Home Sport လစာပေါင် ၁၂သန်း လျော့ချနိုင်ဖို့ မဖြစ်မနေရောင်းချခံရတော့မယ့် မန်ယူတိုက်စစ်မှူး

လစာပေါင် ၁၂သန်း လျော့ချနိုင်ဖို့ မဖြစ်မနေရောင်းချခံရတော့မယ့် မန်ယူတိုက်စစ်မှူး

0
လစာပေါင် ၁၂သန်း လျော့ချနိုင်ဖို့ မဖြစ်မနေရောင်းချခံရတော့မယ့် မန်ယူတိုက်စစ်မှူး
data-language="en"

မန်ချက်စတာယူနိုက်တက်အသင်းဟာ တိုက်စစ်မှူးအန်တိုနီမာရှယ်အတွက်ပေးနေရတဲ့ ကုန်ကျစရိတ်

data-language="en"

ပေါင် ၁၂ သန်းခန့်ကို လျှော့ချနိုင်ဖို့အတွက် ဒီနွေရာသီမှာ ပြင်သစ်သားကို မဖြစ်မနေ ရောင်းထုတ်သွားဖို့ရှိနေပါတယ်။

ပြင်သစ်သားဟာ ပြီးခဲ့တဲ့ ဇန်နဝါရီက ယူနိုက်တက်ကနေ ဆီဗီလာအသင်းကို အငှားပြောင်းရွှေ့ကစားခဲ့ပေမယ့်

data-language="en"

ရလဒ်က ထင်သလောက် ကောင်းမွန်ခဲ့ခြင်းမရှိပါဘူး။ ၂၆ နှစ်အရွယ် တိုက်စစ်မှူးဟာ

လာလီဂါကို စရောက်တဲ့ ဇန်နဝါရီကတည်းက ဒဏ်ရာပြဿနာနဲ့ မကြာခဏ

data-language="en"

ရင်ဆိုင်နေရပြီး လက်ရှိအချိန်ထိ လာလီဂါသွင်းဂိုး တစ်ဂိုးမှ မသွင်းယူနိုင်သေးပါဘူး။

ယူရိုပါလိဂ်မှာတော့ ၃ ပွဲကစားပြီး ၁ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ပြင်သစ်လက်ရွေးစင်ဆီက

ဆီဗီလာအသင်း လိုချင်နေတဲ့ စွမ်းဆောရည်မျိုးတော့ မဟုတ်ခဲ့ပါဘူး။ ယူနိုက်တက်ဘက်ကတော့

မာရှယ်ကို မဖြစ်မနေ ရောင်းထုတ်ရမယ့် ကစားသမားအဖြစ် သတ်မှတ်ထားပြီး ဆီဗီလာ သို့မဟုတ်

ကစားသမားကို အလိုရှိတဲ့ အသင်းတစ်သင်းကို အရှုံးခံပြီး ရောင်းထုတ်ဖွယ်ရှိပါတယ်။

မာရှယ်ရဲ့ လက်ရှိစာချုပ်အရ ယူနိုက်တက်နဲ့ ၂၀၂၄ အထိ စာချုပ်သက်တမ်းကျန်နေသေးသလို

တစ်ပတ်ကိုလည်း ပေါင် ၂၄၀‌၀၀၀ ခန့် ရရှိနေပါတယ်။ ဒါ့အပြင် လက်ရှိဆီဗီလာမှာ ကစားနေတာတောင်မှ

ယူနိုက်တက်ဘက်က မာရှယ်ရဲ့ လစာ ၆၀ ရာခိုင်နှုန်းကို ပေးနေရဆဲဖြစ်တာကြောင့်

လူကိုယ်တိုင်အသင်းမှာ မရှိရင်တောင် သူ့အတွက် ကုန်ကျစရိတ်က အများအပြား ရှိနေပြန်ပါတယ်။

သတင်းတွေအရတော့ ယူနိုက်တက်ဟာ နောက် ၂ နှစ်စာအတွက်တောင် မာရှယ်ကို ပေါင် ၂၅ သန်းခန့်

ပေးရနိုင်တာကြောင့် ဒီကုန်ကျစရိတ်တွေအတွက် ရတဲ့ဈေးနဲ့ ရောင်းထုတ်ဖို့စဉ်းစားနေပါတယ်။

တကယ်လို့ရာသီကုန်မှာ အသင်းသစ်ရှာတွေ့ခဲ့မယ်ဆိုရင်တော့ မာရှယ်အတွက်ပေးရမယ့်

လစာပေါင် ၁၂ သန်းကို ယူနိုက်တက်ဘက်က ပျော်ပျော်ကြီးပေးပြီး လမ်းခွဲဖို့ ဆုံးဖြတ်ထားပါတယ်။

နည်းပြသစ်အဲရစ်တန်ဟတ်လက်ထပ်မှာ တစ်ခုခုပြနိုင်ခဲ့မယ်ဆိုရင်တော့ ‌နေရာပြန်ရနိုင်ပေမယ့်

သူ့ရဲ့တောင်းဆိုချက်တွေကို ဖြည့်ဆည်းနိုင်မယ့် အသင်းတစ်သင်းသင်း ရှိလာခဲ့ရင်တော့

မာရှယ်ကိုယ်တိုင်ကလည်း အသင်းပြောင်းရွှေ့ဖို့ကိုသာ ရွေးချယ်နိုင်ပါတယ်။ ဆီဗီလာ

အားကစားဒါရိုက်တာ မွန်ချီကတော့ မာရှယ်အတွက် အသင်းမှာအနာဂတ်ရှိနေသေးကြောင်းတော့ ပြောခဲ့ဖူးပါတယ်။

မွန်ချီက “သူ့ရဲ့အပြောင်းအရွှေ့က ထင်ထားတာထက် ဈေးပိုပေါပါတယ်။ ဒါပေမယ့် ပေါင် ၆ သန်း

၇ သန်းလောက်ပဲဆိုရင်တောင်မှ ဒါကအလောင်းအစားများတဲ့ အပြောင်းအရွှေ့တစ်ခုပါပဲ။ ကံဆိုးတာကတော့

မာရှယက ဒဏ်ရာခဏခဏရနေတော့ သူ့ခြေစွမ်းကို ဆန်းစစ်ဖို့ခက်နေပါတယ်။  သူ့ဆီကနေ

အများကြီးမျှော်လင့်လို့ရတယ်လို့ ယုံကြည်တာကြောင့် သူ့အတွက်တံခါးတော့ မပိတ်ထားပါဘူး။

ရာသီကုန်ကျမှပဲ ကစားသမားနဲ့ ဆွေးနွေးကြည့်ပါဦးမယ်” လို့ ပြောခဲ့ပါတယ်။

crd

data-language="en"

LEAVE A REPLY

Please enter your comment!
Please enter your name here