
ရီယိုဖာဒီနန်က လီဗာပူး ကွင်းလယ်လူ တီယာဂိုအယ်ကန်တာရာဟာ အန်ဖီးကို မပြောင်းရွေ့မီ
မန်ချက်စတာယူနိုက်တက် အသင်းကို ပြောင်းရွေ့လာချင်ခဲ့တယ်လို့ ဆိုလိုက်ပါတယ်။ တီယာဂိုဟာ
လက်ရှိမှာ လီဗာပူးရဲ့ ကွင်းလယ်ပိုင်းကနေ အကောင်းဆုံး ကစားပေးလျက် ရှိနေပြီး လီဗာပူးရဲ့
တစ်ရာသီအတွင်း ဖလားလေးလုံး အိမ်မက်မှာ အဓိက အခန်းကဏ္ဍ ကနေ ပါဝင်ပေးလျက် ရှိနေပါတယ်။
လီဗာပူးဟာ လွန်ခဲ့တဲ့ ၂၀၂၀ နွေရာသီက တီယာဂိုကို ဘိုင်ယန်မြူးနစ် အသင်းထံကနေ
ပေါင် ၂၅ သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး ယူနိုက်တက် နောက်ခံလူဟောင်း ဖာဒီနန်က သူဟာ စပိန်
လက်ရွေးစင်ကို သူ့ရဲ့ အသင်းကို ပြောင်းရွေ့လာရန် စည်းရုံးဖို့ ကြိုးစား ခဲ့သေးတယ်လို့ ပြောသွားခဲ့ပါတယ်။
ဖာဒီနန်က “တီယာဂိုဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေ ပြီးခဲ့တဲ့လပိုုင်းတွေမှာ လီဗာပူးရဲ့ ကွင်းလယ်ကနေ
ထူးချွန်စွာ ကစားပေးနေခဲ့သူ ဖြစ်ပါတယ်။ သူဟာ တကယ့်ကို ထိပ်တန်း စွမ်းရည်ကို ပြသလျက် ရှိနေပါတယ်။
သူ့ရဲ့ စွမ်းဆောင်ရည် အချက်အလက်တွေကို ခင်ဗျားကြည့်လိုက်ပါ။ အဲဗာတန် နဲ့ မန်ချက်
စတာယူနိုက်တက် တို့နဲ့ ပွဲစဉ်တွေမှာ သူ့ရဲ့ pass accuracy ကို ကြည့်လိုက်ပါ။ အဲဗာတန် နဲ့
ပွဲမှာ ၉၈.၄% ရှိခဲ့ပြီး ယူနိုက်တက်နဲ့ ပွဲမှာ ၉၅.၆% ရှိခဲ့ပါတယ်။ ဒါဟာ တကယ့်ကို မယုံနိုင်စရာ ပါပဲ။
လီဗာပူးကို မပြောင်းလာခင်တုန်းက ကျွန်တော် သူနဲ့ စကားပြောခဲ့ပါတယ်။ သူဟာ အင်္ဂလိပ် စကားကို ကောင်းကောင်း ပြောနိုင်ပါတယ်။
သူဟာ အရမ်းကို ကောင်းမွန်တဲ့ လူတစ်ဦး ဖြစ်ပြီး ယူနိုက်တက်ကို ပြောင်းရွေ့လာချင်ခဲ့ပါတယ်။
ဒါပေမယ့် အခု ခင်ဗျားတို့ သူ့ကို ကြည့်လိုက်ပါ။ သူ့အတွက် ဒီထက် ပျော်စရာကောင်းတဲ့
အသင်း မရှိနိုင်ပါဘူး။ တီယာဂိုနဲ့ ပက်သက်ပြီး ကျွန်တော် ပြောသွားချင်တာ ရှိပါတယ်။
ပြီးခဲ့တဲ့ ရာသီက သူဟာ လီဗာပူးမှာ ဒဏ်ရာ ပြသနာတွေ နဲ့ အတူ အထိုင်ကျဖို့ ရုန်းကန် ခဲ့ရပါတယ်။
ပြီးခဲ့တဲ့ရာသီ အပြီးမှာ လီဗာပူးဘက်က သူဟာ အသင်းအတွက် လုံလောက်အောင် ကောင်းမွန်မှု မရှိဘူး
။ သူဟာ ဘွန်ဒက်လီဂါမှာတုန်းကလို ကစားသမားမျိုး မဟုတ်တော့ဘူး။ သူဟာ အသင်းရဲ့
ကစားကွက်ကို နှေးကွေးစေတယ်။ သူ့ကို ပြန်ရောင်းပစ်ရအောင် ဆိုပြီး ပြောသွားလို့ ရပါတယ်။
ပြီးတော့ ကစားသမားဟောင်းတွေ ကလည်း တီယာဂိုဟာ ဘောလုံးကို ဘေးကိုသာ ပေးနေပြီး
ဘောလုံးကို တိုက်စစ်ပိုင်းကို မပို့ပေးနိုင်ဘူး။ သူဟာ ဒီလိဂ် အတွက် အဆင်သင့် ဖြစ်တဲ့ ကစားသမား
မဟုတ်ဘူးလို့ ပြောနေကြတာကို ကျွန်တော် ကြားနေခဲ့ရပါတယ်။ ကစားသမားတွေဟာ အချိန် လိုအပ်ပါတယ်။
မန်ယူနို်က်တက်ကို ဦးတည်ပြီး ပြောရမယ် ဆိုရင်တော့ သူတို့ အနေနဲ့ မန်နေဂျာတွေ ကစားသမားတွေကို အချိန်ပေးသွားဖို့ စိတ်ရှည်ဖို့ လိုအပ်ပါတယ်။
ကလပ် နဲ့ ပရိတ်သတ်တွေ အနေနဲ့ အခြားလိဂ်ကနေ ပြောင်းလာခဲ့တဲ့ သူတွေကို အချိန်ပေးသွားဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် စိတ်ရှည်မှု ဖြစ်ပါတယ်။
ဆန်ချိုဟာ နောက်ထပ် ဥပမာ တစ်ခုပါ။ လာမည့် ရာသီမှာ ကျွန်တော်တို့ဟာ ပိုကောင်းတဲ့
ဆန်ချိုကို မြင်တွေ့ရလိမ့်မယ်ဆိုတာ ကျွန်တော် လောင်းရဲပါတယ်။” လို့ ဆိုသွားပါတယ်။
SM