Home Sport အာတီတာကိုအတုယူပြီး ဆုံးဖြတ်ချက်တွေပြတ်သားဖို့ နည်းပြသစ်တန်ဟန်ကို အကြံပေးလိုက်တဲ့ ပေါလ်စခိုး

အာတီတာကိုအတုယူပြီး ဆုံးဖြတ်ချက်တွေပြတ်သားဖို့ နည်းပြသစ်တန်ဟန်ကို အကြံပေးလိုက်တဲ့ ပေါလ်စခိုး

0
အာတီတာကိုအတုယူပြီး ဆုံးဖြတ်ချက်တွေပြတ်သားဖို့ နည်းပြသစ်တန်ဟန်ကို အကြံပေးလိုက်တဲ့ ပေါလ်စခိုး
data-language="en"

ယူနိုက်တက် ဂန္တဝင် ပေါလ် စခိုးလ် က လာမဲ့ နွေရာသီမှာ မန်ချက်စတာ ယူနိုက်တက်

data-language="en"

အသင်းကို တရားဝင် ကိုင််တွယ်သွားဖို့ ရှိနေတဲ့ နည်းပြသစ် အဲရစ် တန်ဟတ်အား အာတီတာကို

အတုယူဖို့ အကြံပေး တိုက်တွန်းမှု ပြုလုပ် သွားခဲ့လိုက် ပါတယ် ။

data-language="en"

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ စိတ်ပျက်ဖွယ်ကောင်းတဲ့ ဘောလုံး ရာသီ တစ်ခုကို

ပိုင်ဆိုင်ခဲ့တဲ့နောက် နည်းပြသစ် ခန့်အပ်ဖို့ တာစူနေခဲ့ပြီး ပြီးခဲ့တဲ့ တစ်ပါတ်က အေဂျက်ဇ်

data-language="en"

အသင်း နည်းပြ အဲရစ် တန်ဟတ်ကို နည်းပြသစ်အဖြစ် တရားဝင် ခန့်အပ်သွားနိုင်ခဲ့ပါတယ် ။

လက်ရှိ အချိန် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယိုယွင်းနေခဲ့ပြီး အသင်းမှ

ကစားသမားကောင်း အချို့လည်း ထွက်ခွာသွားဖို့ ရှိနေကြတာကြောင့် တန်ဟတ်ဟာ မန်ချက်စတာ

ယူနိုက်တက် အသင်းဆီ ရောက်လာမယ့် ပထမဆုံး ဘောလုံး ရာသီမှာ ကြီးမားတဲ့ အပြောင်းအလဲတွေ လုပ်ရမှာ အသေအချာပါပဲ ။

လက်ရှိ အသင်းရဲ့ ယာယီ နည်းပြ ဖြစ်သူ ရဲ့လ်ဖ် ရန်းဂနစ် ကိုယ်တိုင်က ကစားသမား

10 ယောက်လောက်တောင်် ခေါ်ယူသင့်တယ်လို့ ​မကြာသေးခင်ကပဲ ထုတ်ပြောခဲ့ပါသေးတယ် ။

သူ့ရဲ့ ပြောဆိုပုံက အသင်းမှာ မရှိသင့်တော့ ကစားသမားတွေ အများကြီး ရှိနေတယ်ဆိုတဲ့ သဘောမျိုး သက်ရောက်နေခဲ့ပါတယ် ။

အခြားတဖက်မှာတော့ အာဆင်နယ် နည်းပြ အာတီတာ ဟာ ဒီရာသီမှာပဲ အသင်းရဲ့ အားထားရတဲ့

တိုက်စစ်မှူး ဖြစ််သူ အူဘာမီယန်း ကို ရောင်းထုတ်သင့်ပြီလို့ ယူဆခဲ့တဲ့ အတွက် ရဲရဲဝံ့ဝံ့ ရောင်းထုတ်ခဲ့ပါသေးတယ် ။

