Home Sport ကျားကိုကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုးနေတယ်လို့ ပေါက်ကွဲခဲ့တဲ့ ဖာဒီနန်

ကျားကိုကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုးနေတယ်လို့ ပေါက်ကွဲခဲ့တဲ့ ဖာဒီနန်

0
ကျားကိုကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုးနေတယ်လို့ ပေါက်ကွဲခဲ့တဲ့ ဖာဒီနန်
data-language="en"

မန်ချက်စတာ ယူနိုက်တက်ဟာ ညက ပွဲမှာ အာဆင်နယ်ကို ၃-၁ နဲ့ အရေးနိမ့်သွားခဲ့တာကြောင့်

data-language="en"

ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာ အဆင့် ၄ အတွက် မျှော်လင့်ချက်ကို လက်လျှော့လိုက်ရပြီ ဖြစ်ပါတယ်။

ယူနိုက်တက် နည်းပြ ရန်းနစ် ကိုယ်တိုင်လည်း ပွဲအပြီးမှာ အဆင့် ၄ မရနိုင်တော့တာ ဝန်ခံသွားခဲ့ပါတယ်။

data-language="en"

ယူနိုက်တက်ဟာ နောက်ဆုံး ကစားထားတဲ့ ပရီးမီးယားလိဂ် ၅ ပွဲမှာ ၁ပွဲ သာ နိုင်ထားခဲ့တာ

ဖြစ်ပြီး အဝေးကွင်း ပွဲ ၄ ပွဲ ဆက် ရှုံးတဲ့ အသင်းမှတ်တမ်းသစ်ပါ ရသွားခဲ့ပါတယ်။

data-language="en"

ယူနိုက်တက် ကစားသမားဟောင်းကြီး ရီယို ဖာဒီနန်ကတော့ မန်ချက်စတာ ယူနိုက်တက်ဟာ ယခင်နည်းပြ အိုလေဂန်နာ

ဆိုးရှား ထွက်ခွာသွားပြီးတည်းက တိုးတက်ရိပ် မရှိဘဲ ပိုတောင် ဆိုးဝါးလာခဲ့တယ် လို့ ပွဲအပြီးမှာ ထုတ်ဖော် ဝေဖန်လိုက်ပါတယ်။

” ပထမဆုံး အနေနဲ့ ပြောချင်တာက အာဆင်နယ်က သူ့ အလုပ်သူ ပြီးမြောက်အောင်

လုပ်သွားနိုင်ခဲ့တယ် ဆိုတာပဲ၊ ဒါကို အသိအမှတ်ပြုရမှာပါ။ ထိပ်တန်း စွမ်းဆောင်ရည်

မဟုတ်ပေမယ့် ဒီအဆင့်မှာ သူတို့ လိုအပ်တဲ့ ၃မှတ်ပြည့် ရယူသွားနိုင်ခဲ့တယ်။

မန်ချက်စတာ ယူနိုက်တက်ကတော့ ပွဲထဲ ပြန်ဝင်နိုင်ဖို့ အခွင့်အရေး ရှိခဲ့ပေမယ့် တိုင်ထိတာ၊ ပင်နယ်တီ လွဲတာ စတာတွေနဲ့ ကျန်ခဲ့တယ်။

သူတို့ အာဆင်နယ်ကို အနိုင်ကန်ဖို့ သွားခဲ့ကြတာ ဆိုပေမယ့် မန်ချက်စတာ ယူနိုက်တက်က အဖြစ်ရှိအောင် မလုပ်နိုင်ခဲ့ဘူး။

အခွင့်အရေးကြီးတွေ ပွဲထဲမှာ ရလာရင် ရအောင် ယူနိုင်ဖို့ လိုတယ်။ ဒီနေ့ပွဲမှာ ယူနိုက်တက် က ဒါတွေ မလုပ်နိုင်ခဲ့ဘူး။

ယူနိုက်တက်က ရလဒ်ဆိုးတွေ ဆက်တိုက်ရနေတာပါ။ ရက်စက်တဲ့ အမှန်တရား ကို ထုတ်ပြောရရင်

ရပ်ဖ် ရန်းနစ် ရောက်လာတယ် ဆိုပေမယ့် အိုလေ (ဆိုးရှား) အသင်းကနေ ထွက်သွားတည်းက ယူနိုက်တက် က ပိုတောင် ဆိုးဝါးသွားခဲ့တာပါ။

အခုဆို ယူနိုက်တက် အဆင့် ၄ ဝင်ဖို့ မဖြစ်နိုင်တော့ဘူး၊ လုံးဝ အခွင့်အရေး မကျန်တော့ပါဘူး။ ” လို့ ရီယို ဖာဒီနန်က ပြောဆိုခဲ့ပါတယ်။

အာဆင်နယ်ကို ရှုံးပြီးတဲ့နောက် မန်ချက်စတာ ယူနိုက်တက်ဟာ အမှတ်ပေးဇယား အဆင့် ၆ ကို

ရောက်သွားပြီး အဆင့် ၄ နေရာမှ တစ်ပွဲလျော့ ကစားထားတဲ့ အာဆင်နယ်နဲ့ ၆ မှတ်ကွာသွားပြီ ဖြစ်ပါတယ်။

crd

data-language="en"

LEAVE A REPLY

Please enter your comment!
Please enter your name here