Home Sport မန်ယူကို အနိုင်ရခဲ့တဲ့ပွဲက အာတီတာရဲ့ အပြုအမှုကို ပြင်းပြင်းထန်ထန်ဝေဖန်လိုက်တဲ့ ပေါလ်စခိုး

မန်ယူကို အနိုင်ရခဲ့တဲ့ပွဲက အာတီတာရဲ့ အပြုအမှုကို ပြင်းပြင်းထန်ထန်ဝေဖန်လိုက်တဲ့ ပေါလ်စခိုး

0
မန်ယူကို အနိုင်ရခဲ့တဲ့ပွဲက အာတီတာရဲ့ အပြုအမှုကို ပြင်းပြင်းထန်ထန်ဝေဖန်လိုက်တဲ့ ပေါလ်စခိုး
data-language="en"

ပေါလ်စခိုးလ် ဟာ မန်ယူနိုက်တက်ကို အာဆင်နယ် အသင်း ၃-၁ နဲ့ အနိုင် ရခဲ့တဲ့ ပွဲမှာ နည်းပြ

data-language="en"

အာတီတာ ရဲ့ အပြုအမှု တစ်ခုဟာ ဂုဏ်သိက္ခာ ကင်းမဲ့လွန်းခဲ့ကြောင်း ဝေဖန် ပြောဆို လိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ ဗုဒ္ဓဟူးနေ့မှာ ချဲလ်ဆီး အသင်းကို အနိုင်ရပြီးနောက် ဒီတစ်ပတ် စနေမှာလည်း

data-language="en"

မန်ယူနိုက်တက် ကို တာဗာရက်စ် ၊ ဆာ​ကာ နဲ့ ရှာကာ တို့ရဲ့ သွင်းဂိုး တွေနဲ့ အနိုင်ရကာ အဆင့်လေး နေရာ တက်လှမ်း နိုင်ခဲ့ပါတယ် ။

အာဆင်နယ် နဲ့ မန်ယူနိုက်တက် ပွဲမှာ VAR ပြန်ကြည့်ခဲ့ရတဲ့ အခိုက်အတန့်တွေ များခဲ့ပြီး အာဆင်နယ်

data-language="en"

အသင်း ရရှိခဲ့တဲ့ ဒုတိယသွင်းဂိုးဟာလည်း VAR ပြန်ကြည့်ပြီးမှ ပင်နယ်တီ အဖြစ် သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ် ။

တဲလက်စ် နဲ့ ဆာကာ ထိခိုက်မိတဲ့ အခိုက်အတန့်ကို ဒိုင်လူကြီး ခရ်ိတ်ပေါလ်ဆင် က

ပြန်လည် ဆန်းစစ်ဖို့ ညွှန်ကြားချိန်မှာ အာဆင်နယ် နည်းပြ အာတေတာ ဟာ ပရိသတ်

တွေကို ဒိုင်လူကြီး ပေါလ်ဆင် အပေါ် ဖိအားပေးဖို့ ဦးဆောင် တိုက်တွန်း ခဲ့ပါတယ် ။

အဆိုပါ အပြုအမူ အပေါ် မန်ယူနိုက်တက် ဂန္တဝင် ကွင်းလယ်လူ ပေါလ်စခိုးလ် က မကျေမနပ်

ဖြစ်နေခဲ့တာ ဖြစ်ပြီး အာတေတာ အပေါ် ဝေဖန် ပြောဆို သွားခဲ့ပါတယ် ။ ” အဲ့ဒီနေရာမှာ

အာတေတာ ရဲ့ အပြုအမူက ဂုဏ်သိက္ခာ ကင်းမဲ့လွန်းပါတယ် ၊ သူကို အဲ့ဒီလို လုပ်ဖို့ ခွင့်မပြုခဲ့သင့်ပါဘူး ။ ”

” ခင်ဗျားတို့ သေချာပြန်ကြည့်ကြည့်ပါ ၊ သူ(အာတေတာ) က ပရိသတ်တွေနား သွားပြီး ဒိုင်လူကြီး ကို

အနည်းငယ် ဖိအားပေး လွှမ်းမိုးဖို့ တိုက်တွန်း ခဲ့တာတွေ့မှာပါ ၊ နောက်ပြီး ကစားသမားတွေကလည်း

ဒိုင်လူကြီးတွေ ပတ်ပတ်လည်လည်မှာ ရှိ​နေခဲ့ပါတယ် ၊ အဲ့ဒီလိုမျိုး နေခွင့် မပြုသင့်ပါဘူး ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

အဆိုပါ အခိုက်အတန့်မှာ ဒိုင်လူကြီး ခရိတ်ပေါလ်ဆင် က အာဆင်နယ် အသင်း ကို ပင်နယ်တီ

ကန်သွင်းခွင့် ပြုခဲ့ပြီး ဆာကာ က အမှားအယွင်း မရှိ ကန်သွင်း နိုင်ခဲ့ပါတယ် ။

အသက် ၂၀ အရွယ် ဆာကာ ဟာ ပြီးခဲ့တဲ့ ချဲလ်ဆီး နဲ့ ပွဲမှာလည်း ပင်နယ်တီကနေ ဂိုးသွင်းယူ နိုင်ခဲ့ပြီး

ပရီးမီးယားလိဂ် နှစ်ပွဲဆက် ပင်နယ်တီ ကနေ ဂိုးသွင်းနိုင်ခဲ့တဲ့ အသက်အငယ်ဆုံး ကစားသမားလည်း ဖြစ်လာခဲ့ပါတယ် ။

crdSM

data-language="en"

LEAVE A REPLY

Please enter your comment!
Please enter your name here