
မန်ယူအသင်းဟာ အဂါနေ့မနက်မှာ ဘရန်းဖို့ဒ်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပါတယ်။
ဘရန်ဖို့ဒ်ဟာ လက်ရှိမှာခြေစွ.နေပြီး ချဲလ်ဆီးကို အနိုင်နဲ့ စပါးကို သရေခံကန်ထားနိုင်ပါတယ်။
အိုဝင်က”အခုဆိုရင် ယူနိုက်တက်ဟာ top 4 အတွက် မျှော်လင့်ချက် အနည်းငယ်သာ ရှိပါတော့တယ်။
ရပ်ရန်းနစ် အနေနဲ့ လက်ကျန်ပွဲစဉ်တွေမှာ အလားအလာရှိတဲ့ လူငယ်ကြယ်ပွင့်တွေကို ထုတ်သုံးသွားမလား
ဆိုတာ ကျွန်တော် သိချင်မိပါတယ်။နွေရာသီမှာ နည်းပြသစ် မရောက်လာမီ ပွဲကစားချိန်တစ်ချို့
ရထားတာဟာ လူငယ်တွေ အတွက် ကောင်းမွန်တဲ့ အခွင့်အရေး ဖြစ်ပါတယ်။
ဘရန်ဖို့ဒ်ဟာ ရာသီကောင်းတစ်ခုကို ပိုင်ဆိုင်ထားခဲ့ပြီး စပါးနဲ့ သရေကျပြီးနောက်
အိုးထရပ်ဖို့ဒ်ကို ယုံကြည်မှု အပြည့်နဲ့ သွားမှာ ဖြစ်ပါတယ်။သူတို့ဟာ ပြီးခဲ့တဲ့အပတ်တွေမှာ
တအားကို စုစည်းမှု ရှိနေခဲ့ပြီး ပြိုင်ဘက်တွေကို ကစားရ ခက်ခဲစေခဲ့ပါတယ်။ ကျွန်တော်ကတော့
ယူနိုက်တက်ကိုပဲ ရွေးချယ်မှာပါ။ ဘရန့်ဖို့ဒ် ခံစစ်ကို ကျော်ဖြတ်ရတာ ခက်ခဲမှာ ဖြစ်တာကြောင့်
ယူနိုက်တက်တို့ ကပ်ပြီး နိုင်သွားမယ်လို့ ရွေးချယ်ပါတယ်။အိုဝင်ကတော့ မန်ယူအသင်းဟာ
အိမ်ကွင်းမှာ ဘရန်ဖို့ဒ်ကို ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အနိူင်ရလိမ့်မယ်လို့ ခန်မှန်းခဲ့ပါတယ်။”
crd