Home Sport အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲက အပျင်းဆုံးနဲ့အညံ့ဆုံးမန်ယူကစားသမား နှစ်ဦးကို ပြင်းပြင်းထန်ထန်ဝေဖန်လိုက်တဲ့ မာတင်ကီယွန်

အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲက အပျင်းဆုံးနဲ့အညံ့ဆုံးမန်ယူကစားသမား နှစ်ဦးကို ပြင်းပြင်းထန်ထန်ဝေဖန်လိုက်တဲ့ မာတင်ကီယွန်

0
အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲက အပျင်းဆုံးနဲ့အညံ့ဆုံးမန်ယူကစားသမား နှစ်ဦးကို ပြင်းပြင်းထန်ထန်ဝေဖန်လိုက်တဲ့ မာတင်ကီယွန်
data-language="en"

အာဆင်နယ် အသင်းရဲ့ နောက်ခံလူဟောင်း တစ်ဦး ဖြစ်တဲ့ မာတင် ကီယွန် က အမ်မရိတ်

data-language="en"

ကွင်းထဲမှ အာဆင်နယ် 3 – 1 ယူနိုက်တက် ဆိုတဲ့ ရလဒ် ထွက်ပေါ်ခဲ့ပြီးနောက် ယူနိုက်တက်

ခံစစ်ကစားသမားနှစ်ဦးကို ငပျင်းတွေလို့ ပြောဆိို ထိုးနှက်သွားခဲ့လိုက် ပါတယ် ။

data-language="en"

ဒီပွဲမှာတော့ မန်ချက်စတာ ယူနိုက်တက် နည်းပြ ရန်းဂနစ် က အမှားတွေ မကြာခန ကျူးလွန်ခဲ့တဲ့

အတွက် ဝေဖန််မှုတွေ ခံနေခဲ့ရတဲ့ ဗဟို နောက်ခံလူ ဟယ်ရီ မက်ဂွားယားကို အရံခုံပေါ်

data-language="en"

ချန်ထားခဲ့ပြီး လင်ဒီလော့ဖ် နဲ့ ဗာရန်း တို့ကို တဲလက်စ် ၊ ဒါးလော့ တို့ရဲ့ တွဲဖက် ကစားစေခဲ့ပါတယ် ။

ဒါပေမဲ့ ပွဲချိန် စတင်ပြီး 3 မိနစ် အကြာမှာပဲ ယူနိုက်တက််တို့ဟာ အိမ်ရှင်ကို ဦးဆောင်ဂိုး ပေးခဲ့လိုက်ရပါတယ် ။

အဆိုပါ ပေးဂိုးမှာတော့ ယူနိုက်တက် ညာနောက်ခံလူ ဒီယိုဂို ဒါးလော့ဟာ အမှား မကင်းတဲ့သူ တစ်ဦး ဖြစ်သွားခဲ့ရပါတယ် ။

အခုတော့ အာဆင်နယ် အသင်းရဲ့ ဂန္တဝင် ကစားသမား တစ်ဦး ဖြစ်တဲ့ မာတင် ကီယွန် က ပေါ်တူဂီသားရဲ့

အားစိုက််ထုတ်မှု ကင်းမဲ့ခြင်း၊ ပြိုင်ဖက်ကို ဟန့်တားဖို့ ကြန့်ကြာမှု ၊ အာရုံ စူးစိုက်မှု နည်းပါးခြင်းတွေကို ဝေဖန် သွားခဲ့လိုက််ပါတယ် ။

” တာဗာရတ်စ် ဟာ ဘယ် ခံစစ် အခြမ်းကနေ တိုက်စစ် အထိ တက်ရောက်လာခဲ့ပါတယ် ။

ဒါပေမဲ့ ဒါးလော့ ဟာ လုံးဝ ထုံထိုင်းနေခဲ့ ပါတယ် ။ ဒါဟာ တကယ့်ကို ကြောက်စရာ

ကောင်းလွန်းတဲ့ ခံစစ် ကစားပုံ တစ်ခုပါပဲ ။ သူဟာ ခြေထောက်လှုပ်ဖို့ကို အတော်လေး အပျင်းကြီး နေခဲ့ပုံပါပဲ ”

” တာဗာရတ် ပြေးဝင်လာတဲ့ အချိန်မျိုးမှာ ဒါးလော့ အနေနဲဲ့ သူ့အနားမှာပဲ ရှိနေခဲ့သင့်ပါတယ် ။

ဒါဟာ ဘောလုံးရဲ့ အခြေခံစည်းမျဥ်းပဲလေ ။ အန္တရာယ်တွေကို အနံ့ခံနိုင်ဖို့ လိုတယ်လေ ။

ဒါ ခင်ဗျား တက်ကျွမ်းသင့်တဲ့ အခြေခံ စည်းမျဥ်း တစ်ခုပါပဲ ။ အရေးအကြီးဆုံးက အာရုံစိုက်နေဖို့ပါ ” လို့ ကီယွန် က ပြောခဲ့လိုက်ပါတယ် ။

အာဆင်နယ် အသင်းရဲ့ တိုက်စစ်မှူး အန်ကီးတီးယားဟာ ပွဲချိန် 68 မိနစ်မှာ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ လူကျွံနေခဲ့တဲ့ အတွက် ဂိုးမရခဲ့ပါဘူး ။ သို့သော်လည်း အဆိုပါ အဖြစ်အပျက်ကို

ပြန်ကြည့်လိုက်ချိန်မှာ ယူနိုက်တက် ဘယ််နောက်ခံလူ တဲလက်စ် က ဆာကာ ကို ပစ်ဒဏ် ကျူးလွန််ခဲ့တာ မြင်တွေ့ခဲ့ရပါတယ် ။

ဒါ့ကြောင့် VAR နဲ့ စစ်ဆေးပြီးနောက် ယူနိုက်တက်တို့ ပင််နယ်တီ ပေးခဲ့ရပြီး အဆိုပါ

ပင်နယ်တီကို အာဆင်နယ် တိုက်စစ် ကစားသမား ဆာကာ က ဂိုးအဖြစ် ပြောင်းလဲ

သွားနိုင်ခဲ့ပါတယ် ။ အခုတော့ ကီယွန် က တဲလက်စ် ဟာ ​​ကြောက်ရွံ့နေခဲ့ကြောင်း ထုတ်ပြောခဲ့လိုက်ပါတယ် ။

” တဲလက်စ် ဟာ ကြောက်လွန်းနေခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ် ။ သူဟာ မှားတဲ့ နေရာမှာ ရှိနေခဲ့တယ်လေ ။

ဒီ ဆုံးဖြတ်ချက်ကို ကျွန်တော် သဘောတူ ပါတယ် ။ သူ ဆာကာ ကို တွန်းထုတ်ခဲ့ပြီး

လွတ်ထွက်ဖို့ ကြိုးစားခဲ့ပါသေးတယ် ။ ဒါပေမဲ့ မလုပ်နိုင်ခဲ့ပါဘူး ” လို့ ကီယွန် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

crd:Sports_Myanmar

data-language="en"

LEAVE A REPLY

Please enter your comment!
Please enter your name here