
လီဗာပူးလ် နဲ့မန်ယူနိုက်တက် ကစားသမားဟောင်းဖြစ်သလို လက်ရှိမှာ ဘောလုံး ဝေဖန်သုံးသပ်သူ
တဦးဖြစ်တဲ့ မိုက်ကယ်အိုဝင်က ပြီးခဲ့တဲ့ ဆယ်စုနှစ် တစုလုံး ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တဲ့
အာဂျင်တီးနားကြယ်ပွင့် လီယွန်နယ် မက်ဆီနဲ့ ပေါ်တူဂီကြယ်ပွင့် ခရစ္စတီယာနို ရိုနယ်ဒိုတို့ နှစ်ဦးအနက်
ရိုနယ်ဒိုကသာ ပိုမို ကောင်းမွန်တဲ့ ဘောလုံးသမား ဖြစ်ကြောင်း ထုတ်ဖော် ချီးကျူးသွားခဲ့ပါတယ်။
အာဂျင်တီးနားကြယ်ပွင့် မက်ဆီနဲ့ ပေါ်တူဂီကြယ်ပွင့် ရိုနယ်ဒိုတို့ နှစ်ဦးစလုံးဟာ ကမ္ဘာ့ဘောလုံး
သမိုင်းတလျှောက် အကောင်းဆုံး ကစားသမားတွေဖြစ်ကြတာကြောင့် သူတို့နှစ်ဦးအနက်
ဘယ်သူက ပိုကောင်းတဲ့ ကစားသမားလဲ ဆိုတာမေးခွန်းမှာလည်း အဖြေတွေက ကွဲပြားခဲ့ကြပါတယ်။
မက်ဆီနဲ့ ရိုနယ်ဒိုတို့ နှစ်ဦးစလုံးဟာ သူမတူအောင် ထူးချွန်ကြတဲ့ ဘောလုံးသမားတွေ ဖြစ်ကြပြီး
မက်ဆီက ပင်ကိုယ် ပါရမီအပိုင်းမှာ ရိုနယ်ဒိုထက် ပိုကောင်းသလို ရိုနယ်ဒိုရဲ့ ကြိုးစား
အားထုတ်မှုကလည်း မက်ဆီထက် ပိုသာပါတယ်။ အခုတော့ မိုက်ကယ်အိုဝင်က မက်ဆီနဲ့
ရော်နယ်ဒို (၂)ယောက်စလုံးက ထူးခြားကောင်းမွန်တဲ့ ကစားသမားတွေဖြစ်တယ်လို့မှတ်ချက်ပေးခဲ့ပြီး
ရော်နယ်ဒိုက ပိုပြီး ပြည့်စုံတဲ့ ကစားသမားဖြစ်တယ်လို့ သုံးသပ်သွားခဲ့လိုက်ပါတယ်။
မိုက်ကယ်အိုဝင်က “သွင်းဂိုးတွေသွင်းယူတယ်ဆိုတာက ဘောလုံးလောကရဲ့ အခက်ခဲဆုံး
အလုပ်တစ်ခုပါ၊ဒါပေမယ့် ရော်နယ်ဒိုကတော့ အဲ့တာကို အရမ်းကိုလွယ်ကူတဲ့ပုံစံနဲ့လုပ်ပြနေပါတယ်။ ”
” သူကနေရာပေါင်းစုံကနေ ဘယ်ခြေ ညာခြေ၊ ခေါင်းတိုက်နဲ့ပါ ဂိုးသွင်းယူနိုင်တာပါ၊ရော်နယ်ဒိုနဲ့
မက်ဆီက ကြီးကျယ်ခမ်းနားတဲ့ ကစားသမားတွေပါ၊ဒါပေမယ့် ရော်နယ်ဒိုမှာ မတူညီတဲ့ပင်ကိုယ်အရည်အချင်းများစွာရှိနေပါတယ်၊
ကျွန်တော့်အမြင်မှာတော့ သူကပိုပီးပြည့်စုံတဲ့ကစားသမားတစ်ယောက်ပါပဲ” ဟု ဆိုခဲ့ပါတယ်။
crd