Home Sport ဘာစီလိုနာကနေ ထွက်ပြီး မန်ယူကို လာမှာလားဆိုတဲ့မေးခွန်းအတွက် သိသာထင်ရှားတဲ့ အဖြေမျိုးပေးခဲ့တဲ့ ဒီဂျောင်

ဘာစီလိုနာကနေ ထွက်ပြီး မန်ယူကို လာမှာလားဆိုတဲ့မေးခွန်းအတွက် သိသာထင်ရှားတဲ့ အဖြေမျိုးပေးခဲ့တဲ့ ဒီဂျောင်

0
ဘာစီလိုနာကနေ ထွက်ပြီး မန်ယူကို လာမှာလားဆိုတဲ့မေးခွန်းအတွက် သိသာထင်ရှားတဲ့ အဖြေမျိုးပေးခဲ့တဲ့ ဒီဂျောင်
data-language="en"

ဘာစီလိုနာ ကွင်းလယ်လူ ဖရန်ကီဒီဂျောင် က နူးကမ့် မှာ ပျော်ရွှင်နေတာမျိုး မရှိပဲ သူ့အနေနဲ့

data-language="en"

အသင်းပြောင်းရွှေ့လိုတဲ့ အချက်ကို ထုတ်ပယ်သွားမှာ မဟုတ်ဘူးလို့ သတင်းတွေကဆိုပါတယ်။

အိုင်းယက်စ် ကွင်းလယ်လူ ဟောင်း က ဇာဗီ ရဲ့ အသင်းမှာ ရုန်းကန်နေရပြီး အသင်းရဲ့ ရလာဒ်ပိုင်း နဲ့

data-language="en"

ကစားကွက်အပေါ် မေးခွန်းထုတ်ခဲ့တာကြောင့် နည်းပြအဖွဲ့ရဲ့ မကြည်လင်မှု့ နဲ့လည်း ရင်ဆိုင်နေရပါသေးတယ်။

ဒီဂျောင်ကို ဘာစီလိုနာက ဆက်လက် ထိန်းသိမ်းလိုပေမယ့် သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး

data-language="en"

ယူရိုသန်း(၇၀) ဝန်းကျင် ရရှိမယ်ဆိုရင် ရောင်းချဖို့ စီစဉ်နိုင်ပြီး ဇာဗီ ကို စည်းရုံးနိုင်လိမ့်မယ်လို့

မျှော်လင့်နေကြပါတယ်။ ဒီဂျောင် ကို ပြီးခဲ့တဲ့ ဆောင်းဈေးကွက် မှာတုံးကလည်း မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ရရှိမယ်ဆိုရင်

ရောင်းချသွားလိုပြီး ကစားသမား ဖြည့်တင်းမှု့ တွေ ပြန်လည်ပြုလုပ်သွားဖို့ ဥက္ကဌ လာပေါ်တာ က စီစဉ်ခဲ့ပါသေးတယ်။

ဒီဂျောင် က နံပတ်(၈) ဒါမှမဟုတ် box to box player ဖြစ်ပြီး အသင်းကနေ ထွက်ခွါမယ့် ပေါဂ့်ဘာ နေရာကို

အစားထိုးနိုင်မယ့် အရည်အသွေးမြင့် ကွင်းလယ်ကစားသမားလည်းဖြစ်ပါတယ်။ အဲရခ်တန်ဟဂ် ရဲ့

နည်းစနစ် နဲ့ အတွေးခေါ်တွေကို အပြည့်အဝ နားလည်သူဖြစ်ပြီး ဘောလုံးအရည်အသွေးနဲ့

ပါရမီ လည်း မြင့်မားသူဖြစ်တာကြောင့် ယူနိုက်တဒ် ကွင်းလယ်မှာ လိုအပ်နေတဲ့ ဘောလုံးနဲ့

အတူတပါထဲဆွဲတက်နိုင်တဲ့ ကွင်းလယ်လူရှားပါးတဲ့ ပြသနာကို ပါ ဖြေရှင်းနိုင်မှာပါ။

တော်မနေး၊ဖရဒ်၊ဘရူနို တို့က ဘောလုံးနဲ့အတူ တိုက်စစ်လမ်းကြောင်းအထိဆွဲတက်သွားတာမျိုး ပြုလုပ်ဖို့

ခက်ခဲပေမယ့် ဒီဂျောင် ကတော့ အလွယ်တကူ ပြုလုပ်နိုင်ပြီး ပေါဂ့်ဘာ ရဲ့ နေရာကို တိုက်ရိုက်

အစားထိုးနိုင်မယ့် ကစားသမားလည်း ဖြစ်ပါတယ်။ဒီဂျောင် အပြင် ဗန်ဒီဘိခ့် လည်း ပြန်လည် ရောက်ရှိလာနိုင်လို့

တန်ဟဂ် ရဲ့ အိုင်းယက်စ် ပထမမျိုးဆက် ကွင်းလယ် အတွဲက အိုးထရဒ့်ဖိုဒ့် မှာ အလုပ်ဖြစ်မလားဆိုတာ စောင့်ကြည့်ရပါမယ်။

ယူနိုက်တဒ် အနေနဲ့ ဒီဂျောင်ကို ခေါ်ယူလိုတယ်ဆိုရင် ပြောင်းရွှေ့ကြေး ယူရိုသန်း(၇၀) ဝန်းကျင်

ကျသင့်နိုင်ပြီး ဘာစီလိုနာ အနေနဲ့ အလွယ်တကူ ညှိနှိုင်းလို့ ရမှာတော့ မဟုတ်ပဲဘအတော်လေး

ြကိုးစားရဖွယ်ရှိပါတယ်။ ကစားသမားအတွက် တစ်ပတ်လုပ်ခ ယူရို(၂)သိန်းခန့်ပေးချေရနိုင်ပြီး

နယ်သာလန် က လာတဲ့ သတင်းတွေအရတော့ တန်ဟဂ် သာအလိုရှိရင် ဆရာဟောင်းနဲ့ ပြန်ပြီး ပေါင်းထုပ်ဖို့ အင်္ဂလန်ကို အခြေချ ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

ဒီဂျောင်ကို ရရှိခဲ့ရင် ယူနိုက်တဒ် အနေနဲ့ ကွင်းလယ်တိုက်စစ်ပြသနာကို တိုက်ရိုက်ဖြေရှင်းနိုင်မှာဖြစ်ပြီး

ကွင်းလယ်ခံစစ်အတွက် တန်ဖိုးမကြီးတဲ့ ကီဗင်ဖီးလစ်၊ဟိုင်ဒါရာ တို့အပြင် အလွတ်ပြောင်းရွှေ့ကြေးနဲ့

ရရှိနိုင်တဲ့ ကာမာရာ လို ကစားသမားတွေကို ပြောင်းလဲ ပစ်မှတ်ထားကာ ခေါ်ယူဖွယ်ရှိပါတယ်။

ယူနိုက်တဒ် ရဲ့ မူလ ပထမ ပစ်မှတ် ကစားသမား ဖြစ်တဲ့ ဒီကလန်ရိုက်စ် ကိုတော့ ခေါ်ယူနိုင်မှာမဟုတ်ပဲ လက်လွှတ်ဖွယ် ရှိနေပါတယ်။

crd

data-language="en"

LEAVE A REPLY

Please enter your comment!
Please enter your name here