
မန်ယူအသင်းဟာ အာဆင်နယ်ကို ရှုံးနိမ့်ပြီးနောက်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ဖြစ်တဲ့ အဆင့် ၄နေရာကို
မေ့ပစ်လို့ ရသွားပြီပဲဖြစ်ပါတယ်။မန်ယူအသင်းအတွက် ရော်နယ်ဒိုရဲ့ တစ်ဂိုးသာရခဲ့တာဖြစ်ပြီး
ဖာနန်ဒတ်က ပင်နယ်သီလွဲတဲ့ အပြင် ဒိုင်ကလည်း မန်ယူအသင်းရမယ့် ပင်နယ်သီတွေကို
မပေးခဲ့တာကြောင့် မန်ယူအသင်းအများကြီးနစ်နာခဲ့ရပါတယ်။ရော်နယ်ဒိုကတော့ ပရီးမီးယားလိဂ်
သွင်းဂိုး၁၀၀ပြည့်ခဲ့ပြီဖြစ်ပြီး အသင်းအတွက် အစွမ်းကုန်ကြိုးစားခဲ့ပေမယ့် အိတ်ပေါက်နဲ့ဖားကောက်သလိုပဲ
အလှူပေးနေတဲ့ နောက်တန်းကြောင့် သူ့ရဲ့ သွင်းဂိုးတွေဟာ အရာမထင်ဖြစ်နေပြီး ခဲလေသမျှသဲရေကျခဲ့ရပါတယ်။
မန်ယူအသင်းရဲ့ ကစားသမားဟောင်း ဖာဒီနန်ကတော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်နေတာ
ရော်နယ်ဒိုတစ်ယောက်ထဲပဲရှိတယ်လို့ ပြောလိုက်ပါတယ်။ဒီလိုပြောရတာလည်း ရော်နယ်ဒိုကပဲ
မန်ယူအသင်းဂိုးတွေဒိုင်ခံသွင်းနေရလို့ဖြစ်ပါတယ်။ကျန်တဲ့ကစားသမားတွေစီကဂိုးတွေ
မျှော်လင့်ဖို့တောင်ခက်လဲလာပြီး ဖာနန်ုဒတ်တောင် ဂိုးသွင်းဖို့ ရုန်းကန်နေပါတယ်။
ရော်နယ်ဒိုကတော့ ပရီးမီးယားလိဂ်နဲ့ လာလီဂါမှာ သွင်းဂိုး ၁၀၀ပြည့်အောင်သွင်းနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာပါတယ်။အာဆင်နယ်ဘက်ကို
ဂိုးသွင်းပြီး အောင်ပွဲခံချိန်မှာလည်း သူရဲ့ အမွှာထဲကသေဆုံးသွားတဲ့ သားလေးကို ရည်စူးပြီး အောင်ပွဲခံခဲ့ပါတယ်။
HH