Home Sport ချန်ပီယံလိဂ်ဝင်ခွင့်မရတဲ့ မန်ယူအသင်းရဲ့ အနာဂတ်မှာ ရော်နယ်ဒိုဆက်လက်ပါဝင်ဦးမှာလားဆိုတာ ဖြေကြားလာတဲ့ ရန်းနစ်

ချန်ပီယံလိဂ်ဝင်ခွင့်မရတဲ့ မန်ယူအသင်းရဲ့ အနာဂတ်မှာ ရော်နယ်ဒိုဆက်လက်ပါဝင်ဦးမှာလားဆိုတာ ဖြေကြားလာတဲ့ ရန်းနစ်

0
ချန်ပီယံလိဂ်ဝင်ခွင့်မရတဲ့ မန်ယူအသင်းရဲ့ အနာဂတ်မှာ ရော်နယ်ဒိုဆက်လက်ပါဝင်ဦးမှာလားဆိုတာ ဖြေကြားလာတဲ့ ရန်းနစ်
data-language="en"

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ ရဲ့လ်ဖ် ရန်းဂနစ် က အသင်း အနေနဲ့

data-language="en"

ရော်နယ်ဒို ဖက်မှ အနာဂတ်် အကြောင်း မတွေးမီ သူ့ကို ညှိနှိိုင်း ဆောင်ရွက်ဖို့ လုပ််ဆောင်သင့်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

အသက် 37 နှစ် ရှိနေပြီ ဖြစ်တဲ့ ရော်နယ်ဒိုဟာ ဒီနေ့ နံနက်် ချဲလ်ဆီး အသင်းနဲ့ ကစားခဲ့ရတဲ့

data-language="en"

ပရီးမီးယားလိဂ် ပွဲစဥ်မှာ ယူနိုက်တက် အတွက် 23 ကြိမ်မြောက် သွင်းဂိုးကို သွင်းယူ

ပေးနိုင်ခဲ့ပါတယ် ။ ဒါဟာ 23 နှစ် အရွယ်က ယူနိုက်တက် အတွက် သွင်းယူခဲ့တဲ့ ပမာဏနဲ့ တူညီခဲ့ပါတယ် ။

data-language="en"

သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ 2023 ထိ စာချုပ် သက်တမ်း ရှိနေတာ ဖြစ်ပြီး

တစ်နှစ် ထပ်မံ စာချုပ်် သက်တမ်း တိုးခွင့်ကိုလည်း ထည့်သွင်း ချုပ်ဆိုခဲ့ပါတယ် ။ ဒါပေမဲ့ ယူနိုက်တက်တို့

နောက်ရာသီ ချန်ပီယံလိဂ် ကစားရဖို့ မသေချာတာကြောင့် သူ့ရဲ့ အနာဂတ် မရေမရာ ဖြစ်နေခဲ့ပါတယ် ။

ရော်နယ်ဒို ဆိုတာ ချန်ပီယံလိဂ် ပြိုင်ပွဲကို ရာသီ 20 ဆက််တိုက် ကစားခဲ့တဲ့ ကစားသမားမျိုးပဲ

ဖြစ်ပါတယ် ။ လက််ရှိ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အနေအထားက ချန်ပီယံလိဂ်

ဝင်ခွင့်မပြောနဲ့ ယူရိိုပါလိဂ် ဝင်ခွင့်ရဖို့တောင် ရုန်းကန်ရတဲ့ အနေအထား ဖြစ်နေခဲ့ပါတယ် ။

ဒါ့ကြောင့် ဝေဖန်မှုတွေအောက် ကျရောက်နေခဲ့တဲ့ ရော်နယ်ဒိုဟာ ချန်ပီယံလိဂ် ဝင်ခွင့်

မရရင် ၊ တန်ဟတ် ရောက််လာခဲ့ရင် အသင်းမှာ ဆက်လက် ရှိနိုင်မလားဆိုတာ သိပ်ပြီး

မသေချာတော့ပါဘူး ။ အခုတော့ သူ့ရဲ့ အနာဂတ် နဲ့ ပတ်သက်လို့ ရန်းဂနစ် က …

” ဒါဟာ ကျွန်တော်တို့ အကြား ပြောရမယ့် ကိစ္စမျိုးပါပဲ ။ အဲရစ် တန်ဟတ်၊ ဘုတ်အဖွဲဝင်တွေနဲ့

ကျွန်တော်ရဲ့ကြား ပြောဆိုရမယ့် အရာပဲ ဖြစ်ပါတယ် ။ ခရစ္စတီယာနို ဟာ အသင်း နဲ့ စာချုပ် သက်တမ်း

တစ်နှစ် ရှိနေပါသေးတယ် ။ သူ ဘာဖြစ်ချင်လဲ ၊ ဘာလုပ်ချင်လဲဆိုတာ သိဖို့ အရေးကြီိးပါတယ် ”

” သူ အသင်းမှာ ဆက်ရှိချင်လားဆိုတာ သိဖို့လိုပါတယ် ။ ဒါပေမဲ့ ကျွန်တော်ဟာ အခုထိ

အဲရစ် (တန်ဟတ်) နဲ့ကို စကား မပြောနိုင်သေးပါဘူး ။ သူနဲ့ စကားတွေ မပြောရသေးပဲ ကစားသမား

တစ်ဦးရဲ့ အနာဂတ် အကြောင်းကို ပြောနေတာက သိပ်တော့ အဓိပ္ပါယ် မရှိလှပါဘူး ”

” ချဲလ်ဆီး အသင်း ဘောလုံးပိုင်ဆိုင်မှု အရယူပြီး ကစားခဲဲ့ချိန်မှာတောင် သူဟာ ကောင်းမွန်တဲ့

စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပါသေးတယ် ။ သူဟာ ဒုတိယပိုင်းမှာလည်း ခံစစ််ပိုင်းကို အတော်လေး

ဆင်းကူခဲ့ပါသေးတယ် ။ သူရဲ့ ကစားပုံ ကောင်းခဲ့ပါတယ် ” လို့ ရန်းဂနစ် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

ဂျာမန်ဘီလူးကြီး ဘိုင်နယ်မြူးနစ်ဟာ ရော်နယ်ဒိုကို ခေါ်ယူဖို့ ရော်နယ်ဒိုရဲ့ အေးဂျင့်ဖြစ်သူနဲ့

တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ရော်နယ်ဒိုကို လာမယ့် နွေရာသီမှာပဲ ခေါ်ယူဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်။

မန်ယူအသင်းကလည်း ရော်နယ်ဒိုသာ ထွက်ခွာချင်ရင် တားမှာမဟုတ်ဘူးလို့ သိရပါတယ်။

crd:Sports_Myanmar

data-language="en"

LEAVE A REPLY

Please enter your comment!
Please enter your name here