
ပေါလ်ပေါ့ဂ်ဘာသည် ရာသီကုန်တွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် အသင်းမှထွက်ခွာ
တော့မည်ဖြစ်ပြီး နည်းပြ ရန်းနစ်ခ်မှလည်း အတည်ပြုပြောကြားခဲ့ပါသည်။
“အခြေအနေကတော့ ပေါ့ဂ်ဘာဟာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်းတိုးမှာ
မဟုတ်သလို နောက်ရာသီ အသင်းမှာလဲ ရှိနေတော့မှာ မဟုတ်ပါဘူး။
ပေါ့်ဂ်ဘာဟာ လီဗာပူးနဲ့ပွဲမှာ ဒဏ်ရာရခဲ့တာကြောင့် ရာသီကုန်အထိ ပါဝင်နိုင်တော့မှာမဟုတ်ပါဘူး။
မက်ဂွိုင်းယားဟာလည်း ဒီရာသီမှာ ခြေစွမ်းတွေဆိုးရွားနေတဲ့အပြင် ပွဲတိုင်းအမှားလုပ်နေတာကြောင့်
ဒီနေ့အာဆင်နယ်နဲ့ပွဲမှာ ရန်းနစ်ဟာ မက်ဂွိုင်းယားကိုအနားပေးတော့မယ်လို့ သိရပါတယ်။
ဗာရိန်းဟာလည်း ဒဏ်ရာကနေသက်သာလာတာကြောင့် မက်ဂွိုင်းယားကိုအနားပေးကာ
ဗာရိန်းနဲ့လင်ဒီလော့ဒ်ဗဟိုခံစစ်အတွဲကို အာဆင်နယ်နဲ့ပွဲမှာ အသုံးပြုလာနိုင်ပါတယ်။
မက်ဂွိုင်းယားဟာ မကြာခင်ကပဲ e mailကတဆင့် ဗုံးနဲ့ခြိမ်းခြောက်ခံထားရတာဖြစ်ပါတယ်။
လီဗာပူးနဲ့ပွဲမှာ မပါဝင်နိုင်တဲ့ ရော်နယ်ဒိုဟာလည်းအာဆင်နယ်နဲ့ပွဲမှာ ပါဝင်နိုင်မယ်လို့ ရန်းနစ်ကအတည်ပြုပေးခဲ့ပါတယ်။
ကွင်းလယ်ခံစစ်ကစားသမားဖြစ်တဲ့ တော်မီနေးဟာလည်း ဒဏ်ရာကသက်သာလာပြီဖြစ်တာကြောင့် အာဆင်နယ်နဲ့ပွဲမှာပါဝင်နိုင်ပါတယ်။
HH