
ချစ်လှစွာသောပရိသတ်ကြီးရေ သရုပ်ဆောင် ပွင့်ကတော့ ချစ်စရာကောင်းတဲ့
မျက်နှာပေါက်လေးနဲ့ ဝဝဖြိုးဖြိုးခန္ဓာကိုယ်ကြောင့် ပရိသတ်တွေချစ်ရသူတစ်ယောက်ပါပဲ။
ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားပေါင်းများစွာမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ ပွင့်က
အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တစ်ယောက်ပီပီ ကောလဟာလ ဒဏ်တွေကို
ခံရလေ့ရှိတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ပွင့်က သူမကိုအိမ်ထောင်ကျဖူးတယ်ဆိုပြီး
သွားပုပ်လေလွင့်ပြောကြ သူတွေရဲ့ စကားကို အခုလိုပဲဖြေရှင်းလာတာကို တွေ့ရပါတယ်…။
ပွင့်က “စမီးကအပျိုလေး ခုမှ၁၆နှစ်ပြည့်… ပွင့်ယခုအချိန်ထိအိမ်ထောင်မပြုခဲ့_
ယောကျ်ားမယူခဲ့ဖူးပါ ပွင့်အင်တာဗျူးတွေမှာရောပွင့် ဒီpage မှာရော အကြိမ်ကြိမ်
ရှင်းရတာမောနေပြီ။ ပွင့်က အနုပညာရှင်တယောက်မို့ တခြားမင်းသားမင်းသမီးများစွာနဲ့အတူ
မဂ်လာဝတ်စုံ ရှိုးပွဲမှာ သတို့သမီးဝတ်စုံနဲ့ ရှိုးပွဲလျှောက်ပေးတုန်းကပုံကို page(ပေ့ချ်)
အတုယောင်တခုက သူ့page နာမည်ကြီးချင်လို့ လုပ်ကြံဇာတ်လမ်းဆင်ပြီး ရေးတယ်ဆိုတာ။
ပွင့် ယခုအချိန်ထိ အိမ်ထောင်မပြုခဲ့/ယောကျ်ားမယူခဲ့ဖူးပါ။ ဤမှန်သေ ာသစ္စာစကားကြောင့်
သူများ သမီးပျိုကို သွားပုပ်လေလွင့် လုပ်ကြံပြောဆိုတဲ့ pageအတုယောင်နှင့်တကွ
တမင်သိသိကြီးနဲ့ လုပ်ကြံပြောဆိုတဲ့ သူတွေအားလုံး ကံတူအကျိုးပေးပါစေ။” ဆိုပြီး ဖြေရှင်းလာတာပဲဖြစ်ပါတယ်။
ပွင့်ကတော့ အခုဆိုရင် အသက်အရွယ်တစ်ခုရောက် ရှိနေပြီဆိုပေမယ့်
အိမ်ထောင်မပြုသေးပဲ တစ်ကိုယ်တည်း အပျိုကြီးအဖြစ် ရပ်တည်နေတာပဲဖြစ်ပါတယ်။
ပရိသတ်ကြီးလည်း ပွင့်ရဲ့ အိမ်ထောင်ကျဖူးတယ်ဆိုတဲ့ ကောလ
ဟာလနဲ့ပက်သတ်ပြီး ရှင်းရှင်းလင်းလင်း သိသွားလောက်ပြီ ထင်ပါတယ်နော်…။
crd