
သူမအကောင့်ကိုနေ့တိုင်းဟက်နေတဲ့သူအား ချစ်သူထက်တောင်ပိုပြီး သံယောဇဉ်
တွယ်နေမိပြီဆိုတဲ့အကြောင်း အရွှန်းဖောက်ပြီး ပြောတဲ့ သင်ဇာဝင့်ကျော်
သူမအကောင့်ကိုနေ့တိုင်းဟက်နေတဲ့သူအား ချစ်သူထက်တောင်ပိုပြီး သံယော
ဇဉ်တွယ်နေမိပြီဆိုတဲ့အကြောင်း အရွှန်းဖောက်ပြီး ပြောတဲ့ သင်ဇာဝင့့်ကျော်
ပုရိသတွေ အသည်းစွဲ မင်းသမီးချောလေး သင်ဇာဝင့်ကျော်က သူမရဲ့ အနုပညာ
သက်တမ်းတစ်လျှောက် အောင်မြင်မှုတွေကိုသာ ရရှိပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။
သင်ဇာဝင့်ကျော်က နောက်ပိုင်းမှာ တော့ သူမရဲ့ စွဲမက်ဖွယ်အလှနဲ့ အမိုက်စားဝတ်စား
ဆင်ယင်ပုံတွေကြောင့် ပရိသတ်တွေရဲ့ သတိထားအာရုံစိုက်ခြင်းကို ပိုမိုခံနေရတာ ဖြစ်ပါတယ်။
သင်ဇာဝင့်ကျော်ကလည်း သူမကို အားပေးကြ တာ တဲ့ ပရိသတ်တွေအတွက် အလုပ်တွေ တောက်လျှောက်လုပ်နေ တာ ဖြစ်ပါတယ်။
နာမည်ကြီးမင်းသမီးတစ်ယောက်ပီပီ လူစိတ်ဝင်စားခြင်းခံရတဲ့ သင်ဇာဝင့်ကျော်ဟာ
ဒီကနေ့မှာတော့ သူမရဲ့ဖေ့စ်ဘုတ်အကောင့် ဟက်ခံရတာနဲ့ ပတ်သက်ပြီး
“Account hack နေတဲ့သူလဲ ငါ့ချစ်သူ လိုပဲနော် ” မနက်တခါညတခါ reset code တွေပိုရတာ
သူမမော ဘူးလားမသိဘူး 4 mail ကိုပိုလိုက် ph message ကိုပိုလိုက်နဲ့ … ခု ဆိုနေ့တိုင်းနီးပါးပိုတာ၂ လနီးပါးတောင်ရှိတော့မယ်။
၂လပြည့် anniversary တောင်လုပ်ရင်ကောင်းမလားပဲ။ သူမပိုတဲ့ရက် တွေဆိုရင်
ကိုယ့်မှာမျှော်နေမိတယ်။ ပိုမလာသေးပါလားလို သံယောဇဉ်တောင်တွယ်နေမိပြီထင်တယ်
ဒီရက်ပိုင်း ခနခန ပို လာတာဆိုတော့ နင်ရောငါ့ကိုလွမ်းနေလိုလားဟင် ID” ဆိုပြီး
အရွှန်းဖောက်လာခဲ့ပါတယ်။သင်ဇာဝင့်ကျော်ကတော့ ဖေ့စ်ဘုတ်အကောင့်ဟက်ခံရပေမယ့်
သူမရဲ့ဖေ့စ်ဘုတ်အကောင့်မှာ လူစိတ်ဝင်စားရလောက်အောင် ထွေထွေထူးထူး
ကိစ္စရှိမနေဘူးလို စောစောစီးစီးကြေငြာထားသူ တစ်ယောက်ဖြစ်ပါတယ်။
crd