဖို့ဒ်မှာ ဂိုးပြတ်နိုင်ပွဲတစ်ပွဲကို ရှာဖွေနိုင်ခဲ့ပါတယ်။

ဖာနန်ဒက်စ်တစ်ယောက် မန်ယူအတွက် စတင်ပွဲထွက်ချိန်ကစပြီး ရေတွက်မယ်ဆိုရင် ပရီးမီးယားလိဂ်မှာ

သူ့ထက် ဂိုးပါဝင်ပတ်သက်မှု ပြုလုပ်နိုင်တာ ဆာလတ်(၇၃ ကြိမ်)နဲ့ ဟယ်ရီကိန်း (၆၅ ကြိမ်)တို့သာ ရှိတာပါ။

ဒီကာလအတွင်း ဖာနန်ဒက်စ်ကတော့ ဂိုးပါဝင်ပတ်သက်မှု ၆၁ ကြိမ်(၃၆ ဂိုးသွင်း၊ ၂၅ ကြိမ်ဖန်တီး )ပြုလုပ်ထားတာပါ။

crd

data-language="en"

LEAVE A REPLY

Please enter your comment!
Please enter your name here