
ပရိသတ်တွေက ချစ်စနိုးနဲ့ ကွီးနေထူးနိုင်လို့ ခေါ်ကြတဲ့ သရုပ်ဆောင်နေထူးနိုင်ကတော့
အက်ရှင်နဲ့ သဘာဝလွန်ဗီဒီယိုဇာတ်ကားတွေကို အများဆုံးရိုက်ကူးသူတစ်ယောက်ဖြစ်ပါတယ်။
နေထူးနိုင်ကတော့ မြန်မာဗွီဒီယိုလောကမှာနှစ်ပေါင်းများစွာ ကျင် လည်လာတဲ့
သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး နယ်ပရိတ်သတ်အခိုင်အမာရထားတဲ့ နေထူးနိုင်က
ဗွီဒီယိုလောကမှာ အက်ရှင်ဇာတ်ကားတွေနဲ့ လိုင်းတစ်လိုင်းထိုးဖောက်ခဲ့တဲ့ မင်းသားတစ်ဦးလည်းဖြစ်ပါတယ်။
ဒီနေ့မှာတော့ သရုပ်ဆောင်နေထူးနိုင်က ဆီဈေးတွေတက်နေတာကြောင့်
လိုင်းကားနဲ့သွားရပြီး သူဖြစ်ချင်တဲ့ ဆန္ဒလေးကိုပြောပြလာတာလည်းဖြစ်ပါတယ်။
ကွီးနေထူးနိုင်က ဒီနေ့မှာ ရန်ကုန် အောင်မင်္ဂလာအဝေပေးကားဝင်းမှာရောက်နေပြီး
“လိုင်းကားနဲ့ Go မှတ်ချက်-ဆီဈေးကြောင့်ရုပ်ရှင်ထဲကလို အပြင်မှာလဲ မြေလျှို
မိုးပျံ လို့ရရင် သိပ်ကောင်းမှာပဲနော်” ဆိုပြီးပြောပြလာတာဖြစ်ပါတယ်။
သရုပ်ဆောင် နေထူးနိုင်ကတော့ လက်ရှိမှာ Target Stunts Studio ကို
တည် ထောင်ထားပြီးအက်ရှင် ဝါသနာပါတဲ့ လူငယ်တွေနဲ့ စတန့်သရုပ်ဆောင်ဖြစ်ချင်တဲ့
လူငယ်တွေကို လေ့ကျင့်သင်ကြားပေးနေတယ်လို့သိရပါတယ်။ ဖတ်ရှု့ပေးတဲ့ ပရိတ်သတ်ကြီးလည်း
ဘေးအန္တရာယ် အပေါင်းမှ ကင်းဝေးပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
crd