
ရော်နယ်ဒိုနဲ့မက်ဆီတို့ခေတ်မလွှမ်းခင်မှာ Ballob D’orဆုရခဲ့တဲ့ ကစားသမား ကာကာဟာ
မက်စီဟာ ပရမီရှင်ကစားသမားဖြစ်ပေမယ့် သူ့ကတော့ စိတ်ဓာတ်ကြံခိုင်တဲ့ ရော်နယ်ဒိုကို ပဲရွေးမယ်လို့ အခုလိုပဲရှင်းပြသွားခဲ့ပါတယ်။
“ကျွန်တော် မက်ဆီနဲ့ ရိုနယ်ဒိုကို ဘယ်လိုကွာလဲသေချာသိအောင် ခွဲပြချင်ပါတယ်။ မက်ဆီက ဘောလုံး
ညာဏ်ကြီးရှင်ဖြစ်ပြီး ရိုနယ်ဒိုကတော့ စိတ်ဓာတ်ကြံ့ခိုင်မှုပိုင်းမှာ ပြိုင်ဘက်မရှိတဲ့ ကစားသမားဖြစ်ပါတယ်။”
“ဒါကြောင့် အခု ကျွန်တော်ရဲ့အသင်းမှာ ဒီနှစ်ဦးထဲက ဘယ်တစ်ယောက်ကို ရွေးချယ်မလဲလို့
ခင်ဗျားတို့မေးရင် ကျွန်တော်က ခရစ္စတီယာနိုကိုပဲ ရွေးချယ်မှာပါ။ အကြောင်းကတော့
ရိုနယ်ဒိုနဲ့ဆိုရင် ကျရှုံးနိုင်မှုရာခိုင်နှုန်းက အရမ်းနည်းပါးလို့ပါပဲ။”“ရိုနယ်ဒိုက သူလိုချင်တဲ့
ဘယ်အရာကိုမဆို ပြတ်သားတဲ့ ဆုံးဖြတ်တွေ ချပြီး သေချာ အာရုံစိုက်ကာ
ကြိုးစားတက်ပါတယ်..”လို့ ကာကာက ရိုနယ်ဒိုကို ရွေးချယ်ရတဲ့ အကြောင်းအရင်းကို ရှင်းပြသွားခဲ့ပါတယ်။
ရော်နယ်ဒိုနဲ့ ကာကာဟာ ရီးရဲမက်ဒရစ်မှာ ၄နှစ်ကြာတွဲကစားဖူးပြီး ရင်းနှီးတဲ့ အသင်းဖော်တွေဖြစ်ခဲ့ကြပါတယ်။
လက်ရှိမှာတော့ အသက်၃၇ ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ မန်ယူအတွက် ဂိုးတွေသွင်းပေးပေမယ့်
အသင်းကတော့ ကျရှုံးနေပြီး နောက်နှစ်မှာ ဥရောပကန်ခွင့်ရဖို့တောင် ရုန်းကန်ရဖို့ရှိနေပါတယ်။
မက်စီကတော့ နေမာ၊အမ်မတ်ပေတို့နဲ့အတူ ပြင်သစ်လိဂ်ဂူးမှာ လိဂ်ဖလားကို သိမ်းပိုက်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်။
ရော်နယ်ဒိုရဲ့ ကြိုးစားအားထုတ်မှုတွေ စိတ်ဓာတ်ကြံခိုင်မှုတွေဟာ မန်ယူကို ရောက်မှပဲ
မန်ယူအသင်းသားတွေကို ဒူးထောက်အရှုံးပေးလိုက်ရပါတယ်။မြက်ခင်းတွေနဲ့ မကြာခင်ဝေးတော့မယ့်
ရော်နယ်ဒိုဟာ လက်ရှိမှာ အကောင်းဆုံးကြိုးစားနေပေမယ့် အရာမထင်ဖြစ်နေတာကတော့ စိတ်မကောင်းစရာပါ့ပဲ။
HH