
အဲရခ်တန်ဟဂ် က ယူနိုက်တဒ် ကစားသမားတွေနဲ့ လူချင်းတွေ့ဆုံ ဆွေးနွေးမှု့ တွေကို
ယခုတစ်ပတ် အတွင်း ပြုလုပ်သွားမှာ ဖြစ်ပြီး အသင်းရဲ့ ပကတိ အရှိတရားကို သိရှိနိုင်ရန်အတွက်
လူချင်းတွေ့ဆုံပြီး ဆုံးဖြတ်သွားမယ်လို့ သတင်းတွေကဆိုပါတယ်။ အဝတ်လဲခန်း ပြသနာ အပါဝင်
အသင်းကနေ ထွက်ခွါလိုသူတွေ၊နေရာမရသူတွေ နဲ့ ဒီရာသီ ဆိုးရွားစွာ ခြေစွမ်းကျဆင်းနေသူတွေ ကိုပါ
တွေ့ဆုံသွားမှာ ဖြစ်ပြီး အသင်းရဲ့ ဖွံဖြိုးရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်လိုခြင်း ရှိ/မရှိ အပေါ် ညှိနှိုင်းသွားမယ်လို့ သိရပါတယ်။
သတင်းတွေအရ ရော်နယ်ဒို၊ဗာရန်း၊ဘရူနို၊ဒဟေးယား တို့ကို အသင်းရဲ့ ခေါင်းဆောင်တွေအဖြစ်
တန်ဟဂ် က ရှု့မြင်ပြီး ကနဦး တွေ့ဆုံမှု့ကို အဆိုပါ လေးယောက်နဲ့ စတင်သွားဖွယ် ရှိပါတယ်။
ပြီးခဲ့တဲ့ တပတ်ကအင်တာဗျူးတစ်ခုမှာ သူ့အနေနဲ့ ပုံရိပ်မြင့်မားတဲ့ ကစားသမားတွေ ဖြစ်လင့်ကစား
အခွင့်အရေး ပေးဖို့မရှိပဲ အသင်းအတွက် သူ့ရဲ့ ညွှန်ကြားချက် တွေကို လိုက်နာဖို့ အရေးကြီးတယ် လို့ ဖြေဆိုခဲ့ပါသေးတယ်။
တန်ဟဂ် က “နာမည်ကြီးကစားသမားတွေ အပေါ် ကျွန်တော့် အနေနဲ့ ထိန်းချုပ်ကိုင်တွယ် နိုင်လိမ့်မယ်လို့
ထင်ပါတယ်။ကျွန်တော့်ရဲ့ အတွေးအခေါ် နဲ့ အမြင်တွေ က ကစားသမားတစ်ဦးတစ်ယောက် အပေါ် မူတည်ပြီး
ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ကျွန်တော့် အနေနဲ့ တောင်းဆိုမှု့တွေ ပြုလုပ်မှာဖြစ်ပြီး ဒီတောင်းဆိုချက်ကို
မလိုက်နာနိုင်တဲ့ ဘယ်ကစားသမားမဆို ကျွန်တော်ဆီ့က ကြားရမှာက ကောင်းမွန်တဲ့ တုံပြန်မှု့
မဟုတ်တာသေချာပါတယ်။ဒါကဘယ်သူပဲ ဖြစ်ဖြစ်ပါ ကျွန်တော့်ရဲ့ အမိန့်ပေးမှု့ကို လိုက်နာဖို့ အရေးကြီးပါတယ်။”
” ကျွန်တော် အသင်းကို အစောပိုင်းမှာထဲက တောင်းဆိုမှု့ တွေ ပြုလုပ်ခဲ့ပြီးသားပါ၊ သူတို့သာမလိုက်လျောရင်
ကျွန်တော်လည်း ဒီအလုပ်ကိုလက်ခံမှာမဟုတ်ပါဘူး။ကျွန်တော် က အသင်းရဲ့ ရလာဒ်တွေ အပေါ်
မူတည်ပြီးဆုံးဖြတ်ခံရမယ့် သူဖြစ်သလို ရလာဒ် အဆိုးအကောင်း အားလုံးနဲ့ တာဝန်အရှိဆုံး လူ လည်း
ဖြစ်ပါတယ်။ဒါကြောင့်လည်း တောင်းဆိုမှု့တွေ ပြုလုပ်ရတာပါ။ ဒါပေမယ့် ကျွန်တော်ကအမိန့်ပေးစေခိုင်းသူ
မဟုတ်ပဲ အတူတကွ အလုပ်လုပ်လိုတဲ့ သူမျိုးပါ။အဓိက က တော့ အပြောင်းအရွှေ့
တွေ မှာပဲ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ကို အတည်ပြုလိုတာပါ”လို့ဆိုပါတယ်။
တန်ဟဂ် က သူ့ရဲ့ ကစားပုံနဲ့ ပက်သက်ပြီး” ကျွန်တော် ဒီမှာ တာဝန်ယူနေတဲ့ ကာလတလျှောက်
အိုင်းယက်စ် အသင်းကို ရှိရင်းစွဲ ရိုးရာ နဲ့ ယဉ်ကျေးမှု့အပေါ် အခြေ ခံပြီး ကောင်းမွန်တဲ့ ရည်ရွယ်ချက်၊
ကစားပုံတွေနဲ့ အိုင်းယက်စ်နည်းလမ်း အတိုင်းသာ ကစားစေခဲ့တာပါ။ကျွန်တော်တို့ ကစားပုံကို
အဓိပ္ပာယ် ဖွင့်ရရင်တော့ လှပတဲ့စွန့်စားခန်း လို့ ဆိုလို့ရပါတယ်။အရင်ကတော့
အိုင်းယက်စ် မှာ အနိုင်ရလိုစိတ် တွေ ခမ်းခြောက်နေတယ်လို့ ကျွန်တော်ထင်ပေမယ့်
အခုဆိုရင်တော့ ဒီအသင်းမှာ အနိုင်ရလိုစိတ်က အမြင့်ဆုံးအထိ ရောက်ရှိနေပါပြီ။”
” အမှတ်ပေးဖလားကို ဒီရာသီအဆုံးမှာ ရယူနိုင်ဖို့တော့လိုပါတယ်၊ ဒီဆုဖလားနဲ့ပဲ ကျွန်တော်တို့ရဲ့
ဒီရာသီကို ဆုံးဖြတ်နိုင်မှာ မဟုတ်လား”လို့ဆိုပါတယ်။အဲရခ်တန်ဟဂ် က အသင်းထံ
အပြောင်းအရွှေ့ လုပ်ပိုင်ခွင့်နဲ့ ကစားသမား ခေါ်ယူရေးမှာ ဗီတိုအာဏာ အသုံးပြုခွင့်
တောင်းခံထားပြီး ယခုတစ်ပတ် အတွင်း ကစားသမားတွေနဲ့ အွန်လိုင်းကတွေ့ဆုံပြီးရင် အပြောင်းအရွှေ့ အတွက် စတင်လုပ်ဆောင်ဖွယ် ရှိပါတယ်။
crd