
တောင့်တင်းကျစ်လစ်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး အမြဲစမတ်ကျနေတတ်တဲ့ ပိုင်တံခွန်ကတော့
ဆယ်ကျော်သက် မိန်းမလှလေးတွေရဲ့ သည်းသည်းလှုပ် အားပေးခံရသူလေးလည်းဖြစ်ပါတယ်။
မြန်မာနိုင်ငံက ပရိသတ်တင်မကဘဲ နိုင်ငံခြားက ပရိသတ်တွေ ကြားထဲမှာပါ
အောင်မြင်တဲ့ မင်းသားတလက် အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်နော်။
အလုပ်တွေ ကြိုးစားလုပ်ကိုင်သလို သူရဲ့မိဘနှစ်ပါးအပေါ်မှာလည်း သိတတ်လိမ္မာတဲ့
သားလေးတစ်ယောက် ဖြစ်ပါတယ်။အလှူအတန်းအပြင် ပရဟိတလုပ်ငန်းတွေမှာလည်း
ကိုယ်တိုင်ပါဝင်ကူညီတတ်သူလေးလည်းဖြစ်ပြီး စိတ်သဘောထား ပြည့်ဝတဲ့ သူတယောက်လည်းဖြစ်ပါတယ်။
ဒီနေ့မှာလည်း ပိုင်တံခွန်က လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်လောက်မှာ
သိမ်ကျောင်းဆောက်လုပ်ရန်အတွက် ဦးစီးခဲ့ပေမယ့်လည်းဖမ်းဆီးခံခဲ့ရတာကြောင့်
နှောင့်နှေးခဲ့ရတာဖြစ်ပြီး အခုလက်ရှိပြန်လည်တည်ဆောက်ဖို့အတွက် အလှူငွေကျပ်
သိန်းပေါင်း ၁ ထောင်ကျော်ကို ဆရာတော်အားလွှဲအပ်ပေးခဲ့တာဖြစ်ပါတယ်။
အခုလိုလှူဖြစ်တာနဲ့ ပိုင်တံခွန် က” ၂၀၂၁ခုနှစ်က ကျနော် ဦးစီးခဲ့တဲ့
သိမ်ဆောက်လုပ်ဖို့ အလှူဟာ ကျွန်တော့်ကြောင့်ပဲ နှောင့်နှေးခဲ့ရလို့
ကျွန်တော်နဲ့အတူ ပူးပေါင်း လှူဒါန်းခဲ့တဲ့ အလှူရှင်တွေကို တောင်းပန်ပါတယ် ။
အခု ကျွန်တော် ပြန်ရောက်လာပြီဆိုတော့ ဒီသိမ်ကျောင်း ပြန်လည်
ဆောက်လုပ်ဖို့ နဲ့ အလှူငွေကျပ် သိန်း(၁၁၁၀ ၆၀၈၉၂ ) အတိကို ဘုန်းဘုန်း
အားလွှဲအပ်ပေးဖို့ အတွက် ကျွန်တော်လုပ်နေပါတယ် ” လို့ပြောပါတယ်။
ပရိသတ်ကြီးလည်း အချစ်တော် ပိုင်တံခွန်ရဲ့ သိမ်ကျောင်းဆောင်ဖို့ အလှူလေးကို
သာဓုခေါ်ဆိုနိုင်ရတ်အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
TS