
မန်ယူအသင်းဟာ အာဆင်နယ်ကို ရင်ဆိုင်ဖို့ ၄-၂-၃-၁ ကစားကွက်ကို အသုံးပြုလာပြီး
သတင်းတွေထွက်နေတဲ့အတိုင်း မက်ဂွိုင်းယားကိုအနားပေးကာ ဗာရိန်းကို ပွဲထုတ်လာခဲ့ပါတယ်။
ပွဲစပြီး ၃မိနစ်မှာပဲ တဲလက်စ်ရဲ့ မသေသပ်တဲ့ ဖြတ်ထုတ်မှုကနေ ဆာကာရဲ့ ကန်သွင်းချက်ကို
ဒီဂီယာကာကွယ်နိုင်ခဲ့ပေမယ့် ထပ်မံပိတ်သွင်းခဲ့တဲ့ ထရာဘတ်စ်က အာဆင်နယ်အတွက်အဖွင့်ဂိုးကိုသွင်းယူပေးခဲ့ပါတယ်။
မန်ယအသင်းဟာ ခြေပဂိုးရဖို့ အပြင်းအထန်ကြိုးစားလာပြီး ဖာနန်ဒတ်နဲ့ အီလန်ဂါတို့ရဲ့ အခွင့်အရေးတွေကို
အသုံးမချနိူင်မှုကြောင့် ချေပဂိုးနဲ့ ဝေးနေခဲ့ရပါတယ်။ ဒါ့အပြင် အီလန်ဂါကို ဂိုးဧရိယာထဲမှာ
လဲကျမှု၊ဆန်ချိုဆွဲလာတဲ့ ဘောလုံးကို ဧရိယာထဲမှာ အာဆင်နယ်နောက်တန်းက လက်နဲ့ ရိုက်ထုတ်ခဲ့တာကိုလည်း
ဒိုင်ကပင်နယ်သီမပေးခဲ့တာဲကာင့် မန်ယူအသင်းနစ်နာခဲ့ရပါတယ်။သိပ်မကြာခင်မှာ အာဆင်နယ်က ဂိုးထပ်သွင်းခဲ့ပေမယ့်
လူကျွံခဲ့တာကြောင့် varကိုကြည့်ပြီး ဂိုးပြန်ဖျက်ပေမယ့် ဆာကာကို တဲလက်စ်က လူချကစားတယ်ဆိုပြီး
ပင်နယ်သီပေးခဲ့တာကြောင့် ဆာကာရဲ့သွင်းဂိုးနဲ့အတူ မန်ယူဟာ ဒုတိမြောက်ဦးဆောင်ဂိုးကိုပေးလိုက်ရပါတယ်။
အချိန်တန်ရင် ရော်နယ်ဒိုက ဂိုးသွင်းတယ်ဆိုတိုင်း မာတစ်ရဲ့ ဖြတ်တင်မှုကနဆင့် ရော်နယ်ဒိုက ဂိုးသွင်းယူခဲ့ပါတယ်။
ပထမပိုင်းမှာတော့ ၂-၁ ဆိုတဲ့ရလဒ်နဲ့ မန်ယူအသင်းဟာရှုံးနိမ့်နေပါတယ်။ ဒုတိယပိုင်းစပြီး သိပ်မကြာခင်မှာပဲ
အာဆင်နယ်နောက်တန်းလက်ထိတာကြောင့် ပင်နယ်သီရပေမယ့် ဖာနန်ဒတ်က တိုထိသွားတာကြောင့်
မန်ယူအသင်းအနေနဲ့အများကြီးနစ်နာရပါတယ်။ရော်နယ်ဒိုက ဂိုးထပ်မံသွင်းယူခဲ့သေးပေမယ့် လူကျွံနေခဲ့တာကြောင့်
ဂိုးမရခဲ့ပါဘူး။ဇာဟာရဲ့ အဝေးဘောနဲ့ အာဆင်နယ်ဦးဆောင်ဂိုးထပ်ရခဲ့တာကြောင့် မန်ယူအသင်းဟာ ဂိုးပြတ်ရှုံးနိမ့်ခဲ့ရပါပြီ။
မန်ယူအသင်းအနေနဲ့ တစ်ပွဲလုံးခြေစွမ်းပြခဲ့တာကတော့ ဒီဂီယာပါ့ပဲ။ဒီဂီယာသာ မကယ်ရင် ခုထက် ဂိုးပြန်ရှုံးဖွယ်ရှိပါတယ်။
ရော်နယ်ဒိုကတော့ ပရီးမီးယားလိဂ် သွင်းဂိုး ၁၀၀ပြည့်ခဲ့ပြီဖြစ်ပါတယ်။
HH