Home Sport ဖြတ်တင်ဘောကောင်းကောင်းမလုပ်တတ်တဲ့ တောင်ပံတွေအပါအဝင် တန်ဟန်ရဲ့ အရောင်းစာရင်းအတင်ခံရမယ့် ကစားသမား၅ဦး

ဖြတ်တင်ဘောကောင်းကောင်းမလုပ်တတ်တဲ့ တောင်ပံတွေအပါအဝင် တန်ဟန်ရဲ့ အရောင်းစာရင်းအတင်ခံရမယ့် ကစားသမား၅ဦး

0
ဖြတ်တင်ဘောကောင်းကောင်းမလုပ်တတ်တဲ့ တောင်ပံတွေအပါအဝင် တန်ဟန်ရဲ့ အရောင်းစာရင်းအတင်ခံရမယ့် ကစားသမား၅ဦး
data-language="en"

မန်ချက်စတာ ယူနိုက်တက် နည်းပြသစ် ဖြစ်လာတဲ့ အဲရစ် တန်ဟက်ဟာ လာမယ့် နွေမှာ ကစားသမား

data-language="en"

ဝယ်ယူရေး အသုံးစရိတ် ပိုထွက်လာအောင် ကစားသမား ၅ဦးကို အရောင်းစာရင်း တင်ဖို့ ပြင်ဆင်နေပါတယ်။

ယူနိုက်တက် က အလွတ် ထွက်ခွာမယ့်သူတွေ အပြင် ထို ၅ဦးအတွက် ကမ်းလှမ်းမှုတွေကို လက်ခံ စဉ်းစားသွားမှာပါ။

data-language="en"

နယ်သာလန်သား နည်းပြ တန်ဟက်ဟာ ယူနိုက်တက်နဲ့ ၃ နှစ် စာချုပ် လက်မှတ်ထိုးထားပြီး

အသင်းကို သူ့စိတ်ကြိုက် ပြောင်းလဲ ပြင်ဆင်မှုတွေ လုပ်ဆောင်သွားမှာပါ။

data-language="en"

ရာသီကုန်မှာ အသင်းနဲ့ စာချုပ်ကုန်ဆုံးလို့ ထွက်ခွာကြမယ့် ကစားသမားတွေလည်း ရှိနေပြီး ပေါ့ဘာ၊

မာတစ်၊ ကာဗာနီ၊ ဟွမ် မာတာ၊ လင်ဂတ် တို့ ဖြစ်ကြပါတယ်။ နည်းပြ တန်ဟက် ကိုယ်တိုင်က လက်ရှိ

အသင်းသားတွေကို သဘောမကျတာကြောင့် ဘယ်သူနဲ့မှ သက်တမ်းတိုးဖွယ် မရှိဘဲ အလွတ်နဲ့ ထွက်ခွာခွင့် ပြုမှာပါ။

တန်ဟက်က ယူနိုက်တက်ရဲ့ အားနည်းတဲ့ နေရာတွေ အားဖြည်ဖို့ ဗဟိုခံစစ်မှုး တစ်ဦး၊ ညာစွန် တစ်ဦး၊

ကွင်းလယ် ဗဟို တစ်ဦးနဲ့ တိုက်စစ်မှုး တစ်ဦး ခေါ်ယူလိုနေပါတယ်။ ESPN သတင်း အဆိုအရ

တန်ဟက်ဟာ လာမယ့် ေွန အပြောင်းအရွှေ့ စရိတ် ပေါင် သန်း ၁၀၀ နဲ့ ၁၅ဝ ကြား ရရှိမှာ

ဖြစ်ပြီး ကစားသမား ရောင်းချမှုတွေကနေ အသုံးစရိတ် ထပ်တိုးနိုင်မှာပါ။

မန်ချက်စတာ ယူနိုက်တက် ရောင်းချမယ့် ၅ ဦးကတော့ အဲရစ် ဘိုင်လီ၊ ဖီးဂျုံးစ်၊ မာရှယ်၊ တဲလက်စ်နဲ့ ဝမ်ဘစ်ဆာကာ တို့ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ မာရှယ်ကို ပေါင် ၃၆ သန်းနဲ့ ခေါ်ခဲ့တာ ဖြစ်ပြီး ဝမ်ဘစ်ဆာကာ ကို ပဲလေ့စ်ရဲ့

ထပ်တိုးကြေးတွေ ပေါင်းရင် ပေါင် သန်း ၅ဝ လောက် သုံး ခေါ်ယူခဲ့တာပါ။ ဘိုင်လီ၊ ဂျုံးစ်နဲ့ တဲလက်စ်

တို့ကလည်း ပွဲထွက် ကစားလိုကြသူတွေ ဖြစ်ပြီး အသင်းမှာ နေရာ မပေးနိုင်တာကြောင့် လက်လွှတ်ဖို့ ရှိနေပါတယ်။

crd

data-language="en"

LEAVE A REPLY

Please enter your comment!
Please enter your name here