အခုတော့ ပေါလ် စခိုးလ်က တန်ဟတ်အနေနဲ့ အာတီတာကို အတုယူ သင့်တယ်လို့ ပြောရင်း သတိပေးခဲ့လိုက်ပါတယ် ။

” ဒါဟာ သူ့အတွက် အလုပ်ကြီး တစ်ခု ဖြစ်ကောင်း ဖြစ်သွားနိုင်ပါတယ် ။ ဒါက ဘယ်သူ့အတွက်မဆို

အလုပ်ကြီး အကိုင်ကြီးတစ်ခု ဖြစ်နေမှာပါ ။ ဒါနဲ့ ပတ်သက်လို့ စွန့်စားမှုတွေ လုပ်ရမှာပါပဲ ။

ဘယ်လို နည်းပြမျိုးကိုပဲ ခန့်အပ်ပါစေ ၊ ယူနိုက်တက်မှာ စွန့်စားမှုတော့ သေချာပေါက် လုပ်ရမှာပါပဲ ”

” သူဟာ အေဂျက်ဇ် အသင်းမှာ တကယ်ပဲ အလုပ်တွေကို ကောင်းကောင်း လုပ်ပြနိုင်ခဲ့ပါတယ် ။

သူဟာ ဘိုင်ယန်် မြူးနစ်မှာ ပက်ဂွာဒီယိုလာ နဲ့ နီးစပ်ခဲ့တဲ့ မှတ်တမ်းတွေလည်း ပိုင်ဆိုင်

ထားပါသေးတယ် ။ ဒါပေမဲ့ သူ့ရဲ့ နည်းစနစ််တွေ အပေါ် ဆက်လက် ယုံကြည်နေဖို့တော့ လိုအပ်ပါသေးတယ် ”

” ဒီအလုပ်က အေဂျက်ဇ် အလုပ်ထက် ဆယ်ဆလောက် တာဝန်များပါတယ် ။ သူတို့ဟာ ဟော်လန်က

အကောင်းဆုံး အသင်းဆိုတာ ကျွန်တော်တို့ သိကြပြီးသားပါ ။ သူတို့ဟာ ဟော်လန်ရဲ့

အမြဲတမ်း အကြီးကျယ်ဆုံး ကလပ် အဖြစ် ရှိနေလိမ့်မယ် ဆိုတာကိုလည်း ကျွန်တော်တို့ သိကြပါတယ် ”

” ဒါပေမဲ့ မန်ချက်စတာ ယူနိုက်တက် ဆိုတာ ကမ္ဘာနဲ့ ချီပြီး ကြီးကျယ်တဲ့ အသင်းပါ ။ သူဟာ ဒီမှာ

သေချာပေါက် ဝေဖန်မှုတွေ ကြုံတွေ့ရမှာပါပဲ ။ ဒါဟာ ဖြစ်ကိုးဖြစ်လာမယ့် အရာတစ်ခုပါ ။

သူဟာ ပါရမီကောင်းတဲ့ ကစားသမားတွေကို ကိုင်တွယ်ရမှာပါ ။ ဒီကစားသမားတွေ သူ့ရဲ့ နည်းစနစ််ကို လက်ခံယုံ​ကြည်အောင် လုပ်ရပါ့မယ်

” သူဟာ ပြတ်သားတဲ့ နည်းပြ ဖြစ်အောင် လုပ်ရပါ့မယ် ။ အာဆင်နယ်မှာ အာတီတာ လုပ်ခဲ့သလိုမျိုး

လုပ်သင့်ပါတယ် ။ ဒါက တကယ့်ကိုကြီးမားတဲ့ ပြန်လည်တည်ဆောက််ရေး လုပ်ငန်းတစ်ခုပါ ။

နည်းပြ အနေနဲ့ ပြတ်သားတတ််ဖို့ လိုအပ်ပါ့မယ် ” လို့ ပေါလ် စခိုးလ် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

crd:Sports_Myanmar

data-language="en"

LEAVE A REPLY

Please enter your comment!
Please enter your name here